ပုသိမ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေ တောင်းဆိုချက်တွေညှိနိုင်းပြေလည်

ပုသိမ် စက်တင်ဘာ ၄-၂၀၁၉ ကိုအောင် (VOM)   ပုသိမ်စက်မူဇုံမှာရှိတဲ့မြန်မာနစ်တင်းMya nmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံမှာ၂ရက်နေ့ကစတင်ခဲ့တဲ့ဆန္ဒပြပွဲဟာ ဒီနေ့တတိယမြောက်နေ့မှာပဲပြေလည်မူရရှိခဲ့ပါတယ်။   အလုပ်သမားတွေဟာ တောင်းဆိုချက် ၄၅ ချက်ကို တောင်းဆိုတာမှာ စက်ရုံဘက်က ၃၉ချက်လိုက်လျောပေးပြီးပေမယ့်ကျန်တဲ့၆ချက်ကိုမပေးတာကြောင့် အလုပ်သမားတွေက ဆက်လက်ဆန္ဒဖော်ထုတ်နေခဲ့ကြတာဖြစ်ပါတယ်။   စက်ရုံဘက်တာဝန်ရှိသူတွေနဲ့ အလုပ်သမားခေါင်းဆောင်တွေ မနက် ၁၀နာရီခွဲမှာ ထပ်မံညှိနိုင်းခဲ့ကြပြီး ညနေ၄နာရီအချိန်မှာ အချက်အားလုံး သဘောတူခဲ့တယ်လို့ ညှိနိုင်းရေးအဖွဲ့မှာပါဝင်တဲ့ စက်မူဇုန်ဖော်ဆောင်ရေးအဖွဲ့ တာဝန်ခံ ဦးအေးမင်းလတ်က “အားလုံးပြေလည်ပီ အကုန်လုံးလိုက်လျှောပေးလိုက်ပါပီ သူတို့လည်းကျေနပ်ပါတယ်”ပြောပါတယ်။   အခုလိုပြေလည်မူရရှိတဲ့အတွက် ဆန္ဒပြတာကိုရပ်နားပီး စက်ရုံပြန်ပီးလုပ်ငန်းခွင်ဝင်မယ်လို့ အလုပ်သမားခေါင်းဆောင် မနှင်းနုလွင်ကပြောပါတယ်။ “မနက်ဖြန်အားလုံး အလုပ်ပြန်ဆင်းကြပ့ါမယ်။ စည်းလုံးမူအကျိုးကြောင့်ခုလိုရကြတာပါ တစ်ခုပဲရှိတာသမီးတို့ပုဒ်မ၁၉နဲ့စွဲတာ ဖြေလျှော့ ပေးစေခြင်တယ်လို့ ရဲတပ်ဖွဲ့ကိုပြောခြင်ပါတယ်”လို့လည်း သူကဆိုပါတယ်။   အလုပ်သမားတွေတောင်းဆိုချက်တွေရရှိခဲ့ပေမယ့်လဲ ဦးဆောင်သူ၇ဦးနဲ့ ကူညီသူ၁ဦးကိုတော့ပုသိမ်မြို့မစခန်းက ငြိမ်းစုစီပုဒ်မ၁၉နဲ့ အမူဖွင့်ထားဆဲဖြစ်ပါတယ်။   အလုပ်သမားတွေတောင်းဆိုချက်တွေကတော့ လုပ်ငန်းခွင် အတွင်းရှိ အိမ်သာတံခါးများ…

Read More

မြောက်ဒဂုံမှာ တောင်ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ပစ္စည်းလုယူသူကို ရွှေဘိုမှာ ဖမ်းမိ

ရွှေဘို စက်တင်ဘာ ၄-၂၀၁၉ မိုင်ချယ်ရီ(VOM) ရန်ကုန်တိုင်း မြောက်ဒဂုံ(၄၈) ရပ်ကွက် ဗိုလ်မှူးဗထူးလမ်း ၊ ဗိုလ်မှူးဗထူးတန်ဖိုးများ အိမ်ရာ တိုက် (A-1) အခန်း ၅၀၁ မှာ နေထိုင်တဲ့ ကိုရီးယားနိုင်ငံသူ Mrs. Kim Min Sook ကို နေအိမ်အတွင်းမှာ ရိုက်နှက်ပြီး  ပစ္စည်းတွေ လုယက်သွားသူကို စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေဘိုမြို့မရဲစခန်း ကနေ သိရပါတယ်။   စက်တင်ဘာလ ၂ ရက်နေ့ မနက် ၉ နာရီ မိနစ် ၃၀ အချိန်ခန့်က ကိုရီးယားနိုင်ငံသူကို ရိုက်နှက်ပြီး ကျပ် ၅ သိန်း တန်ဖိုးရှိတဲ့ ဖုန်း ၊ လက်ဝတ်ရတနာအချို့ နဲ့ နိုင်ငံခြားငွေအချို့ စုစုပေါင်း ငွေကျပ် တန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်…

