Food court ကိစၥ ပညာေရးဝန္ၾကီးဌာန ညႊန္ခ်ဳပ္နဲ႔ တကၠသိုလ္စီမံခန္႔ခြဲေရးအဖြဲ႔တို႔ၾကားမွာ ကြဲလြဲမွဳေတြရွိေန

မႏၱေလး ေအာက္တိုဘာ ၁-၂၀၁၉

ျဖဴျဖဴ (VOM)

 

မႏၱေလးတကၠသိုလ္ဝင္းအတြင္း ေက်ာင္းသားသမဂၢေတြ သပိတ္ေမွာက္ေတာင္းဆိုခဲ့တဲ့ food court ကိစၥမွာ ေဆာက္လုပ္ခြင့္ေတာင္းခံတဲ့ ေက်ာင္းစီမံခန္႔ခြဲေရးအဖဲြ႔နဲ႔ ခြင့္ျပဳခဲ့တဲ့ ပညာေရးဝန္ၾကီးဌာနက ညႊန္ခ်ဳပ္တုိ႔ၾကားမွာ ကြဲလြဲခ်က္ေတြရွိေနတယ္လို႔ သပိတ္ေကာ္မတီအဖြဲ႔ဝင္ ေက်ာင္းသားေတြဆီက သိရပါတယ္။

food court  ေဆာက္လုပ္ခြင့္ျပဳဖို႔ တင္ျပတဲ့စာဟာ ညႊန္ခ်ဳပ္ဆီမွာ ႏွစ္ေစာင္ျဖစ္ေနျပီး ေက်ာင္းဘက္ကေတာ့ တစ္ေစာင္ပဲတင္ျပခဲ့တာပါဆိုတဲ့ ကြဲလြဲမွဳျဖစ္ေပၚေနတာေၾကာင့္ အဲဒီျဖစ္ရပ္ရဲ႕ စစ္ေဆးမွဳအမွန္ေပၚမွာ တာဝန္အရွိဆံုးပုဂၢိဳလ္ေပၚေပါက္လာမွာ ျဖစ္ပါတယ္။

“ ႏွစ္ပိုင္းစဥ္းစားရမွာေပါ့၊ တစ္ခုကက်ေတာ့ ညႊန္ခ်ဳပ္အပိုင္းေပ့ါ။ ေက်ာင္းဘက္ကေန စာကတစ္ခုတည္းတင္တာပါဆိုရင္ အဓိကျပသာနာက ညႊန္ခ်ဳပ္ေပ့ါ။ တကယ္လို႔ ေက်ာင္းကေနသာ စာႏွစ္ခုလံုးတင္တယ္ဆိုရင္ ေက်ာင္းရဲ႕ျပသနာေပါ့ ”လို႔  မႏၱေလးတကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠဌ ကိုေဝယံထက္က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔ ရက္စြဲနဲ႔ ခြင့္ျပဳမိန္႔ေတာင္းခံတဲ့စာမွာ food court ေဆာက္လုပ္ခြင့္ျပဳဖို႔ တင္ျပခ်က္သာပါျပီး ၂၀၁၉ ခုႏွစ္ ဇူလုိင္ ၂၄ ရက္ေန႔ ရက္စြဲနဲ႔ စာမွာေတာ့ Oriental House က ဖြင့္မွာျဖစ္ၿပီး ညႊန္ၾကားခ်က္ေပးပါရန္အတြက္သာ ပါရွိေနတာလို႔ ေက်ာင္းသားသမဂၢေတြဆီက တစ္ဆင့္ သိရပါတယ္။

“ ညႊန္ခ်ဳပ္က နားလည္တာက food court ဆိုတာက common use ေလ၊ အဲေတာ့ ဒီမွာရွိတဲ့အေဆာက္အအံုကိုပဲ food court ပံုစံေျပာင္းျပီးေတာ့ upgrade (အဆင့္ျမွင့္)လုပ္မွာေပါ့။ အဲလိုပဲနားလည္တဲ့အတြက္ သူက ဒီမွာရွိတဲ့ သက္ဆိုင္တဲ့ ဆရာသမဂၢနဲ႔ ေက်ာင္းသားသမဂၢရဲ႕သေဘာထားကို ယူျပီးမွ ဆက္လက္ေဆာင္ရြက္ပါဆိုျပီးေတာ့ ျပန္ျပီးစာပို႔လိုက္တယ္ေပ့ါ။ ေက်ာင္းကေနျပီးေတာ့ food court ဖြင့္လွစ္ခြင့္ျပဳပါရန္ ညႊန္ၾကားခ်က္ေပးပါရန္ ၊ ဖြင့္လွစ္မွာ ျဖစ္ပါသျဖင့္ ညႊန္ၾကားခ်က္ေပးပါရန္ေပ့ါ။ ဒါေပမယ့္ အဲ့မွာ နားလည္မွဳလြဲကုန္တယ္ ” လို႔ ဆုိပါတယ္။

