မီးဝဘုန်းတော်ကြီးကျောင်းကို အမြောက်ကျည်ကျ ဆရာတော်အပါအဝင် ငါးဦးဒဏ်ရာရ

ကျောက်တော်၊ အောက်တိုဘာ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာအနီးမှာ ဒီကနေ့မနက် ၁ နာရီကျော်လောက်က ပစ်ခတ်မှုတစ်ခုဖြစ်ပွား ခဲ့ပြီး ကျေးရွာကျောင်းထိုင်ဆရာတော်အပါအဝင် ကိုယ်ရင်တစ်ပါးနဲ့ ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ တပ်မတော်နေဗီသင်္ဘောကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းတော်ကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ရာမှာ အခုလိုဖြစ်ခဲ့ရတာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။ “ အဲ့ဒီနေဗီက ည ၁ နာရီ ၁၅ လောက်မှာ မြစ်အောက်ဘက်ကနေ တက်လာတယ်။ ကျွန်တော်တို့ရွာနားကိုအရောက်မှာ ပစ်တယ်။ ပထမတစ်ကြိမ်ပစ်တုန်းက ကျောင်းမှာ မှန်တွေကွဲသွားတယ်။ ပြန်ဆင်းလာပြီးတော့ ထပ်ပစ်တယ်။ အဲ့ဒီမှာ ကျောင်းမှာကျတယ်။ ဆရာတော်ထိုင်နေတဲ့နေရာနဲ့ သုံးတောင်လောက် အကွာမှာကျတယ် ”လို့ ဆရာတော်နဲ့ လိုက်လာတဲ့ ဒကာဦးစောလှမောင်ကပြောပါတယ်။ ဆရာတော်မှာ အမြောက်ကျည်စံ ညာဘက်ရင်ဘတ်ကိုထိမှန်ခဲ့ပြီး အဆုပ်မှာ ကျည်စဝင်နေတဲ့အတွက် စိုးရိမ်ရတဲ့အနေအထားရှိပြီးတော့ ဆရာတော်ဟာ သက်တော် ၆၀ ကျော်ရှိပြီလို့ ဆိုပါတယ်။…

Read More

ထိုင်ဝမ်မှာ တံတားတစ်စင်းကျိုးကျ၊ လူဆယ်ဦးဒါဏ်ရာရပြီး ခြောက်ဦးပိတ်မိနေ

တိုင်ပေ၊ အောက်တိုဘာ-၁-၂၀၁၉ မျိုးဆက် (VOM) ထိုင်ဝမ်အရှေ့မြောက်ပိုင်း ဆိပ်ကမ်းတစ်ခုရှိ တံတားတစ်စင်းဟာ အောက်တိုဘာ ၁ ရက်နေ့ မှာ ကျိုးကျသွားတာကြောင့် လူဆယ်ဦးဒါဏ်ရာရရှိသွားပြီး ငါးဖမ်းသင်္ဘောအချို့လည်း ပျက်စီးသွားကာ သင်္ဘောသားခြောက်ဦးပိတ်မိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ရာပေါင်းများစွာသော ကယ်ဆယ်ရေးသမားတွေဟာ ကျိုးကျသွားတဲ့ တံတားပိမိနေတဲ့ သင်္ဘောတွေ လွတ်မြောက်ရေးအတွက် ကရိန်းတွေ တူးဖော်ရေးစက်နဲ့ အခြားကိရိယာတွေနဲ့အတူ အခင်းဖြစ်ရာကို အလျင်အမြန်ရောက်ရှိနေပြီး ရေငုပ်သမားတွေကလည်း ပိတ်မိနေသူတွေလွတ်မြောက်ရေး ဆောင်ရွက်နေကြပါတယ်။ အဲဒီတံတားဟာ ရေနံတင်သင်္ဘောတစ်စင်း ဖြတ်သန်းသွားချိန် မနက် ၉ နာရီ ခွဲလောက်မှာ ကျိုးကျသွားတာဖြစ်ပြီး ရေနံတင်သင်္ဘောလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆူအိုဆိပ်ကမ်းမြို့ မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးကပြောပါတယ်။ တံတားကျိုးကျသွားချိန်မှာ ပိမိသွားတဲ့ သင်္ဘောပေါ်က သင်္ဘောသားအချို့ ပိတ်မိနေတာကို စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။ ဒါဏ်ရာရသူ ၁၀ ဦးထဲက အများစုဟာ နိုင်ငံခြားသား ငါးဖမ်းသမားတွေဖြစ်ပြီး သင်္ဘောသားခြောက်ဦးပိတ်မိနေတယ်လို့…