Read More

ဖမ်းဆီးတရားစွဲခံရတဲ့ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဌ ကျန်းမရေးအယူခံအတွက်တင်ပြတဲ့ ဆရာဝန်ကို တရားရုံးကလက်မခံ

ပုသိမ် စက်တင်ဘာ ၄-၂၀၁၉ ကိုအောင်(VOM)   ငွေကြေးအလုံးသုံးစားမှုနဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း ဒုတိယလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်က တင်ပြထားတဲ့ဆရာဝန်ကို ဥပဒေအရာရှိက ကန့်ကွက်ခဲ့ပြီး လက်ရှိကုသပေးနေတဲ့ ထောင်ဆရာဝန် ဒါမမဟုတ် ပုသိမ်ဆေးရုံမှာ ကုသပေးတဲ့ဆရာဝန်ကိုသာ ရုံးတော်ကိုခေါ်ယူဖို့တင်ပြတဲ့အတွက် တရားသူကြီးက ခုလိုအမိန့်ချမှတ်ခဲ့တာပါ။   ဒီကိစ္စအတွက် ဦးစံမင်းအောင်ရဲ့ရှေ့နေ ဦးခင်မောင်ဦး က   “ကျွန်တော်အမူသည်က ငွေကြေးနဲ့ပတ်သက်ပြီး စွဲခံနေရတာ အာမခံရမှ စာရင်းဇယားနဲ့ဖြေရှင်းရမှာ အချုပ်ကလွှတ်ပေးသင့်တယ်ထင်တယ် ဒါမှတရားမျှတမူရှိမှာ”လို့ ဆိုပါတယ်။   တရားရုံးကတော့ စက်တင်ဘာ ၁၁ရက်နေ့ကိုပြန်လည်ချိန်းဆိုပီး ၁၉ရက်နေ့မှာ တရားလိုဘက်က သက်သေတွေကိုစတင်စစ်ဆေးသွားမယ်လို့သိရပါတယ်။   ဦးစံမင်းအောင်ဟာ ၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ ကျပ်သိန်း တစ်ထောင့်ငါးရာရှစ်ဆယ်ကို အသုံးပြုပြီး တိုင်းလွှတ်တော်အတွက် ကားငါးစီးဝယ်ယူခဲ့ရာမှာ ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တယ်ဆိုပြီး တိုင်းလွှတ်တော်ရုံးက ဒုညွှန် ဦးဇော်မင်းထွန်းရဲ့ တရားလိုပြုတိုင်ကြားမှုကြောင့်…

Read More

ကုသိုလ်​​တော်​နဲ့ စန္ဒာမုနိဘုရားမှာ နိုင်​ငံခြားသား ဧည့်​သည်​ ၀င်​​ကြေး ကောက်​ဖို့ တိုင်းအစိုးရထံ တင်​ပြ

မန္တ​လေး၊ စက်​တင်​ဘာ ၄- ၂၀၁၉ ဖြူဖြူ (VOM)     မန္တ​လေးမြို့ရဲ့ အထင်​ကရ​နေရာတစ်​ခုဖြစ်​တဲ့ မဟာ​လောကမာရဇိန်​ ကုသိုလ်​​တော်​ ဘုရားနဲ့ စန္ဒာမုနိဘုရားမှာ ၀င်​​ကြေးအဖြစ်​ နိုင်​ငံခြားသားခရီးသွားဧည့်​သည်​​တွေဆီက​​နေ ​ကောက်​ခံဖို့ တိုင်းအစိုးရအဖွဲ့ကို တင်​ပြထားတယ်​လို့ ဘုရား​ဂေါပကအဖွဲ့က သိရပါတယ်​။     “ဒီဘုရားနှစ်​ခု​ပေါင်းဝင်​​ကြေး​ပေါ့။ နိုင်​ငံခြားသား ဧည့်​သည်​​တွေဆီက တစ်​​ယောက်​သုံး​ထောင်​နှုန်း​ကောက်​ဖို့ တိုင်းအစိုးရကို တင်​ထားတယ်​။ ဒီလထဲမှာ တင်​ထားတာပါ။ ကျလာပြီဆိုတာနဲ့ ​ကောက်​သွားမှာပါ။ ” လို့ ဘုရား​ဂေါပက ဥက္ကဌ ဦး​ကျော်​၀င်းက ​ပြောပါတယ်​။     ကုသိုလ်​​တော်​ဘုရားဟာ ၂၀၁၃ ခုနှစ်​ကစပြီး ကမ္ဘာ့အသိအမှတ်​ပြု UNESCO စာရင်းဝင်​​ခဲ့​ပေ​မယ့်​ ​ထောက်​ပံ့​ငွေတစ်​စုံတစ်​ရာ မရရှိဘဲ ​ဈေးဆိုင်​ခန်းငှါးရမ်းခ၊ ဆိုင်​ကယ်​အပ်​နှံခ၊ ဘုရားအလှူ​ငွေနဲ့သာ လက်​ရှိမှာရပ်​​တည်​​နေရတယ်လို့ သိရပါတယ်​။   ဒါ​ကြောင့် ဘုရားပရ၀ုဏ် လုံခြုံ​ရေး၊ သန့်​ရှင်းသာယာ​ရေး၊ ပြုပြင်​ထိ​န်းသိမ်းဖို့​တွေအတွက်​…

