တိုကျို၊ စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားဟာ ဒုံးပျံတွေမှာ နျူကလီးယားထိပ်ဖူးတွေတပ်ဆင်ပစ်လွှတ်နိုင်တဲ့ အရိပ်လက္ခဏာ တွေရှိနေပမယ့် ဂျပန်နိုင်ငံကိုအဓိကခြိမ်းခြောက်တဲ့နိုင်ငံအဖြစ်သတ်မှတ်ထားတဲ့ မြောက်ကိုရီးယားနေရာမှာ စစ်အင်အားကြီးထွားလာတဲ့ တရုတ်နိုင်ငံက အစားထိုးခြိမ်းခြောက်နေတယ်လို့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ ဂျပန်နိုင်ငံရဲ့ နှစ်ပတ်လည် ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ တရုတ်နိုင်ငံကို ဒုတိယနေရာအဖြစ် ပထမဆုံးအကြိမ်သတ်မှတ်လိုက်ပြီး မြောက်ကိုရီးယားကို တတိယနေရာ သတ်မှတ်လိုက်ပြီးနောက် ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးသုံးသပ်ချက်အစီရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စစ်အေးခေတ်က အဓိကခြိမ်းခြောက်ခဲ့တဲ့ ရုရှားနိုင်ငံကိုတော့ ဂျပန်နိုင်ငံက စတုတ္ထနေရာမှာ သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံဟာ စစ်ရေးအသုံးစရိတ်ကို အလျင်အမြန်တိုးမြင့်သုံးစွဲလာပြီး ပစိဖိတ်အနောက်ပိုင်းမှာ ရေတပ်နှင့်လေတပ်အင်အားတွေကို ဖြန့်ကြက်ထားသလို ဂျပန်ပင်လယ်အတွင်းရှိ ဆူရှီမာရေလက်ကြားကိုလည်း မကြခဏဖြတ်သန်းဝင်ရောက်နေတယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီး တာရိုကိုနိုက ပြောပါတယ်။ ဂျပန်နိုင်ငံဟာ…
Read MoreDay: September 27, 2019
ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိသားစုနဲ့ အမှုလိုက်ပေးတဲ့ ရှေ့နေတွေကို အမှုဖွင့်
နေပြည်တော်-စက်တင်ဘာ ၂၇-၂၀၁၉ ကိုထွန်း (VOM) နေပြည်တော် Wisdom Hill မူကြိုကျောင်းက ဗစ်တိုးရီးယားလို့အမည်ပေးထားတဲ့ ကလေးငယ်ကို မဖွယ်မရာပြုကျင့်တဲ့ အမှုမှာ ဗစ်တိုးရီးယားရဲ့ ဖခင်၊ ဦးကြီးနဲ့ ဒေါ်ကြီး ၂ယောက်ရယ် တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် စွပ်စွဲခံရသူ ကိုအောင်ကြီးရှေ့နေနဲ့ အမှုကို ကူညီသူ စုစုပေါင်း ၆ ယောက်ကို ကလေးသူငယ် ဥပဒေနဲ့ မနေ့ညနေက အမှုဖွင့်လိုက်ပါတယ်။ အမှုဖွင့်တိုင်ကြားသူကတော့ Wisdom Hill မူကြိုကျောင်းမှာ ကြီးကြပ်အုပ်ချုပ်တဲ့ ဆရာမ ဒေါ်ဥမ္မာလှိုင်ဖြစ်ပါတယ်။ ဒေါ်ဥမ္မာလှိုင်ရဲ့ တိုင်ကြားချက်ကတော့ သူ့ရဲ့သား ၂ယောက်ရဲ့ ဆိုရှယ်မီဒီယာကပုံတွေယူပြီး တရားရုံးမှာ ကလေးငယ်ကို မေးမြန်းထားတဲ့ ဗီဒီယိုဖိုင် သက်သေခံတင်သွားတဲ့ ဗစ်တိုးရီးယားရဲ့ မိသားစုဝင် ၃ယောက်၊ တရားလိုနဲ့ စွပ်စွဲခံရသူဘက်ကလိုက်တဲ့ ရှေ့နေ ၂ယောက်ရဲ့ မီဒီယာမှာဖြေကြားမှု၊ ဒီအမှုကို ကူညီဆောင်ရွက်နေတဲ့ သက္ကမိုးညို(ခ)…
Read Moreငရုတ်ကောင်းမြို့မှာ တရားမဝင်ခိုးဝင်လာတဲ့ ဘင်္ဂလီ ၃၀ ဖမ်းမိ
ပုသိမ်၊စက်တင်ဘာ ၂၇-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ မှာ စက်တင်ဘာ၂၆ရက်ည ၉နာရီခန့်က ခိုးဝင်လာတဲ့ဘင်္ဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ကနေသိရပါတယ်။ ဘင်္ဂဂါလီတွေကို သယ်ဆောင်လာတယ်ဆိုတဲ့သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ငရုတ်ကောင်းမြို့ ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၁အနီးမှာ ကား/ဆိုင်ကယ်များကိုရပ်တန့်စစ်ဆေးမူများ ဆောင်ရွက်ခဲ့ပါတယ်။ အဲလိုဆောင်ရွက်နေတုန်း ငပုတောဘက်ကနေ ရန်ကုန်ဘက်ကိုသွားမယ့် YGN-7D/6809 ပါဂျယ်ရိုးကားဟာ စစ်ဆေးတဲ့နေရာအနီးမရောက်ခင်မှာပဲ ရပ်တန့်ပြီး ကားမောင်းသူဟာ ကားကိုထားခဲ့ပြီး တောတွင်းဝင်ရောက်ထွက်ပြေးသွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ ကားကို စစ်ဆေးတာမှာ ကားတွင်းမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ ဘင်္ဂဂါလီ၃၀ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးထွန်းရွှေကပြောပါတယ်။ “ဘင်္ဂဂါလီ လူမျိုး ကျား၉ယောက်၊ မ၁၀ယောက်၊ ကျားကလေး၁ယောက်၊ အကုန်၃၀ပေါ့ ယဉ်မောင်းကတော့ခုထိ ထွက်ပြေးလွတ်မြောက်နေတုန်းပါ”လို့ သူက ပြောပါတယ် ဖမ်းမိသူတွေဟာ ပင်လယ်ကနေစက်လှေနဲ့ ငရုပ်ကောင်းမြို့နားက ကမ်းခြေကို…
Read MoreFacebook ပို့စ်တွေမှာLike အရေအတွက်ကိုဖျောက်ထားဖို့စမ်းသပ်နေ
နယူးယောက်၊စက်တင်ဘာ-၂၇-၂၀၁၉ မျိုးဆက်(VOM) ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့အင်စတာဂရမ်မှာလိုက်ခ်အရေအတွက်ကိုသုံးစွဲသူတွေမမြင်အောင်ဖျောက်လိုက်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းသြစတြေးလျနိုင်ငံမှာ ပို့စ်တွေရဲ့Like အရေအတွက်ကိုမမြင်အောင်ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေပါတယ်။ ဒီစမ်းသပ်မှုကြောင့်စက်တင်ဘာ၂၈ရက်ကပြီး သြစတြေးလျရှိဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့ဟာအခြားသူတစ်ဦးတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်သို့မဟုတ်Reaction ကိုမြင်ရတော့မှာမဟုတ်ပါဘူး။ ဇူလိုင်လကတည်းကဖေ့စ်ဘွတ်ခ်ကပိုင်ဆိုင်တဲ့ အင်စတာဂရမ်မှာLike အရေအတွက်ကိုမမြင်အောင်ဖျောက်တဲ့လုပ်ဆောင်ချက်ကိုနိုင်ငံအချို့မှာစမ်းသပ်ပြီးနောက်ဖေ့စ်ဘွတ်ခ်ကလည်းအငြင်းပွားဖွယ်ရာLike ဖျောက်တဲ့လုပ်ဆောင်ချက်ကိုစမ်းသပ်နေတာဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်မှာတင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုဖျောက်ဖို့လုပ်ဆောင်မှုဟာသုံးစွဲသူတွေအကြားလူမှုဆိုင်ရာဖိအားတွေလျော့ကျစေဖို့အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကပြောပါတယ်။ တင်ထားတဲ့ပို့စ်တွေရဲ့Like အရေအတွက်ကိုအခြားအသုံးပြုသူတွေမမြင်ရပေမယ့်လည်းပို့စ်တင်သူကတော့မိမိပို့စ်ရှိလိုက်ခ်အရေအတွက်ကိုမြင်နိုင်မှာဖြစ်တယ်လို့ဖေ့စ်ဘွတ်ခ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ Ref : BBC Photo : Getty Images #voiceofmyanmar #facebook #like
Read More