တမူး၊ သြဂုတ် ၂၂ – ၂၀၁၉
မြတ်ပြည့်မော်(VOM)
အိန္ဒိယ-မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ မိုးရေးမြို့အတွင်းမှာ မြန်မာပို့ကုန်တွေအပေါ် ကန့်သက်ချက်များစွာ ပြုလုပ်နေတဲ့ နယ်ခြားစောင့်တပ်ကို ပြောင်းရွှေ့ပေးဖို့ဆိုပြီး ရာနဲ့ချီတဲ့ မိုးရေးပြည်သူတွေဟာ မနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းကတည်းကနေ ဒီနေ့ ၂၂ ရက်အထိ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ဒီဆန္ဒထုတ်ဖော်မှုမဖြစ်ခင် မိုးရေးမြို့အတွင်းရှိတဲ့ ရဲတပ်ဖွဲ့ကနေ စစ်တပ်ကိုသွားရောက်ပြီး ပြည်သူနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပေးဖို့ မြို့သူမြို့သားတွေ စုပြီးအစီးအဝေးလုပ်တဲ့ (HTC ) မိုးရေးမြို့မရုံးခန်းမှာ ချိန်းဆိုခဲ့ပေမယ့် လာရောက်တွေ့ဆုံတာ မရှိတဲ့အတွက် ပြည်သူရဲ့ဆန္ဒကို အလေးမထားတာဆိုပြီး မနေ့ မနက် ၆ နာရီမှာ 43 /AR စစ်တပ်ရှေ့ကနေ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
“မိုးရေးမြို့ဟာ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ပို့ကုန်အများစုကို အားထားရပြီး ဝင်ရောက်လာတဲ့ ပို့ကုန်အပေါ် တားမြစ်မှု၊ ပိတ်ပင်မှုတွေများလာပြီး အရင်အဖွဲ့အစည်းတွေလို ယခုပြောင်းရွှေ့လာတဲ့အဖွဲ့ဟာ ပြည်သူ့ စားဝတ်နေရေးကို ကာကွယ်ခြင်း မဟုတ်ဘဲ ပိတ်ဆို့တားစီးမှုတွေ လုပ်လာလို့ ပြည်သူလူထူရဲ့ စားဝတ်နေရေး အကျပ်အတည်းများကြောင့် ဆန္ဒပြရခြင်းဖြစ်တယ်။” လို့ ကုန်သည် တစ်ဦးဖြစ်သူ မကင်ကင်းက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ အခုပြောင်းရွှေ့လာတဲ့ 43/AR စစ်တပ်အလိုမရှိ၊ 43/AR စစ်တပ် ချက်ချင်းပြောင်းပေး၊ ပြည်သူနဲ့တွေ့ဆုံမှု မရှိတဲ့စစ်တပ် အလိုမရှိဆိုပြီး ကြွေးကြော်ခဲ့ကြသလို မြို့အနှံ့ ရပ်ကွက်အလိုက်မှာ ဆန္ဒထုတ်ဖော်နေကြတာပါ။
ဒ်ီနေ့ ညနေအထိ စစ်တပ်က ပြည်သူနဲ့လာရောက်ညှိနှိုင်းခြင်း မပြုလုပ်ပါက မြန်မာနဲ့ အိန္ဒိယကို ဖြတ်သန်းခွင့်ပေးနေတဲ့ ဂိတ် ၁ နဲ့ ဂိတ် ၂ နှစ်ခုလုံးကို ဆက်လက်ပိတ်သွားမှာဖြစ်ပြီး ပြန်ဖွင့်ဖို့အတိအကျ မပြောနိုင်သေးဘူးလို့လည်း သိရပါတယ်။
“ဒီလို ဆန္ဒပြခြင်းကြောင့် လမ်းပိတ်တာကို တမူးပြည်သူ၊ ပြည်သားကော မိုးရေးမြို့ရှိ ပြည်သူကော အကျိုးရှိတဲ့ ရလဒ်ကောင်းတွေ ထွက်လာဖို့မျှော်လင့်တယ်။”လို့ မြန်မာ အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ဥက္ကဋ္ဌ ဦးချိုက ပြောပါတယ်။
#voiceofmyanmar #အိန္ဒိယ #မြန်မာ #မိုးရေး #