ပညာေရးဝန္ၾကီးဌာန ဒု-ဝန္ၾကီး ဦးဝင္းေမာ္ထြန္းဦးေဆာင္တဲ့ စံုစမ္းစစ္ေဆးေရးအဖြဲ႔ကေန မႏၱေလးတကၠသိုလ္ စီမံခန္႔ခြဲေရးအဖြဲ႔ဝင္ေဟာင္း ၁၇ ဦးနဲ႔ ေက်ာင္းသားသမဂၢ ၂ ဦးတို႔ကို မေန႔ စက္တင္ဘာ ၂၈ ရက္က ေနျပည္ေတာ္မွာ ေခၚယူစံုစမ္းစစ္ေဆးစဥ္ အဲဒီကိစၥကို သိရွိခဲ့ရတာျဖစ္ျပီး အဲဒီစာႏွစ္ေစာင္မွာ ေက်ာင္းစီမံခန္႔ခြဲေရးအဖြဲ႔ဝင္ေတြရဲ႕နာမည္ေတြပါရွိေပမယ့္ လက္မွတ္ေတြကေတာ့ အနည္းငယ္ကြဲလြဲေနတာ ေတြ႔ရတယ္လို႔ ကိုေဝယံထက္က ဆိုပါတယ္။

အခုလို ေက်ာင္းဘက္က တစ္ေစာင္သာတင္ျပခဲ့ျပီး ညႊန္ခ်ဳပ္က ႏွစ္ေစာင္လက္ခံထားရတယ္ဆိုတဲ့ ကိစၥနဲ႔ပတ္သက္လို႔ တကၠသိုလ္စီမံခန္႔ခြဲေရးအဖြဲ႔ဝင္ျဖစ္တဲ့ တကၠသိုလ္ရဲ႕ ဒုပါခ်ဳပ္ ေဒါက္တာတင္ထြန္းေအာင္ကို ဖုန္းဆက္သြယ္ေမးျမန္းၾကည့္ရာမွာ “ အဲဒါက ဆရာတို႔အေနနဲ႔ ေျပာလို႔မရပါဘူး။အဲဒီကေလးေတြ အေနနဲ႔က ေျပာေကာင္းေျပာတာရွိေပမယ့္ ဆရာတို႔ကက် ဒါေတြနဲ႔ ပတ္သက္တ့ဲ ဘာမွ ဟုတ္တယ္၊ မဟုတ္ဘူး ၊ တင္တယ္၊ မတင္ဘူး ေျပာလို႔မရဘူး။ က်န္တာအကုန္ေျပာလို႔ရပါတယ္ ” လို႔ ေျပာပါတယ္။

မႏၱေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္အေနနဲ႔ ႏိုင္ငံေတာ္သမၼတ ၫႊန္ၾကားခ်က္ကို ေက်ာ္လြန္ျပီး food court အတြက္ တင္ဒါေခၚယူတာမရွိဘဲ ရင္းႏွီးကြၽမ္းဝင္သူကုိ လုပ္ခြင့္ျပဳခဲ့တဲ့အတြက္ အေရးယူေပးဖို႔ဆိုျပီး စက္တင္ဘာ ၂ ရက္ကေန ၇ရက္အၾကာ ေက်ာင္းသားသမဂၢေတြဟာ သပိတ္ေမွာက္ ဆႏၵျပခဲ့ၾကပါတယ္။ အဲဒီေနာက္ ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စုအဆင့္ ဒုဝန္ႀကီးပါတဲ့ စံုစမ္း စစ္ေဆးေရးအဖြဲ႔ကေန စံုစမ္းစစ္ေဆးမွဳေတြ လုပ္ေဆာင္ေနခဲ့တာပါ။ ဒီစစ္ေဆးမွဳေတြကရတဲ့ေတြ႔ရွိခ်က္ေတြကို ႏိုင္ငံေတာ္သမၼတရံုးကို တင္ျပသြားမယ္လို႔ သိရပါတယ္။