Read More

စစ်ဘေးရှောင်တွေကို အစိုးရကဘယ်လိုထောက်ပံ့နေလဲဆိုတဲ့ မေးခွန်းကို လွှတ်တော်မှာ မေးမြန်း

စစ်တွေ၊ အောက်တိုဘာ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်စဉ်တွေအကြားမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကို အစိုးရအနေနဲ့ ဘယ်ဘိုထောက်ပံ့မှုတွေဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့က မေးမြန်းခဲ့တာဖြစ်ပါတယ်။ အဲဒီမေးခွန်းကို မြောက်ဦးမဲဆန္ဒနယ်မြေ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မေးမြန်းခဲ့တာဖြစ်ပြီး စစ်ပွဲတွေဖြစ်ပွားစဉ်ကာလ နိုင်ငံတော်အစိုးရအနနဲ့ ချက်ချင်းထောက်ပံ့မှုပေးခဲ့ကြောင်း သိရှိနေရပြီး ယင်းကူညီထောက်ပံ့မှု တွေကို မည်သို့မည်ပုံထောက်ပံ့ပေးထားတယ်ဆိုတာကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်များရှိ ယာယီခိုလှုံရာစခန်း ၄၇ ခုမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၂၄၈၄ စု၊ လူဦးရေ ၁၀၆၉၄ တို့အတွက် ဆန်ရိက္ခာ၊ အဝတ်အထည်၊ အသုံးအဆောင်နဲ့ သေဆုံးဒဏ်ရာရရှိသူတွေအတွက် တန်းဖိုးကျပ်ငွေ ၁၇၉ ဒသမ ၆၂၀၅၇၀၀ ကျပ်ကို ပေးခဲ့ကြောင်း…

Read More

မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာထိ တကိုယ်တော်စက်ဘီးစီးနင်း

မုံရွာ၊ အောက်တိုဘာ ၁ – ၂၀၁၉ ရန်နိုင်စိုး မုံရွာမြို့ကနေ တကိုယ်တော်စက်ဘီးစီးနင်းပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာအထိ အသွားအပြန် မိုင်ပေါင်း ၂၄၀၀ ခရီးကိုသွားမယ့် မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ကိုညီလှိုင်ဆိုသူဟာ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ” ကျနော်က မိုင် ၆၀ လောက်တော့ စက်ဘီးနဲ့သွားဖူးတယ်၊ အခုလဲ ကျနော်တစ်ယောက်တည်းပဲ။ အစောင့်ရှောက်ကတော့ မပါဘူး။ ဒါပေမယ့် လမ်းမှာ ညအိပ်လို့ရအောင် မိုးကာတဲတွေတော့ ခေါက်ထည့်ပြီး ယူလာတယ်။ စားစရာပါတယ်။ အခုလို တကိုယ်တော် ခရီးရှည်စက်ဘီးစီးနင်းတာကတော့ ဘုရားဖူးဖို့လဲ ပါတယ်။နောက်ပြီး အဓိက လူငယ်တွေအနေနဲ့ စက်ဘီးကိုအသုံးပြုပြီး တိုင်းတပါးကို သွားချင်အောင်လို့ နိုးဆော်တဲ့ သဘောပါတယ်။ ကိုယ်က အရင်စီးပြလိုက်ရင် နောက်လူငယ်တွေလဲ လိုက်ပြီးစီးလာကြလိမ့်မယ်လို့…

Read More

Food court ကိစ္စ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့ကြားမှာ ကွဲလွဲမှုတွေရှိနေ

မန္တလေး အောက်တိုဘာ ၁-၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂတွေ သပိတ်မှောက်တောင်းဆိုခဲ့တဲ့ food court ကိစ္စမှာ ဆောက်လုပ်ခွင့်တောင်းခံတဲ့ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နဲ့ ခွင့်ပြုခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ချုပ်တို့ကြားမှာ ကွဲလွဲချက်တွေရှိနေတယ်လို့ သပိတ်ကော်မတီအဖွဲ့ဝင် ကျောင်းသားတွေဆီက သိရပါတယ်။ food court  ဆောက်လုပ်ခွင့်ပြုဖို့ တင်ပြတဲ့စာဟာ ညွှန်ချုပ်ဆီမှာ နှစ်စောင်ဖြစ်နေပြီး ကျောင်းဘက်ကတော့ တစ်စောင်ပဲတင်ပြခဲ့တာပါဆိုတဲ့ ကွဲလွဲမှုဖြစ်ပေါ်နေတာကြောင့် အဲဒီဖြစ်ရပ်ရဲ့ စစ်ဆေးမှုအမှန်ပေါ်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ “ နှစ်ပိုင်းစဉ်းစားရမှာပေါ့၊ တစ်ခုကကျတော့ ညွှန်ချုပ်အပိုင်းပေါ့။ ကျောင်းဘက်ကနေ စာကတစ်ခုတည်းတင်တာပါဆိုရင် အဓိကပြသာနာက ညွှန်ချုပ်ပေါ့။ တကယ်လို့ ကျောင်းကနေသာ စာနှစ်ခုလုံးတင်တယ်ဆိုရင် ကျောင်းရဲ့ပြသနာပေါ့ ”လို့  မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေယံထက်က ပြောပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ခွင့်ပြုမိန့်တောင်းခံတဲ့စာမှာ food court…

