အိပ်နေစဉ် လက်နက်ကြီးကျည်စထိမှန်လို့ တပ်ကြပ်ကြီးတစ်ဦး သေဆုံး

မင်းပြား၊ သြဂုတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည်စထိမှန်လို့ နေအိမ်မှာ အိပ်နေတဲ့ တပ်မတော်သား တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး ဇနီးသည်ဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။   အဲ့ဒီပစ်ခတ်မှုဟာ မနေ့ သြဂုတ်လ ၁၉ ရက် ည ၉ နာရီလောက်မှာ မင်းပြားမြို့အခြေစိုက် အမှတ် ၃၈၀ တပ်ရင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆင်ကြီးပြင်ကျော်လမ်း ဥယျာဉ်ခင်းထဲက တဲအိမ်မှာမိသားစုနဲ့အတူ အိပ်နေတဲ့ တပ်မတော်သား တပ်ကြပ်ကြီး ဦးလှထွန်းနဲ့ဇနီးကို လက်နက်ကြီးကျည်စထိမှန်ခဲ့တာလို့ မိသားစုဝင်တွေဆီက သိရပါတယ်။   “မနေ့က ည ၉ နာရီလောက်မှာ လက်နက်ကြီးပစ်သံကို စကြားရတယ်။ ပစ်ပစ်ချင်းပါပဲ ဘယ်လောက်မှ မကြာဘူး၊ ကျည်စက အိမ်မှာအိပ်နေတဲ့ ကျနော့်ယောက်ဖနဲ့ ကျနော့်အစ်မကို ထိတယ်။ ယောက်ဖမှာက ဆီးခုံပေါက်သွားတယ်။ အစ်မှာလည်း ဒဏ်ရာတွေရသွားတယ်။…

Read More

ကျောက်တော်မြို့နယ်အတွင်းမှာ ရဲကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ကျောက်တော်၊ သြဂုတ် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက ကျောက်တော်မြို့နယ်မှာ ဒီနေ့ သြဂုတ်လ ၂၀ ရက် မနက်ပိုင်း ၁၀ နာရီခွဲလောက်က ရဲတပ်ဖွဲ့ကားတန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။   အဲ့ဒီကားတန်းဟာ လုံ/ထိန်းရဲတပ်ဖွဲ့က ကားတန်းဖြစ်ပြီး ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အကြားက ဒေးဝန်းရွာနဲ့ ဆောင်းဒုံကျေးရွာအကြားမှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ကျောက်တော်ဒေသခံတွေက ပြောပါတယ်။   “မိုင်းပေါက်တယ်ဆိုတာတော့ ကြားပါတယ်။ ဒီမှာက အွန်လိုင်းလည်းမရဘူးဆိုတော့ ဘယ်လိုဖြစ်တယ်ဆိုတာကို မသိရဘူးဗျ။ သတင်းကြားတာကတာ့ ဒေးဝန်းရွာနားမှာ ရဲတပ်ဖွဲ့ကားတန်းလာတဲ့အချိန်မှာ ပေါက်ကွဲတယ်လို့ပဲ သိရပါတယ်။”လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။   အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အဲ့ဒီတိုက်ခိုက်မှုဟာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ AA တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။   “မနက်ပိုင်း…

Read More

မိုင်းခွဲခံခဲ့ရတဲ့ ဂုတ်တွင်းတံတားနေရာမှာ အသစ်တည်ဆောက်ထားတဲ့ ဘေလီတံတားကနေ ဖြတ်သန်းသွားလာနိုင်ပြီ