သပိတ္ေမွာက္ေက်ာင္းသားေတြအေနနဲ႔ကေတာ့ အခုလို အရွဳတ္အေထြးေတြေၾကာင့္ မူလက ရည္မွန္းထားတဲ့အခ်ိန္ထက္ ပိုေစာင့္ရမယ္ဆိုေပမယ့္ စံုစမ္းစစ္ေဆးေရးအဖြဲ႔အေနနဲ႔ကလည္းဘယ္လိုေတြေဆာင္ရြက္ေနတယ္၊ ဘယ္အပိုင္းေတြ ျပီးသြားျပီ၊ ဘယ္အပိုင္းေတြလိုေနေသးတယ္ဆိုတာေတြကို  ပြင့္ပြင့္လင္းလင္း ခ်ျပတဲ့အေပၚမွာ မူတည္ျပီး သံုးသပ္သြားမယ္လို႔ သိရပါတယ္။“ တစ္ခုရွိတာက သူတို႔က ဒီကိစၥကို ဇာတ္ေမွ်ာၾကီးလို ထားျပီးေတာ့ ဒီလိုပဲလုပ္သြားမယ္ဆိုရင္ေတာ့ က်ေနာ္တုိ႔ဘက္က အက္ရွင္ျပန္လာရမွာေပါ့ ”လို႔  မႏၱေလးတကၠသိုလ္ေက်ာင္းသားသမဂၢ ဥကၠဌ ကိုေဝယံထက္က ေျပာပါတယ္။

#voiceofmyanmar # မႏၱေလးတကၠသိုလ္ #food court

Unicode

Food court ကိစ္စ ပညာရေးဝန်ကြီးဌာန ညွှန်ချုပ်နဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့တို့ကြားမှာ ကွဲလွဲမှုတွေရှိနေ

မန္တလေး အောက်တိုဘာ ၁-၂၀၁၉
ဖြူဖြူ (VOM)

မန္တလေးတက္ကသိုလ်ဝင်းအတွင်း ကျောင်းသားသမဂ္ဂတွေ သပိတ်မှောက်တောင်းဆိုခဲ့တဲ့ food court ကိစ္စမှာ ဆောက်လုပ်ခွင့်တောင်းခံတဲ့ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့နဲ့ ခွင့်ပြုခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက ညွှန်ချုပ်တို့ကြားမှာ ကွဲလွဲချက်တွေရှိနေတယ်လို့ သပိတ်ကော်မတီအဖွဲ့ဝင် ကျောင်းသားတွေဆီက သိရပါတယ်။

food court ဆောက်လုပ်ခွင့်ပြုဖို့ တင်ပြတဲ့စာဟာ ညွှန်ချုပ်ဆီမှာ နှစ်စောင်ဖြစ်နေပြီး ကျောင်းဘက်ကတော့ တစ်စောင်ပဲတင်ပြခဲ့တာပါဆိုတဲ့ ကွဲလွဲမှုဖြစ်ပေါ်နေတာကြောင့် အဲဒီဖြစ်ရပ်ရဲ့ စစ်ဆေးမှုအမှန်ပေါ်မှာ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

“ နှစ်ပိုင်းစဉ်းစားရမှာပေါ့၊ တစ်ခုကကျတော့ ညွှန်ချုပ်အပိုင်းပေ့ါ။ ကျောင်းဘက်ကနေ စာကတစ်ခုတည်းတင်တာပါဆိုရင် အဓိကပြသာနာက ညွှန်ချုပ်ပေ့ါ။ တကယ်လို့ ကျောင်းကနေသာ စာနှစ်ခုလုံးတင်တယ်ဆိုရင် ကျောင်းရဲ့ပြသနာပေါ့ ”လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေယံထက်က ပြောပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ခွင့်ပြုမိန့်တောင်းခံတဲ့စာမှာ food court ဆောက်လုပ်ခွင့်ပြုဖို့ တင်ပြချက်သာပါပြီး ၂၀၁၉ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ စာမှာတော့ Oriental House က ဖွင့်မှာဖြစ်ပြီး ညွှန်ကြားချက်ပေးပါရန်အတွက်သာ ပါရှိနေတာလို့ ကျောင်းသားသမဂ္ဂတွေဆီက တစ်ဆင့် သိရပါတယ်။

