လန်ဒန်၊ စက်တင်ဘာ-၁၅-၂၀၁၉ မျိုးဆက် (VOM) အင်္ဂလန်အနောက်ပိုင်း အောက်စ်ဖို့ရှိုင်းယားပြည်နယ်အတွင်းရှိ ဘလန်နွမ်နန်းတော်က ရွှေရည်၁၈ကာရက်နဲ့ ပြုလုပ်ထားတဲ့ ဒေါ်လာတစ်သန်းတန်ဖိုးရှိ ရွှေအိမ်သာတစ်လုံး အခိုးခံလိုက်ရပါတယ်။ ဗြိတိန်စံတော်ချိန် မနက်၎နာရီမိနစ်၅၀မှာ အောက်စဖို့ရှိုင်းယားနန်းတော်အတွင်းမှာ ဖောက်ထွင်းဝင်ရောက်ပြီး အနုပညာလက်ရာတွေကို ခိုးယူသွားခဲ့တာလို့ သိမ်းမြစ်ဝှမ်းဒေသရဲတပ်ဖွဲ့က ပြောပါတယ်။ လာရောက်တဲ့ ဧည့်သည်တွေကို ပေးသုံးလေ့ရှိတဲ့ Ameriaca လို့အမည်ရတဲ့ ပျောက်ဆုံးသွားတဲ့ ရွှေအိမ်သာကို ရှာမတွှေ့သေးပေမယ့် အသက်၆၆နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။ ရွှေအိမ်သာကို အဆောက်အဦးမှာ တပ်ဆင်ထားတာဖြစ်တာကြောင့် ဖောက်ထွင်းမှု ပြုပြီးနောက် ထားရှိတဲ့အခန်းထဲမှာ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေနဲ့ ရေလျှံတာတွေဖြစ်ပေါ်ခဲ့ ပါတယ်။ အဲဒီအိမ်သာဟာ ဘလန်နွမ်နန်းတော်မှာ စက်တင်ဘာ၁၂ရက်မှာ စတင်တဲ့ အီတလီအနုပညာရှင် မောရီဇီအိုကတ်တီလန်ရဲ့ အနုပညာပြပွဲအစိတ်အပိုင်းတစ်ခုအဖြစ် ပြသထားတာဖြစ်ပါတယ်။ ၁၈ ရာစုလက်ရာတစ်ခုဖြစ်တဲ့ ဘလန်နွန်နန်းတော်ဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း…
Read MoreDay: September 15, 2019
အသက်၅နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့်မှု လက်ပံတန်းမှာဖြစ်
လက်ပံတန်း စက်တင်ဘာ ၁၅-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ် သိုက်ဝါးချောင်းအုပ်စု၊ ရင်းတိုက်မြှောင်ကျေးရွာမှာ မနေ့ညနေ ၅နာရီဝန်းကျင်လောက်က ဒေါ်—ီ ရဲ့သမီး အသက်၅နှစ်ရှိ မိန်းကလေးကို တစ်ရွာတည်းနေ အသက်၄၇နှစ်ရှိ ဦးစန်းလွင်(ခ)ဦးစန်းက သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ လက်ပံတန်း မြို့မရဲစခန်းကနေ သိရပါတယ်။ ဦးစန်းလွင်(ခ)ဦးစန်းဟာ မ—ကို နေအိမ်အနောက် ဆိုင်ကယ်ထားသည့်အဆောင်ကိုခေါ်သွားပြီး ပါးစပ်ကို မအူရွက်များဆို့ လက်ကိုနောက်ပြန်ကြိုးတုပ် သားမယားပြုကျင့်ခဲ့ပြီး အဖေအမေ ပြန်ပြောရင် ချောင်းထဲပစ်ချမယ်လို့ ပြောဆိုခဲ့တယ်လို့် မ—ကအဘွားဖြစ်သူကိုပြောပြခဲ့တယ်လို့ မ—ရဲ့အဘွားဖြစ်သူ ဒေါ်ြ—်ကပြောပါတယ်။ သားမယားပြုကျင့်ခံရသူ မ—မှာ အသက်ငယ်ရွယ်သူဖြစ်ပြီး ကလေးသဘာဝလျှောက်စော့ကစားနေရာမှ လူကြီးများမရှိခိုက် အခွင့်ကောင်းယူကာ တစ်ရွာတည်းနေ ဦးစန်းလွင်(ခ)ဦးစန်းက ကျူးလွန်းခဲ့ခြင်းဖြစ်တယ်လို့်လက်ပံတန်း မြို့မရဲစန်းက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ (ပ)၄၉၈/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ၃၇၆ နဲ့ဖွင့်ထားပြီး အသက်၄၇နှစ်ရှိ…
Read More‘မီကို’ကော်ဖီမစ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ဆန္ဒပြ
မန္တလေး၊စက်တင်ဘာ၁၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်ထဲက’မီကို’ကော်ဖီမစ်စက်ရုံကနေ ၂၀၁၈ခုနှစ်ကမတရားအလုပ်ခံရတဲ့အလုပ်သမားခေါင်းဆောင်(၄)ဦး အလုပ်ပြန်လည်ရရှိရေးအတွက်အလုပ်သမားအဖွဲ့အစည်းတွေစုပေါင်းပြီးဒီကနေ့မနက်ပိုင်းကကနောင်မင်းသာကြီးလမ်း၆၄လမ်းနဲ့၆၅လမ်းကြားက’မီကို’ကော်ဖီမစ်စက်ရုံရှေ့မှာဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ မီကိုစက်ရုံက အလုပ်သမားတွေပါသလို တခြားအလုပ်သမားအဖွဲ့စည်းက အလုပ်သမား ၁၀၀ ဝန်းကျင်နဲ့ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #မီကိုကော်ဖီမစ် #အလုပ်သမားဆန္ဒပြ
Read More