ဖမ်းဆီးတရားစွဲခံရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဌ ကျန်းမရေးအယူခံအတွက်တင်ပြတဲ့ ဆရာဝန်ကို တရားရုံးကလက်မခံ

ပုသိမ် စက်တင်ဘာ ၄-၂၀၁၉

ကိုအောင်(VOM)

 

ငွေကြေးအလုံးသုံးစားမှုနဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း ဒုတိယလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်က တင်ပြထားတဲ့ဆရာဝန်ကို ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပြီး လက်ရှိကုသပေးနေတဲ့ ထောင်ဆရာဝန် ဒါမမဟုတ် ပုသိမ်ဆေးရုံမှာ ကုသပေးတဲ့ဆရာဝန်ကိုသာ ရုံးတော်ကိုခေါ်ယူဖို့တင်ပြတဲ့အတွက် တရားသူကြီးက ခုလိုအမိန့်ချမှတ်ခဲ့တာပါ။

 

ဒီကိစ္စအတွက် ဦးစံမင်းအောင်ရဲ့ရှေ့နေ ဦးခင်မောင်ဦး က

 

“ကျွန်တော်အမူသည်က ငွေကြေးနဲ့ပတ်သက်ပြီး စွဲခံနေရတာ အာမခံရမှ စာရင်းဇယားနဲ့ဖြေရှင်းရမှာ အချုပ်ကလွှတ်ပေးသင့်တယ်ထင်တယ် ဒါမှတရားမျှတမူရှိမှာ”လို့ ဆိုပါတယ်။

 

တရားရုံးကတော့ စက်တင်ဘာ ၁၁ရက်နေ့ကိုပြန်လည်ချိန်းဆိုပီး ၁၉ရက်နေ့မှာ တရားလိုဘက်က သက်သေတွေကိုစတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်းလွှတ်တော်ရုံးက ဒုညွှန် ဦးဇော်မင်းထွန်းရဲ့ တရားလိုပြုတိုင်ကြားမှုကြောင့် အမှု့ရင်ဆိုင်နေရတာပါ ။ ဒီအမှုကို ၉ လအတွင်း အပြီးစစ်ဆေးသွားမယ်လို့ သိရပါတယ် ။

 

#voiceofmyanmar #ဧရာဝတီတိုင်းဒုလွှတ်တော်ဥက္ကဋ္ဌ

Related posts

Leave a Comment

VOM News

FREE
VIEW