Read More

ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ၄၅ ဦးထဲက ၄ယောက်ထွက်ပေမယ့် အစီအစဉ်တိုင်းဆက်လုပ်မည်။

  နေပြည်တော် စက်တင်ဘာ ၄-၂၀၁၉ ကိုထွန်း (VOM) ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာပါတဲ့ ကော်မတီတချို့ နုတ်ထွက်သွားတာနဲ့ပတ်သက်ပြီး ဒီကနေ့ကျင်းပတဲ့လွှတ်တော်မှာ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် အန်အယ်လ်ဒီပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို သတင်းမီဒီယာတွေက မေးမြန်းခဲ့ပါတယ်။ ဗီအိုအမ် ဝိုင်းတော်သား ကိုထွန်းက နေပြည်တော် လွှတ်တော်ထဲကနေ သတင်းပေးပို့ထားပါတယ်။ #voiceofmyanmar #ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ #ဦးအောင်ကြည်ညွန့်

Read More

ဟောင်ကောင် တရားခံလွှဲပြောင်းရေးဥပဒေကြမ်း တရားဝင်ရုပ်သိမ်းဖွယ်ရှိ

ဟောင်ကောင်၊ စက်တင်ဘာ-၄-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်မှာ သုံးလကြာဆန္ဒပြမှုတွေဖြစ်ပေါ်စေခဲ့တဲ့ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို တရားဝင်ရုပ်သိမ်းတော့မှာဖြစ်ပြီး စက်တင်ဘာ ၄ ရက်နှောင်းပိုင်းမှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက ကြေညာဖွယ်ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို ကိုကားပြီး South China Morning Post မှာဖော်ပြထားပါတယ်။   ဒီဥပဒေကြမ်းကို ရုပ်သိမ်းမယ့်ကိစ္စဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အခြားဒေသတွင်း သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို ချက်ချင်းမှတ်ချက် ပေးတာမရှိသေးပါဘူး။   ဟောင်ကောင်ပြည်သူတွေကို တရုတ်ပြည်မကြီးမှာ တရားရင်ဆိုင်စီရင်ခွင့်ပြုထားတဲ့ အဲဒီဥပဒေကြမ်း ရုပ်သိမ်းရေးဟာ ဟောင်ကောင်ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေထဲက အဓိကအချက်တစ်ခုဖြစ်ပါတယ်။ လက်ရှိဆန္ဒပြမှုတွေကြောင့် ဗြိတိသျှကိုလိုနီအဖြစ်ကနေ တရုတ်ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းခဲ့တဲ့  ဟောင်ကောင်မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။   ရာထူးကနေ နှုတ်ထွက်ဖို့အတွက် တရုတ်အစိုးရဆီကို တင်ပြခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်…

Read More

၃ရက်မြောက် မန်းတက္ကသိုလ် ကျောင်းသားသပိတ် အင်အားပိုများလာ

မန္တလေး၊စက်တင်ဘာ ၄-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးတက္ကသိုလ်ကျောင်းဝင်းထဲမှာ Food Court (စားသောက်ဆိုင်တန်း) ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂ရက်နေ့ မနက်ပိုင်းကတည်းက  တက္ကသိုလ်ပင်မဆောင်ရှေ့မှာ ကျောင်းသား ကျောင်းသူ ၇ဦးနဲ့ စတင်သပိတ်မှောက်ခဲ့ရာကနေ ဒီနေ့လက်ရှိအချိန်မှာတော့ ညီနောင်သမဂ္ဂကျောင်းသားအဖွဲ့ဝင်တွေနဲ့ မန္တလေးတက္ကသိုလ်ထဲက ကျောင်းသား/သူဦးရေ ၈၀ခန့်အထိ သပိတ်မှောက်ရာမှာ ပါဝင်တာကိုတွေ့ရပါတယ် ။ ဗီအိုအမ်ဝိုင်းတော်သား ကိုဟိန်းကိုက မန္တလေးတက္ကသိုလ်ထဲကနေ သတင်းပေးပို့ထားပါတယ်။   #voiceofmyanmar #မန္တလေးတက္ကသိုလ် #Food court #ကျောင်းသားသပိတ်    

Read More
VOM News

FREE
VIEW