လန်ဒန်၊ စက်တင်ဘာ-၁-၂၀၁၉
မျိုးဆက် (VOM)
အီးယူမှ ဗြိတိန်နှုတ်ထွက်ရေး ဘရီဇစ်ဆိုင်ရာ အကြပ်အတည်းကြောင့် ပါလီမန်ဆိုင်းငံ့ဖို့ ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ဗြိတိန်နိုင်ငံတစ်ဝန်း ပြုလုပ်နေကြပါတယ်။
မန်ချက်စတာ၊ လိဒ်၊ ယော့ခ်နဲ့ ဘဲလ်ဖက်စ်မြို့တွေအပါအဝင် အခြားမြို့တွေရဲ့ လမ်းတွေပေါ်မှာ လူထောင်ပေါင်းများစွာ ဆန္ဒပြနေကြပါတယ်။ လန်ဒန်မြို့လယ်ခေါင်နေရာတွေမှာလည်း ဆန္ဒပြသူတွေက ဘောရစ်ဂျွန်ဆင် အရှက်တရားရှိဖို့ အော်ဟစ်ကြွေးကြော် ဆန္ဒပြနေကြပါတယ်။
ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို ထောက်ခံပြီး တန်ပြန်ဆန္ဒပြတဲ့ အဖွဲ့ငယ်တစ်ခုဟာလည်း ဝက်မင်စတာသို့ ရောက်ရှိနေတယ်ပါတယ်။ မစ္စတာဂျွန်ဆင်ရဲ့ လွှတ်တော်ဆိုင်းငံ့တဲ့ အစီအစဉ်ဟာ သဘောတူညီမှုမရဘဲ အီးယူကနေ ဗြိတိန်နှုတ်ထွက်ရေး ဆန့်ကျင်သူတွေနဲ့ ပါလီမန်အမတ်တွေဆီကနေ ဒေါသတကြီးတုံ့ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
မျှော်မှန်းထားတဲ့ အတိုင်းပါလီမန်အစည်းအဝေးတွေ ရပ်ဆိုင်းဖြစ်မယ်ဆိုရင် ပါလီမန်ရဲ့ အလုပ်လုပ်ရက်ကို၂၃ရက်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။ အီးယူကနှုတ်ထွက်ဖို့နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်မတိုင်မီ သတင်းပတ်အနည်းငယ်အလိုမှာ ဖြစ်ပေါ်လာတဲ့ ပါလီမန်ရပ်ဆိုင်းမယ့် အချိန်ကာလနဲ့ နေ့ရက်ဟာ အငြင်းပွားဖွယ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ရှုမြင်ထားပါတယ်။
Ref : BBC
Photo : Getty Images
#voiceofmyanmar #ဗြိတိန် #ဘောရစ်ဂျွန်ဆင်