Read More

တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ မကိုင်လှုပ်နိုင်ဘူးလို့ သမ္မတရှီကျင်းပင်ပြော

ပေကျင်း၊ အောက်တိုဘာ-၁-၂၀၁၉ မျိုးဆက် (VOM) တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို တရုတ်နိုင်ငံမှာ အကြီးအကျယ်ကျင်းပနေပြီး တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ မကိုင်လှုပ်နိုင်ဘူးလို့ တီယန်မင်ရင်ပြင်မှာ ပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ သမ္မတရှီကျင်းပင်က ပြောပါတယ်။ ကွန်မြူနစ်တပ်ဖွဲ့ဝင်တွေက သွေးထွက်သံယို ပြည်တွင်းစစ်ကို အနိုင်ရရှိပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ကြောင်း ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှာ ကွန်မြူနစ်ပါတီ ဥက္ကဌ မော်စီတုန်းက ကြေညာခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်တရုတ်နိုင်ငံဟာ ထူးကဲတဲ့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီးဖြစ်ပါတယ်။ဒါပေမယ့်လည်း ကမ္ဘာ့အတင်းကြပ်ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ အရှေ့ကိုဆက်လက်ချီတက်နေတဲ့ တရုတ်ပြည်သူတွေနဲ့ တရုတ်နိုင်ငံကို ဘယ်လိုအင်အားစုမျိုးကမှ ရပ်တန့်နိုင်မှာမဟုတ်ဘူးလို့လည်း မိန့်ခွန်းပြောကြားရာမှာ တရုတ်သမ္မတက ဆိုပါတယ်။ စစ်ရေးပြပွဲမှာ တပ်ဖွဲ့ဝင် ၁၅၀၀၀ ၊ စစ်လက်နက်ပစ္စည်း ၅၈၀နဲ့ စစ်လေယာဉ် ၁၆၀ ပါဝင်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကာ…

Read More

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိ

ကျောက်တော်၊ အောက်တိုဘာ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ကြောင်းအတွင်း စက်တင်ဘာ ၂၉ ရက်နေ့နံနက်ပိုင်းက ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ကျေးရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပါတယ်။ အဲ့ဒီပစ်ခတ်မှုဟာ ကျောက်တော်မြို့နယ် မီးဝကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးဝကျေးရွာက အသက် ၆၃ နှစ်အရွယ် ဦးသာထွန်းဦးဆိုသူမှာ ကျောကုန်းကို ကျည်သုံးချက်ထိမှန်ခဲ့တဲ့အတွက် စစ်တွေမြို့ဆေးရုံကို ညနေ ၆၀ နာရီခွဲလောက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ “ မနက်ပိုင်း ၇ နာရီလောက်မှာ မြစ်အောက်ပိုင်းကနေပြီးတော့ နေဗီတွေတက်လာတယ်။ စစ်သားတွေပါတယ်။ အဲ့ဒီက လက်နက်ကြီးတွေ၊ သေနတ်တွေနဲ့ပစ်ခတ်တယ်။ အဲ့ဒီမှာ ဦးသာထွန်းဦးကို ထိသွားတာပါ။ ကျောကုန်းမှာ ကျည်သုံးချက် ဖောက်ဝင်သွားပါတယ် ”လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် နေဗီသင်္ဘောတွေဟာ တစ်စီးပြီးတစ်စီးတက်လာပြီးတော့ အဲ့ဒီကျေးရွာအနီးဝန်းကျင်နေရာ တွေမှာ ပစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ “ အခုဒဏ်ရာရရှိခဲ့တဲ့ ဦးသာထွန်းဦးက…

Read More
VOM News

FREE
VIEW