နောင်ချို၊ သြဂုတ် ၂၀ -၂၀၁၉ ဖြူဖြူ(VOM)   ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ နောင်ချိုမြို့နယ်ထဲက ဂုတ်တွင်းတံတားနေရာမှာ ပြန်လည်တည်ဆောက်ထားတဲ့ ယာယီဘေလီတံတားကနေ ဒီနေ့ သြဂုတ်၂၀ ရက် နေ့လည်ကစပြီး ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။   “တံတားပြီးစီးပြီလို့တော့ ကြားပါတယ်။ ဒါပေမယ့် သွားရေးလာရေး အဆင်ပြေမပြေက ရှိသေးတော့ ခုတော့ မတက်ရဲသေးပါဘူး။ စစ်ရေးအခြေအနေ ငြိမ်မငြိမ်က အတိအကျမသိရသေးဘူး။ တံတားပျက်သွားတာကြောင့်တော့ အတော်လေးဒုက္ခရောက်ရပါတယ်။” လို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးကို သွားလာလုပ်ကိုင်နေတဲ့ စစ်ကိုင်းတိုင်းက ကျွဲ၊ နွားကုန်သည်တစ်ဦးက ပြောပါတယ်။   ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ဂုတ်တွင်းလမ်းဘက်မှာ သြဂုတ် ၁၅ ရက်က ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေရှိခဲ့သလို လမ်းတံတားတွေလည်း မိုင်းခွဲဖျက်စီးခံခဲ့ရတာပါ။   ဂုတ်တွင်းတံတား မိုင်းခွဲခံခဲ့ရမှုကြောင့် တရုတ်ပြည်၊ နယ်စပ်ကုန်သွယ်ရေးဘက် ဆက်သွယ်နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ရသလို ရှမ်းပြည်နယ်ဘက်ကိုသွားလာနေတဲ့ ခရီးသွားတွေလည်း…

Read More

လာအိုမှာ တရုတ်ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲထိုးကျ ၁၃ ဦးသေဆုံး

ဗီယင်ကျန်း၊ သြဂုတ်-၂၀-၂၀၁၉ မျိုးဆက် (VOM)   လာအိုနိုင်ငံမှာ တရုတ်ခရီးသွားတွေကို တင်ဆောင်လာတဲ့  ဘတ်စ်ကားတစ်စီးဟာ လမ်းချော်ပြီး မီတာ ၃၀ အနက်ရှိ ချောက်အတွင်း တိမ်းမှောက်သွားလို့ တရုတ်လူမျိုး ၁၃ ဦးသေဆုံးသွားပြီး လူဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့  သြဂုတ် ၂၀ ရက်မှာ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဘတ်စ်ကားတိမ်းမှောက်မှုဟာ သြဂုတ် ၁၉ ရက်နှောင်းပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၄၀ ကျော်ကိုတင်ဆောင်လာတဲ့ အဲဒီကားဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ သွားရောက်လေ့ရှိတဲ့ လောင်ပရာဘန်မြို့ကို ဦးတည်သွားရောက်ခဲ့တာ ဖြစ်ပါတယ်။   လက်ရှိအချိန်ထိ သေဆုံးသူ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားပြီး နှစ်ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့  ရဲအရာရှိတစ်ဦးဖြစ်သူ ဇိုင်ယာဖုန်ချီတာဗောင်က ပြောပါတယ်။ ဒီမတော်တဆမှုဟာ  ဘတ်စ်ကားရဲ့  ဘရိတ်ချို့ယွင်းသွားတာကြောင့်လို့ ဆိုပါတယ်။   ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၃၁…

Read More

ဆဲဗင်းဇူလိုင်​ ချီတက်​အ​လေးပြုမှုနဲ့ ပတ်သက်​ပြီး တရားစွဲခံရ​တဲ့​ကျောင်းသားနှစ်​ဦးကို ​ထောင်​ ၇ ရက်​ချ

ရန်​ကုန်​၊ သြဂုတ်​ ၂၀ – ၂၀၁၉ သူရိန်(VOM)   ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ဒိုင်းနမိုက်နဲ့ ဖြိုခွင်းခံခဲ့ရတဲ့နေ့အတွက် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်​ ချီတက်​အ​လေးပြုမှုနဲ့ပတ်သက်​ပြီး တရားစွဲခံရ​တဲ့​ကျောင်းသားနှစ်ဦးကို ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇ ရက်ချမှတ်လိုက်ပါတယ်။   ကျောင်းသားခေတ် သတင်းဂျာနယ် အယ်တီတာချုပ် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဇင်မင်းဖြိုးနဲ့ သုတေသနနဲ့ မူဝါဒရေးရာကော်မတီ တာဝန်ခံ ကိုမင်းဟန်ထက်တို့ကို ဇူလိုင်​ ၁၄ ရက်က လှိုင်မြို့နယ် ရဲစခန်းကနေ ဆင့်ခေါ်စာ​ပေးပို့ခဲ့ပြီး ဇူလိုင်​ ၁၈ ရက်က လှိုင်မြို့နယ်တရားရုံးမှာ အမှုစစ်ဆေးခဲ့ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ(ငြိမ်းစုစီ)ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပါတယ်။   “အခုလို တရားစွဲခံရတာ​တွေ ဖြစ်​တာဟာ အာဏာမျှခြေ မညီမျှလို့ ဖြစ်​တာပါ။ အာဏာမျှခြေညီမျှဖို့…

