ပျောက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအလောင်းကို မြစ်ကမ်းစပ်မှာရှာတွေ့

ကျောက်တော်၊ သြဂုတ် ၇-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ဆင်အိုးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းမောင်ဟာ သာဒါဆိပ်ကျေးရွာ ရာအိမ်မှူးနဲ့အတူ သြဂုတ်လ ၃ ရက်က ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။   အဲ့ဒီပျောက်ဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အလောင်းကို ကုလားတန်မြစ်ကမ်းစပ် စံပ္ပာယ်လှကျေးရွာအနီးမှာ ဆာလာအိပ်နဲ့ထည့်ပြီးတော့ ပစ်ထားတာကို သြဂုတ်လ ၅ ရက် နေ့လည်ပိုင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “မြစ်ထဲမှာ ဆာလာအိပ်နဲ့ထုတ်ပြီးတော့ ပစ်ထားတာကို ရှာတွေ့ခဲ့တာပါ။ ဘယ်သူတွေက သတ်သွားလဲဆိုတာကိုတော့ မသိဘူး။ သုံးရက်အကြာမှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။   သာဒါဆိပ်ကျေးရွာ ရာအိမ်မှူး ဦးမောင်ဝင်းနိုင်ရဲ့အလောင်းကိုတော့ သြဂုတ်လ ၄ ရက် ညနေပိုင်းက ပေါက်တာပလောင်ရွာအနောက်ဘက် ကုလားတန်မြစ်အတွင်းက ရေလယ်ကျွန်းကမ်းစပ်မှာ ဓါးထိုးသွင်းဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။   အခုလိုမျိုး…

Read More

သွေးလွန်တုပ်ကွေးကြောင့် ဖိလစ်ပိုင်မှာလူ ၆၀၀ ကျော်သေဆုံး၊ အရေးပေါ်အခြေအနေကြေညာ

မနီလာ၊ သြဂုတ်-၇-၂၀၁၉ မျိုးဆက် (VOM)   ဖိလစ်ပိုင်နိုင်ငံမှာ အခုနှစ်အတွင်း ခြင်ကတဆင့်ကူးစက်တဲ့ ရောဂါကြောင့် လူပေါင်း ၆၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် အစိုးရက သွေးလွန်တုပ်ကွေးရောဂါ အရေးပေါ်ကြေညာချက်တစ်ရပ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။   အခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်၂၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါးမှုပေါင်း ၁၄၆၀၀၀ ထက်မနည်းရှိပြီး ဒီအရေအတွက်ဟာ ယမန်နှစ်ကာလတူက ရှိခဲ့တဲ့ နှုန်းထားထက် ၉၈ ရာခိုင်နှုန်း တိုးလာတယ်လို့  ကျန်းမာရေးဌာနက ပြောပါတယ်။   ဒီလို ကူးစက်ရောဂါ အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အရေးပေါ်အာရုံစိုက်ဖို့ လိုအပ်တဲ့  ဒေသတွေကို ရွေးချယ်တွေ့ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   ရောဂါကူးစက်ခြင်းဟာ တုပ်ကွေးရောဂါလို ဖျားနာတာတွေဖြစ်ပွားပေမယ့် တစ်ခါတစ်ရံ အခြေအနေ ပိုမိုပြင်းထန်တယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ  ဇူလိုင်လအတွင်းက သွေးလွန်တုပ်ကွေးရောဂါ အစောပိုင်း သတိပေးကြေညာချက်တစ်ရပ်…

Read More

မိုင်းလားမှာ ဝက်သေဆုံးမှုများနေလို့ ဝက်သားထုတ်ကုန် ရောင်းချမှုတွေကို ပိတ်ထား

မိုင်းလား၊ သြဂုတ် ၇ – ၂၀၁၉ VOM   ၀က်သေဆုံးမှုများပြားလို့ အထူးဒေသ ၄ မိုင်းလားမှာ ၀က်သားနဲ့ဝက်ပေါင်ခြောက်၊ ၀က်အူချောင်းစတဲ့ ၀က်သားထုတ်ကုန် ရောင်းချမှုကို သြဂုတ် ၅ ရက်နေ့ကစလို့ ပိတ်ပင်ထားလိုက်ပြီ ဖြစ်ပါတယ်။   ဒီတစ်ကြိမ် ၀က်တွေသေဆုံးမှုဟာ ပုံမှန်နှစ်တွေနဲ့မတူ၊ သမားရိုးကျ မဟုတ်တဲ့အတွက် အထူးကြပ်မတ် စစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့ မိုင်းလား အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (NDAA) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ရှမ်းအရှေ့ဒေသအတွင်း လတ်တလောမှာ ၀က်တွေ သေဆုံးမှုများလာနေတယ်လို့ ဒေသခံအချို့က ပြောဆိုပြီး ခန့်မှန်းခြေအရ ၀က်ကောင်ရေ အနည်းဆုံး ၈၀၀ ကနေ ၁ ထောင်လောက် သေဆုံးခဲ့ဖွယ် ရှိနေတယ်လို့ ဒေသခံ မွေးမြူရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။   NDAA တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ လာအိုနိုင်ငံမှာဖြစ်နေတဲ့ အာဖရိက၀က်တုပ်ကွေးလို့…

