ဆေးထိုးမှားလို့ ကျောင်းသားတစ်ဦးသေဆုံး

နေပြည်တော်၊ သြဂုတ် – ၇ -၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်​​တော်​ ပျဉ်းမနားမြို့ရှိ ပုဂ္ဂလိက​ဆေးရုံတစ်ရုံမှာ ​​ဆေးထိုးမှားလို့ ကျောင်းသားတစ်ဦး သေဆုံးခဲ့တဲ့အတွက် မနေ့ သြဂုတ် ၆ ရက်က အမှုဖွင့်ထားတယ်လို့ ပျဉ်းမနားမြို့မရဲစခန်းက သိရပါတယ်။

 

“အမှုတော့ဖွင့်ပေးထားတယ်။ ကျနော်တို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။” လို့ ပျဉ်းမနားမြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဩဂုတ်​ ၅ ရက်​​ ညပိုင်းက လယ်​​ဝေးမြို့​နေသူ တတိယနှစ်ကျောင်းသား ကိုငြိမ်းချမ်းအောင်ဟာ ပျဉ်းမနားမြို့မှာရှိတဲ့ အစ်ကိုဖြစ်သူဆီလာတဲ့အချိန် လမ်းမှာ ဆိုင်​ကယ်​​မှောက်​လို့ မေး​စေ့ဒဏ်​ရာရရှိတဲ့အတွက် ပျဉ်းမနားမြို့ရှိ သီရိသုခဆေးရုံမှာ ကုသမှုခံယူခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

သီရိသုခ​ဆေးရုံကို ရောက်​တဲ့အချိန် ညကိုးနာရီလောက်မှာ ဆရာဝန်​ဖြစ်​သူ​ ဒေါက်​တာရန်​နိုင်​မြင့်​စိုး (၃၅နှစ်​) က ညီဖြစ်​သူ ငြိမ်းချမ်းအောင်ရဲ့ ​မေး​စေ့ဒဏ်​ရာကို ၄ ချက်​ချုပ်​​ပေးခဲ့တယ်လို့ အစ်ကိုဖြစ်သူ ကိုနိုင်လင်းအောင်က ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။

 

အဲဒီနောက် ဆယ်နာရီထိုးလောက်မှာ ဒေါက်​တာရန်​နိုင်​မြင့်​စိုးကနေ အခြားအမည်​မသိ ဆရာဝန်​တစ်​ဦးကို ဆေးထိုး​ပေးဖို့ ညွှန်ကြားပြောဆိုခဲ့တဲ့အတွက် အဲဒီအမည်​မသိဆရာဝန်​က ကိုငြိမ်းချမ်းအောင်ရဲ့ ယာလက်​​မောင်းကို ဆေးတစ်​လုံး၊ ယာလက်​ဖျံကို ဆေးတစ်လုံးထိုး​ပေးပြီး​နောက်​ လူနာကို မှောက်​ခိုင်းပြီး​ နောက်​ဝဲဘက်​တင်​ပါးကို ဆေးတစ်​လုံးထပ်မံထိုးနေစဉ်​ ပါးစပ်​ကနေ အမြှုပ်​တွေထွက်​လာပြီး​ အဲဒီသီရိသုခ​ဆေးရုံ​ပေါ်မှာပဲ သေဆုံးသွားခဲ့​တယ်လို့ ရဲမှတ်တမ်းက သိရပါတယ်။

 

အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး ​ ထိုး​ဆေးများထိုး​ပေးဖို့ ညွှန်​ကြား​သူ​ ဒေါက်​တာရန်​နိုင်​မြင့်​စိုးနဲ့ ဆေးကိုပေါ့​လျော့စွာ ထိုး​ပေးခဲ့သူ အမည်​မသိဆရာဝန်​(စုံစမ်းဆဲ)တို့ကို အ​ရေးယူ​ပေးဖို့ သေဆုံးသူရဲ့အစ်ကို ကိုနိုင်​လင်း​အောင်​က ဩဂုတ်​ ၆ ရက်​​က ပျဉ်းမနားမြို့မရဲစခန်းမှာ တိုင်တန်းခဲ့ပါတယ်။

 

အဲဒီအတွက်​ (ပ).၅၀၃/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က နဲ့ အမှုဖွင့်​ထားပြီး ဒုရဲအုပ်​ထွန်းထွန်းမင်းက စစ်​​ဆေးနေဆဲဖြစ်ကြောင်း ပျဉ်းမနားရဲစခန်းက သိရပါတယ်။

 

#voiceofmyanmar #နေပြည်တော် #ပျဉ်းမနား #ဆေးထိုးမှားလို့ကျောင်းသားတစ်ဦးသေ

Related posts

Leave a Comment

VOM News

FREE
VIEW