Read More

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓါးထိုးခံရ

ကျောက်တော်၊သြဂုတ်၂၀-၂၀၁၉ ခိုင်လင်းစံ (VOM)   မနေ့ကညနေပိုင်းက  ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစောသန်းလွင်ဟာမနေ့သြဂုတ်လ၁၉ရက်နေ့ညနေ၅နာရီ၃၀အချိန်ခန့်မှာ ကျောက်တော်မြို့ကမ်းနားလမ်းသင်္ဘောဆိပ်အနီးဆိပ်ကမ်းအာဏာပိုင်ရုံးရှေ့ကိုရောက်ရှိနေစဉ်လူသုံးယောက်ကဓါးနဲ့ထိုးသွားခဲ့တာဖြစ်ပါတယ်။   “ကျွန်တော်တို့လည်းသတင်းပဲကြားတာပါ။မြင်လိုက်တာတော့မဟုတ်ဘူး။မြို့နယ်မှူးကအဲ့ဒီကမ်းနားလမ်းကိုရောက်နေတဲ့အချိန်လူသုံးယောက်ကဓါးနဲ့ထိုးပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါဏ်ရာတွေကတော့ပြင်းထန်တဲ့အတွက်သတိစ်လစ်သွားတယ်။တချို့ကလည်းသေပြီလို့သတင်းတွေထွက်နေတယ်။သေမသေတော့အသေချာမသိဘူး။”လို့ကျောက်တော်မြို့ခံတစ်ဦးကပြောပါတယ်။   ဒါ့အပြင်ထိုးသွင်းဒဏ်ရာပြင်းထန်တဲ့အတွက်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောသန်းလွင်ကိုမနေ့ညနေပိုင်းကကျောက်တော်ဆေးရုံမှာအရေးပေါ်ဆေးကုသမှုပြုလုပ်ခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာစစ်တွေဆေးရုံကိုပြောင်းရွှေ့ယူလာခဲ့တယ်လို့သိရပါတယ်။   “မြို့နယ်မှူးကိုတချို့သတင်းဌာနတွေမှာဆုံးသွားပြီဆိုပြီးတော့ရေးထားတာတွေ့တယ်။ကျွန်တော်တို့ကြားတာကဒီကနေ့မနက်ပိုင်း၆နာရီလောက်ကစစ်တွေဆေးရုံကိုပြောင်းသွားတယ်လို့သိရပါတယ်။ဆေးရုံကလူနာတင်ကားနဲ့ယူသွားတာလို့ကြားပါတယ်။”လို့ကျောက်တော်ဒေသခံဦးမောင်ကျော်သာကပြောပါတယ်။   အဲ့ဒါနဲ့ပတ်သက်လို့ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးဆီကိုဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ဖုန်းလက်ခံပြောဆိုတာမရှိတဲ့အတွက်အခြေအနေမှန်ကိုမသိရှိရသေးတာဖြစ်ပါတယ်။   မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစောသန်းလွင်ကိုဓါးနဲ့ထိုးသတ်သွားခဲ့တဲ့သူတွေဟာထွက်ပြေးသွားတဲ့အတွက်ဘယ်သူတွေ၊ဘယ်အဖွဲ့အစည်းကဆိုတာကိုမသိရရှိရသေးကြောင်းနဲ့ဖမ်းဆီးနိုင်ရေးအတွက်ရဲတပ်ဖွဲ့ကရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။   #voiceofmyanamar #ရခိုင်ပြည်နယ် #ကျောက်တော် #ရဲတပ်ဖွဲ့မှူးဓါးထိုးခံရ  

