ဂျပန်နိုင်ငံမှာ အပူလှိုင်းကြောင့် ကိုးရက်အတွင်း လူ ၆၀ နီးပါးသေဆုံး

တိုကျို၊ သြဂုတ်-၇-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံမှာ အခုနှစ်နွေရာသီအတွင်း အပူလှိုင်းတွေ အကြီးအကျယ်ဖြစ်ပွားနေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်အစကတည်းက ကိုးရက်အတွင်း လူ ၆၀ နီးပါးသေဆုံးခဲ့တယ်လို့ ဂျပန်အစိုးရက သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

 

အပူချိန် ၉၀ ဒီဂရီဖာရင်ဟိုက်အထက်ရှိတဲ့ အပူလှိုင်းကြောင့် ၂၀၁၉ ခုနှစ်နွေရာသီဟာ မကြုံစဖူး ပူပြင်းခဲ့တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂၉ ရက်နောက်ပိုင်းမှာ အပူလှိုင်းကြောင့် လူ ၅၇ ဦးသေဆုံးပြီး ၁၈၀၀၀ ကျော် ဆေးရုံတင်ထားရတယ်လို့ သြဂုတ် ၆ ရက်မှာ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

 

အပူနဲ့ ဆက်နွှယ်နေတဲ့  ပြသနာတွေကြောင့် ဆေးရုံမှာ ကုသမှုခံယူဖို့ လိုအပ်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က သုံးဆရှိလာပြီး လူ ၅၆၀၀ ကနေ ၁၈၃၀၀ အထိတိုးမြင့်လာတယ်လို့  ဂျပန်နိုင်ငံ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ထုတ်ပြန်ပါတယ်။

 

ကူမဂါယာနဲ့ အိုင်ဆီဆာကီမြို့တွေမှာ သြဂုတ် ၆ ရက်က အပူချိန်ဟာ  ၁၀၁ ဒီဂရီဖာရင်ဟိုက် အထိရောက်ရှိနေပြီး ဖူကူရှီးမားနဲ့  အိုဆာကာမြို့တွေမှာတော့  အပူချိန် ၉၈ ဒီဂရီဖာရင်ဟိုက်နဲ့ တိုကျိုမြို့မှာ ၉၅ ဒီဂရီဖာရင်ဟိုက်အထိ ရှိနေပါတယ်။

 

ဂျပန်နိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ တိမ်ကင်းစင်နေတဲ့အတွက် အပူချိန်ပိုမိုတိုးလာတာဖြစ်သလို အနောက်ကမ်းရိုးတန်းတစ်လျှောက် အချို့နေရာတွေမှာ အပူပိုင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးရွားသွန်းတာကြောင့် အပူချိန်ပြန်လည်ကျဆင်းလာတယ်လို့ ဂျပန်မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။

 

Ref : UPI

Photo : AP

 

#voiceofmyanmar #ဂျပန် #တိုကျို #အပူလှိုင်းကြောင့်သေဆုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW