ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ပစ္ခတ္မႈျဖစ္ပြားၿပီး ေက်းရြာသားမ်ား ထိခိုက္ဒဏ္ရာရရွိိ

ေက်ာက္ေတာ္၊ ေအာက္တိုဘာ ၁-၂၀၁၉
ခုိင္လင္းစံ (VOM)

ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ကုလားတန္ျမစ္ေၾကာင္းအတြင္း စက္တင္ဘာ ၂၉ ရက္ေန႔နံနက္ပိုင္းက ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ၿပီး ေက်းရြာသားတစ္ခ်ိဳ႕ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ပါတယ္။

အဲ့ဒီပစ္ခတ္မႈဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ မီးဝေက်းရြာအနီးမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး မီးဝေက်းရြာက အသက္ ၆၃ ႏွစ္အရြယ္ ဦးသာထြန္းဦးဆိုသူမွာ ေက်ာကုန္းကို က်ည္သံုးခ်က္ထိမွန္ခဲ့တဲ့အတြက္ စစ္ေတြၿမိဳ႕ေဆးရံုကို ညေန ၆၀ နာရီခြဲေလာက္မွာ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

“ မနက္ပိုင္း ၇ နာရီေလာက္မွာ ျမစ္ေအာက္ပိုင္းကေနၿပီးေတာ့ ေနဗီေတြတက္လာတယ္။ စစ္သားေတြပါတယ္။ အဲ့ဒီက လက္နက္ႀကီးေတြ၊ ေသနတ္ေတြနဲဲ႔ပစ္ခတ္တယ္။ အဲ့ဒီမွာ ဦးသာထြန္းဦးကို ထိသြားတာပါ။ ေက်ာကုန္းမွာ က်ည္သံုးခ်က္ ေဖာက္ဝင္သြားပါတယ္ ”လို႔ မိသားစုဝင္တစ္ဦးျဖစ္တဲ့ ေဒၚေဌးေဌးကေျပာပါတယ္။

တိုက္ပြဲျဖစ္ပြားတာမရွိေပမယ့္ ေနဗီသေဘၤာေတြဟာ တစ္စီးၿပီးတစ္စီးတက္လာၿပီးေတာ့ အဲ့ဒီေက်းရြာအနီးဝန္းက်င္ေနရာ ေတြမွာ ပစ္ခတ္ခဲ့ၾကတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။

“ အခုဒဏ္ရာရရွိခဲ့တဲ့ ဦးသာထြန္းဦးက အိမ္ေနာက္ဘက္မွာ အိမ္သာတက္ေနတဲ့အခ်ိန္မွာ ေနာက္ေက်ာကို က်ည္ထိမွန္ခဲ့တာပါ။ အဆုပ္ကိုေဖာက္သြားတယ္လို႔ေျပာပါတယ္။ စိုးရိမ္ရတာေပါ့။ ရြာမွာလည္း ေနာက္ထပ္ သံုးေယာက္ ဒဏ္ရာရၿပီး က်န္ခဲ့ပါတယ္။ သူတုိ႔ကိုေတာ့ စစ္တပ္ကေန ေဆးကုေပးေနပါတယ္ ”လို႔ ေဒၚေဌးေဌးကေျပာပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရရွိခ့ဲတာျဖစ္ပါတယ္။

ရခို္င္ျပည္နယ္အတြင္းမွာ တပ္မေတာ္န႔ဲ ေအေအတုိ႔အၾကား ၉ လေက်ာ္အၾကာျဖစ္ပြားေနတဲ့ တုိက္ပြဲေတြအတြင္းမွာ တိုက္ပြဲနဲ႔မသက္ဆိုင္တဲ့ အရပ္သားေတြေသဆံုးမႈဟာ ၈၀ ေက်ာ္ခန္႔ရွိေနၿပီး ထိခိုက္ဒဏ္ရာရရွိသူအေရအတြက္ဟာ ၁၂၀ ေက်ာ္အထိရွိလာေနၿပီျဖစ္သလို စစ္ေဘးဒုကၡသည္အေရအတြက္ဟာလည္း ၇ ေသာင္းနီးပါးအထိ ျမင့္တက္လ်က္ရွိေနတယ္လို႔ ရခုိင္ျပည္နယ္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ေတြတင္သြင္းခဲ့တဲ့ အဆိုေတြအရ သိရပါတယ္။

#voiceofmyanmar# ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ#ပစ္ခတ္မႈျဖစ္ပြားၿပီးေက်းရြာသားမ်ားထိခိုက္ဒဏ္ရာရရွိိ#

Unicode

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိ

ကျောက်တော်၊ အောက်တိုဘာ ၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအတွင်း စက်တင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ကျောက်တော်မြို့နယ် မီးဝကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးဝကျေးရွာက အသက် ၆၃ နှစ်အရွယ် ဦးသာထွန်းဦးဆိုသူမှာ ကျောကုန်းကို ကျည်သုံးချက်ထိမှန်ခဲ့တဲ့အတွက် စစ်တွေမြို့ဆေးရုံကို ညနေ ၆၀ နာရီခွဲလောက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

“ မနက်ပိုင်း ၇ နာရီလောက်မှာ မြစ်အောက်ပိုင်းကနေပြီးတော့ နေဗီတွေတက်လာတယ်။ စစ်သားတွေပါတယ်။ အဲ့ဒီက လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ပစ်ခတ်တယ်။ အဲ့ဒီမှာ ဦးသာထွန်းဦးကို ထိသွားတာပါ။ ကျောကုန်းမှာ ကျည်သုံးချက် ဖောက်ဝင်သွားပါတယ် ”လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် နေဗီသင်္ဘောတွေဟာ တစ်စီးပြီးတစ်စီးတက်လာပြီးတော့ အဲ့ဒီကျေးရွာအနီးဝန်းကျင်နေရာ တွေမှာ ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ အခုဒဏ်ရာရရှိခဲ့တဲ့ ဦးသာထွန်းဦးက အိမ်နောက်ဘက်မှာ အိမ်သာတက်နေတဲ့အချိန်မှာ နောက်ကျောကို ကျည်ထိမှန်ခဲ့တာပါ။ အဆုပ်ကိုဖောက်သွားတယ်လို့ပြောပါတယ်။ စိုးရိမ်ရတာပေါ့။ ရွာမှာလည်း နောက်ထပ် သုံးယောက် ဒဏ်ရာရပြီး ကျန်ခဲ့ပါတယ်။ သူတို့ကိုတော့ စစ်တပ်ကနေ ဆေးကုပေးနေပါတယ် ”လို့ ဒေါ်ဌေးဌေးကပြောပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ အေအေတို့အကြား ၉ လကျော်အကြာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေသေဆုံးမှုဟာ ၈၀ ကျော်ခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ဟာ ၁၂၀ ကျော်အထိရှိလာနေပြီဖြစ်သလို စစ်ဘေးဒုက္ခသည်အရေအတွက်ဟာလည်း ၇ သောင်းနီးပါးအထိ မြင့်တက်လျက်ရှိနေတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တွေတင်သွင်းခဲ့တဲ့ အဆိုတွေအရ သိရပါတယ်။

#voiceofmyanmar# ကျောက်တော်မြို့နယ်မှာ#ပစ်ခတ်မှုဖြစ်ပွားပြီးကျေးရွာသားများထိခိုက်ဒဏ်ရာရရှိ#

Related posts

Leave a Comment

VOM News

FREE
VIEW