“ ညွှန်ချုပ်က နားလည်တာက food court ဆိုတာက common use လေ၊ အဲတော့ ဒီမှာရှိတဲ့အဆောက်အအုံကိုပဲ food court ပုံစံပြောင်းပြီးတော့ upgrade (အဆင့်မြှင့်)လုပ်မှာပေါ့။ အဲလိုပဲနားလည်တဲ့အတွက် သူက ဒီမှာရှိတဲ့ သက်ဆိုင်တဲ့ ဆရာသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂရဲ့သဘောထားကို ယူပြီးမှ ဆက်လက်ဆောင်ရွက်ပါဆိုပြီးတော့ ပြန်ပြီးစာပို့လိုက်တယ်ပေ့ါ။
ကျောင်းကနေပြီးတော့ food court ဖွင့်လှစ်ခွင့်ပြုပါရန် ညွှန်ကြားချက်ပေးပါရန် ၊ ဖွင့်လှစ်မှာ ဖြစ်ပါသဖြင့် ညွှန်ကြားချက်ပေးပါရန်ပေ့ါ။ ဒါပေမယ့် အဲ့မှာ နားလည်မှုလွဲကုန်တယ် ” လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးဝင်းမော်ထွန်းဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကနေ မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့ဝင်ဟောင်း ၁၇ ဦးနဲ့ ကျောင်းသားသမဂ္ဂ ၂ ဦးတို့ကို မနေ့ စက်တင်ဘာ ၂၈ ရက်က နေပြည်တော်မှာ ခေါ်ယူစုံစမ်းစစ်ဆေးစဉ် အဲဒီကိစ္စကို သိရှိခဲ့ရတာဖြစ်ပြီး အဲဒီစာနှစ်စောင်မှာ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ဝင်တွေရဲ့နာမည်တွေပါရှိပေမယ့် လက်မှတ်တွေကတော့ အနည်းငယ်ကွဲလွဲနေတာ တွေ့ရတယ်လို့ ကိုဝေယံထက်က ဆိုပါတယ်။

အခုလို ကျောင်းဘက်က တစ်စောင်သာတင်ပြခဲ့ပြီး ညွှန်ချုပ်က နှစ်စောင်လက်ခံထားရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်ဖြစ်တဲ့ တက္ကသိုလ်ရဲ့ ဒုပါချုပ် ဒေါက်တာတင်ထွန်းအောင်ကို ဖုန်းဆက်သွယ်မေးမြန်းကြည့်ရာမှာ “ အဲဒါက ဆရာတို့အနေနဲ့ ပြောလို့မရပါဘူး။အဲဒီကလေးတွေ အနေနဲ့က ပြောကောင်းပြောတာရှိပေမယ့် ဆရာတို့ကကျ ဒါတွေနဲ့ ပတ်သက်တဲ့ ဘာမှ ဟုတ်တယ်၊ မဟုတ်ဘူး ၊ တင်တယ်၊ မတင်ဘူး ပြောလို့မရဘူး။ ကျန်တာအကုန်ပြောလို့ရပါတယ် ” လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အနေနဲ့ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်ကို ကျော်လွန်ပြီး food court အတွက် တင်ဒါခေါ်ယူတာမရှိဘဲ ရင်းနှီးကျွမ်းဝင်သူကို လုပ်ခွင့်ပြုခဲ့တဲ့အတွက် အရေးယူပေးဖို့ဆိုပြီး စက်တင်ဘာ ၂ ရက်ကနေ ၇ရက်အကြာ ကျောင်းသားသမဂ္ဂတွေဟာ သပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့် ဒုဝန်ကြီးပါတဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ကနေ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့တာပါ။ ဒီစစ်ဆေးမှုတွေကရတဲ့တွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတရုံးကို တင်ပြသွားမယ်လို့ သိရပါတယ်။

သပိတ်မှောက်ကျောင်းသားတွေအနေနဲ့ကတော့ အခုလို အရှုတ်အထွေးတွေကြောင့် မူလက ရည်မှန်းထားတဲ့အချိန်ထက် ပိုစောင့်ရမယ်ဆိုပေမယ့် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ကလည်း ဘယ်လိုတွေဆောင်ရွက်နေတယ်၊ ဘယ်အပိုင်းတွေ ပြီးသွားပြီ၊ ဘယ်အပိုင်းတွေလိုနေသေးတယ်ဆိုတာတွေကို ပွင့်ပွင့်လင်းလင်း ချပြတဲ့အပေါ်မှာ မူတည်ပြီး သုံးသပ်သွားမယ်လို့ သိရပါတယ်။
“ တစ်ခုရှိတာက သူတို့က ဒီကိစ္စကို ဇာတ်မျှောကြီးလို ထားပြီးတော့ ဒီလိုပဲလုပ်သွားမယ်ဆိုရင်တော့ ကျနော်တို့ဘက်က အက်ရှင်ပြန်လာရမှာပေါ့ ”လို့ မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဝေယံထက်က ပြောပါတယ်။

#voiceofmyanmar # မန္တလေးတက္ကသိုလ် #food court

Related posts

Leave a Comment

VOM News

FREE
VIEW