Read More

ဆေးထိုးမှားလို့ ကျောင်းသားတစ်ဦးသေဆုံး

နေပြည်တော်၊ သြဂုတ် – ၇ -၂၀၁၉ ကိုထွန်း(VOM)   ​နေပြည်​​တော်​ ပျဉ်းမနားမြို့ရှိ ပုဂ္ဂလိက​ဆေးရုံတစ်ရုံမှာ ​​ဆေးထိုးမှားလို့ ကျောင်းသားတစ်ဦး သေဆုံးခဲ့တဲ့အတွက် မနေ့ သြဂုတ် ၆ ရက်က အမှုဖွင့်ထားတယ်လို့ ပျဉ်းမနားမြို့မရဲစခန်းက သိရပါတယ်။   “အမှုတော့ဖွင့်ပေးထားတယ်။ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။” လို့ ပျဉ်းမနားမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဩဂုတ်​ ၅ ရက်​​ ညပိုင်းက လယ်​​ဝေးမြို့​နေသူ တတိယနှစ်ကျောင်းသား ကိုငြိမ်းချမ်းအောင်ဟာ ပျဉ်းမနားမြို့မှာရှိတဲ့ အစ်ကိုဖြစ်သူဆီလာတဲ့အချိန် လမ်းမှာ ဆိုင်​ကယ်​​မှောက်​လို့ မေး​စေ့ဒဏ်​ရာရရှိတဲ့အတွက် ပျဉ်းမနားမြို့ရှိ သီရိသုခဆေးရုံမှာ ကုသမှုခံယူခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။   သီရိသုခ​ဆေးရုံကို ရောက်​တဲ့အချိန် ညကိုးနာရီလောက်မှာ ဆရာဝန်​ဖြစ်​သူ​ ဒေါက်​တာရန်​နိုင်​မြင့်​စိုး (၃၅နှစ်​) က ညီဖြစ်​သူ ငြိမ်းချမ်းအောင်ရဲ့ ​မေး​စေ့ဒဏ်​ရာကို ၄ ချက်​ချုပ်​​ပေးခဲ့တယ်လို့…

Read More

ဂျပန်နိုင်ငံမှာ အပူလှိုင်းကြောင့် ကိုးရက်အတွင်း လူ ၆၀ နီးပါးသေဆုံး

တိုကျို၊ သြဂုတ်-၇-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံမှာ အခုနှစ်နွေရာသီအတွင်း အပူလှိုင်းတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အစကတည်းက ကိုးရက်အတွင်း လူ ၆၀ နီးပါးသေဆုံးခဲ့တယ်လို့ ဂျပန်အစိုးရက သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။   အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက်အထက်ရှိတဲ့ အပူလှိုင်းကြောင့် ၂၀၁၉ ခုနှစ်နွေရာသီဟာ မကြုံစဖူး ပူပြင်းခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၉ ရက်နောက်ပိုင်းမှာ အပူလှိုင်းကြောင့် လူ ၅၇ ဦးသေဆုံးပြီး ၁၈၀၀၀ ကျော် ဆေးရုံတင်ထားရတယ်လို့ သြဂုတ် ၆ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။   အပူနဲ့ ဆက်နွှယ်နေတဲ့  ပြသနာတွေကြောင့် ဆေးရုံမှာ ကုသမှုခံယူဖို့ လိုအပ်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သုံးဆရှိလာပြီး လူ ၅၆၀၀ ကနေ ၁၈၃၀၀…

Read More

ရှစ်လေးလုံးရဲ့ ရည်မှန်းချက်တွေပြည့်ဖို့ဘယ်လောက်နီးပြီလဲ၊ ရှစ်လေးလုံးသမိုင်းကို နောက်မျိုးဆက်တွေဘယ်လောက်သိလဲဆိုတဲ့အပေါ် ၈၈ မျိုးဆက်အချို့ရဲ့ပြောဆိုချက်များ

မန္တလေး၊ သြဂုတ် ၇ – ၂၀၁၉ ဖြူဖြူ(VOM)   နိုင်ငံတစ်ဝှမ်းက ရဟန်းရှင်လူ ပြည်သူအများ သွေးချောင်းစီးခဲ့ရတဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ခဲ့တာဟာ သြဂုတ်လ ၈ ရက် (မနက်ဖြန်)မှာဆိုရင် ၃၁ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။   ဒီသမိုင်းအဖြစ်ဆိုးကို နောင်မျိုးဆက်တွေ သိရှိအောင်၊ မမေ့အောင် ခေတ်အဆက်ဆက်အစိုးရတွေက ဖေါ်ဆောင်ဖို့လိုအပ်သလို ၈၈ အရေးတော်ပုံရဲ့ ဘုံရည်မှန်းချက်တွေပြည့်ဝအောင်လည်း အကောင်အထည်ဖော်ဖို့ လိုနေသေးတယ်လို့ ၈၈ မှာ ပါဝင်ခဲ့တဲ့ မန္တလေးမြို့ခံအချို့က ဆိုပါတယ်။   ကျောင်းသင်ခန်းစာတွေ၊ သမိုင်းပြတိုက်တွေ၊ ပြန်တမ်းတွေမှာ ၈၈ လူထုအရေးတော်ပုံရဲ့သမိုင်းအမှန်ကို ဖေါ်ပြပေးဖို့အပြင် ၈၈ လူထုအရေးတော်ပုံနေ့ကို တရားဝင်အသိအမှတ်ပြုရက် သတ်မှတ်ပေးဖို့ကိုလည်း အကြံပြုကြပါတယ်။   ဒီအရေးတော်ပုံကြီးရဲ့ အကျိုးရလဒ်တစ်ခုအဖြစ် အခုအချိန်မှာဆိုရင်တော့ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်းပေါ်လာပြီ ဖြစ်ပါတယ်။ လူထုတင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာရော…

Read More
VOM News

FREE
VIEW