Read More

YBS ဘတ်စ်ကားမှတ်တိုင်ကဆိုင်ခန်းတွေမှာဆေးလိပ်နဲ့ကွမ်းယာရောင်းချခွင့်မပေး

ရန်ကုန် -သြဂုတ် ၂၀-၂၀၁၉ သိဂီင်္(VOM)   YBS ဘတ်စ်ကားမှတ်တိုင်တွေမှာတည်ဆောက်ငှားရမ်းပေးမယ့်ဆိုင်ခန်းတွေမှာဆေးလိပ်နဲ့ကွမ်းယာရောင်းချခွင့်မပေးဘူးလို့ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကပြောဆိုလိုက်ပါတယ်။   အဲ့ဒီဆိုင်ခန်းတွေကငါးပေပတ်လည်အကျယ်ရှိမှာဖြစ်ပြီးတစ်ခန်းအတွက်ကုန်ကျငွေကသိန်း၂၀ဝန်းကျင်ရှိနိုင်တယ်လို့သိရပါတယ်။ ဒီဈေးဆိုင်တွေမှာဖုန်းဘေကတ်၊ငွေဖြည့်ကတ်၊အဆာပြေစားသုံးနိုင်မယ့်စားစရာမုန့်တွေရောင်းချနိုင်မှာဖြစ်ပါတယ်။   “ကွမ်းယာနဲ့ဆေးလိပ်ကိုတော့ပေးမရောင်းဘူး။အားသွင်းဖို့အတွက်ဘောက်လေးတွေလဲထည့်ပေးထားမယ်။အဲဒီနေရာမှာWifi ဟာမျိုးလည်းလွှင့်ပေးမယ်။လုပ်ချင်တဲ့သူတွေများတယ်။ စိတ်ဝင်စားတဲ့သူတွေမည်သူမဆိုလာရောက်ဖွင့်လှစ်လို့ရပါတယ်။ဒါကိုလျှောက်ထားလို့ရပါတယ်။”မြို့တော်ဝန်ကပြောပါတယ်။   ဒီဆိုင်ခန်းတွေကိုရန်ကုန်တိုင်းအတွင်းပြန်လည်အဆင့်မြှင့်တင်ထားတဲ့ဘတ်စ်ကားမှတ်တိုင်ဘေး  ပလက်ဖောင်းတွေပေါ်မှာ  ထားရှိသွားမှာဖြစ်တယ်လို့သြဂုတ်၁၉ရက်နေ့ကပြုလုပ်ခဲ့တဲစာနယ်ဇင်းရှင်းလင်းပွဲမှာမြို့တော်ဝန်ကပြောဆိုခဲ့တာပါ။   အဓိကမကြာခင်YBS ကဒ်စနစ်စတင်အကောင်အထည်ဖော်တော့မှာဖြစ်တဲ့အတွက်အများပြည်သူYBS ကတ်ဝယ်ယူရာမှာလွယ်လွယ်ကူကူအဆင်ပြေချောမွေ့စေဖို့ကိုအဓိကထားတာဖြစ်တယ်လို့လည်းရှင်းလင်းပြောဆိုခဲ့ပါတယ်။   ”အဲဒီဆိုင်တွေကစိတ်ဝင်စားတဲ့သူပေါ့၊ကြက်ခြေနီ၊ကင်းထောက်၊ပရဟိအဖွဲ့တွေတင်မကပါဘူး။စိတ်ဝင်စားတဲ့သူတွေဖွင့်မယ်ဆိုငှားပါ့မယ်။အဲ့ဆိုင်လေးတစ်ဆိုင်ကသိန်း၂၀လောက်တော့ကြပါတယ်။ငှားမယ်ဆိုလျှောက်လို့ရပါတယ်။အရေအတွက်ကန့်သတ်ချက်တော့မရှိပါဘူး။YBS ကဒ်စနစ်အသုံးပြုလာရင်လဲပိုက်ဆံထည့်ရင်ပဲဖြစ်ဖြစ်  ကဒ်ပြားကိုလွယ်လွယ်ကူကူဝယ်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်လဲပါပါတယ်။၂၄နာရီဖွင့်ဖို့အထိတော့မစဉ်းစားထားပါဘူး။ငှားတဲ့သူဖွင့်နိုင်သလောက်ပဲဖွင့်ဖို့စဉ်းစားထားတယ်”လို့  ရန်ကုန်မြို့တော်စည်ပင်သာယာရေကော်မတီအဖွဲဝင် ဒေါ်မေမေသွယ်က ဆိုပါတယ်။   အထက်ပါဆိုင်ခန်းတွေကိုအတက်အဆင်းများတဲ့Bus ကားမှတ်တိုင်တွေမှာဖွင့်လှစ်ပေးသွားမှာဖြစ်ပြီးမြေငှားရမ်းခနှုန်းထားကိုမသတ်မှတ်ရသေးဘူးလို့လည်းသိရပါတယ်။   လက်ရှိမှာတော့တိုင်းအတွင်းအဆင့်မြှင့်တင်ထားတဲ့ဘတ်စ်ကားမှတ်တိုင်ပေါင်း၁၈၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။ #voiceofmyanmar #YBS #ရန်ကုန်  

