ပဲခူး စက်တင်ဘာ ၁-၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း ပဲခူးမြို့ ရပ်ကွက်ကြီး(၇) ဗိုလ်မင်းရောင်လမ်းမတန်းနဲ့ မေတ္တာလမ်းကြားက ပဲခူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငယ်တန်းစာရေးနေအိမ်ကနေ မနေ့ ညနေ ၃နာရီကWYစိတ်ကြွမူးယစ်ဆေးဝါး ၉၅၀ ဖမ်းမိခဲ့တယ်လို ပဲခူး အမှတ်(၃)နယ်မြေရဲစခန်း ကသိရပါတယ်။
ပဲခူး မူးယစ်စုတပ်ဖွဲ့(၃၆)မှဒုရဲအုပ် တင်ကိုကိုလတ် ဦးစီးပြီး ရပ်ကွက်ကြီး(၇)ဗိုလ်လရောင်လမ်းက ရာအိမ်မှူး ဦးသစ်လွင်ဦး တို့ဟာ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချနေတဲ့သတင်းအရ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အငယ်တန်းစာရေး ကိုခန့်ဇင်ထူး(ခ)ကိုခန့်ရဲ့နေအိမ်ကို ရှာဖွေခဲ့တယ်လို့ ရဲမှတ်တမ်း မှာဖော်ပြထားပါတယ်။
`အိမ်မှာ ကိုခန့် နဲ့သိန်းဦးကို တွေ့တယ် ဆက်ပြီးရှာဖွေကြတော့ ကိုခန့်အိပ်တဲ့အိပ်ခန်းထဲက မွေ့ယာပေါ်မှာ အနက်ရောင်စက္ကူဘူးထဲကနေ WYစိတ်ကြွ ဆေးပြား ၁၅၀ပြားတွေ့တယ် ခေါင်းရင်းဘက်က မွှေးပွရုပ်ထဲမှာ WY စိတ်ကြွ ဆေးပြား ၂၀၀စီထည့်ထားတဲ့ အထုပ်လေးထုပ်တွေ့ရတယ်လို့´အမှတ် ၃ နယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မူးယစ်ဆေးဝါး အသုံးပြုရာမှာသုံးတဲ့ ရောင်စုံဂက်မီးခြစ်လေးလုံး ရောင်စုံအအေးစုပ်တဲ့ပိုက် ၆ချောင်း ငွေရောင် ခဲစက္ကူ မွေ့ယာပေါ်မှာမြန်မာငွေစက္ကူကျပ် သုံးသောင်း Redmi ဆင်းကဒ်နှစ်ခုပါ ဖုန်းတစ်လုံးတို့ကိုလည်း ရှာဖွေတွေ့ခဲ့တယ်လို့ဆိုပါတယ်။
WYစိတ်ကြွ မူးယစ်ဆေးဝါး အပြား(၉၅၀)အလေးချိန် (၉၅)ဂရမ်ရှိ မူးယစ်ဆေးဝါး များလက်ဝယ်တွေ့ရှိတဲ့ အသက် ၂၅နှစ်ရှိ ထွေအုပ် အငယ်တန်းစာရေး ကိုခန့်ဇင်ထူး (ခ)ကိုခန့်နဲ့ ပဲခူးမြို့ရပ်ကွက်ကြီး(၃)နေ အသက် ၂၅နှစ်ရှိ ကိုသိန်းဦးတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် ပြီး (ပ)၉/၂၀၁၉နဲ့ အရေးယူဖို့ ဆောင်ရွက်နေတယ်လို အမှတ် ၃ နယ်မြေရဲစခန်း ကသိရပါတယ်။
#voiceofmyanmar #ပဲခူး #ထွေအုပ် #wy #မူးယစ်ဆေးမိ