Read More

ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးဆို

ဟောင်ကောင်၊ သြဂုတ်-၂၀-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာဟာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့အတွက် စတင်အားထုတ်မှုတစ်ရပ်ဖြစ်ပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ကာ ရဲတပ်ဖွဲ့အပေါ် တိုင်ကြားမှုတွေကိုလည်း ကိုင်တွယ်သွားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။   အကြမ်းဖက်ဆန္ဒပြမှုတွေ မကြာခဏဆိုသလိုဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ သီတင်းပတ် ၁၁ ပတ်တိုင်အောင်ဖြစ်ပေါ်ခဲ့ပြီး တနင်္ဂနွေနေ့ကတော့ ဆန္ဒပြသူ သိန်းပေါင်းများစွာဟာ မိုးထဲရေထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။   ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးပြီး လက်ရှိမှာ တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးကို တရားခံလွှဲပြောင်းခွင့်ပြုရမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းတစ်ရပ်ကြောင့်  ဇွန်လကစပြီး ဟောင်ကောင်ပြည်သူတွေ အမျက်ဒေသထွက်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အဲဒီဥပဒေကြမ်းကို ဆိုင်းငံ့ထားပါတယ်။   လွတ်လပ်စွာ တရားစီရင်ခွင့်နဲ့ ဆန္ဒပြခွင့်များအပါအ၀င်…

Read More

ဖခင်က အသက်မပြည့်သေးတဲ့သမီးအရင်းကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြု

နေပြည်တော်၊ သြဂုတ် ၂၀-၂၀၁၉ ကိုထွန်း(VOM)   နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်နေ ဦးဝင်း(အမည်လွဲ)ဆိုသူက KG တန်းတက်နေတဲ့ သမီးအရင်းဖြစ်သူကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာ ပြုလုပ်ခဲ့လို့ဆိုပြီး အမှတ် ၆ နယ်မြေရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။   “ကျနော်တို့ ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်။” လို့ အမှတ် ၆ နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဖြစ်စဉ်မှာ  သြဂုတ် ၁၃ ရက် ညနေငါးနာရီးဝန်းကျင်က ဦးဝင်း(အမည်လွဲ)ဟာ ဇနီးဖြစ်သူမရှိခိုက် နေအိမ် အိပ်ခန်းကုတင်မှာ အသက်မပြည့်သေးတဲ့ သမီးရင်းရဲ့ မိန်းမကိုယ်ကို လက်နဲ့မဖွယ်မရာပြုလုပ်ခဲ့ပါတယ်။ ကျောင်းပို့ချိန်မှာ ကလေးငယ်ဆီးအောင့်နေလို့ဆိုပြီး မပို့ဘဲ သေးခံအဝတ်တွေ ဝတ်ဆင်ပေးထားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။   အဲဒီနောက် သြဂုတ် ၁၈ ရက် ညဆယ်နာရီခွဲခန့်မှာ မိခင်ဖြစ်သူက ကလေးကိုကြည့်ရှုရာကနေ သွေးစအနည်းငယ်တွေ့ရတဲ့အတွက် ကလေးအထူးကုဆရာဝန်ထံ…

Read More
VOM News

FREE
VIEW