မုံ႐ြာၿမိဳ႕ကေန အိႏၵိယႏိုင္ငံ ဗုဒၶဂါယာထိ တကိုယ္ေတာ္စက္ဘီးစီးနင္း

မုံ႐ြာ၊ ေအာက္တိုဘာ ၁ – ၂၀၁၉
ရန္ႏိုင္စိုး

မုံ႐ြာၿမိဳ႕ကေန တကိုယ္ေတာ္စက္ဘီးစီးနင္းၿပီး အိႏၵိယႏိုင္ငံ ဗုဒၶဂါယာအထိ အသြားအျပန္ မိုင္ေပါင္း ၂၄၀၀ ခရီးကိုသြားမယ့္ မုံ႐ြာၿမိဳ႕မွာေနထိုင္တဲ့ အသက္ ၄၉ ႏွစ္အ႐ြယ္ ကိုညီလႈိင္ဆိုသူဟာ ေအာက္တိုဘာလ ၁ ရက္ေန႔ မနက္ပိုင္းက မုံ႐ြာၿမိဳ႕ကေန အိႏၵိယႏိုင္ငံကို စတင္ထြက္ခြာသြားၿပီ ျဖစ္ပါတယ္။

” က်ေနာ္က မိုင္ ၆၀ ေလာက္ေတာ့ စက္ဘီးနဲ႔သြားဖူးတယ္၊ အခုလဲ က်ေနာ္တစ္ေယာက္တည္းပဲ။ အေစာင့္ေရွာက္ကေတာ့ မပါဘူး။ ဒါေပမယ့္ လမ္းမွာ ညအိပ္လို႔ရေအာင္ မိုးကာတဲေတြေတာ့ ေခါက္ထည့္ၿပီး ယူလာတယ္။ စားစရာပါတယ္။ အခုလို တကိုယ္ေတာ္ ခရီးရွည္စက္ဘီးစီးနင္းတာကေတာ့ ဘုရားဖူးဖို႔လဲ ပါတယ္။ေနာက္ၿပီး အဓိက လူငယ္ေတြအေနနဲ႔ စက္ဘီးကိုအသုံးျပဳၿပီး တိုင္းတပါးကို သြားခ်င္ေအာင္လို႔ ႏိုးေဆာ္တဲ့ သေဘာပါတယ္။ ကိုယ္က အရင္စီးျပလိုက္ရင္ ေနာက္လူငယ္ေတြလဲ လိုက္ၿပီးစီးလာၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္ ” လို႔ တကိုယ္ေတာ္စက္ဘီးစီးနင္းသူ ကိုညီလႈိင္က ေျပာပါတယ္။

ဗုဒၶဂါယာကိုသြားရာလမ္းေၾကာင္းကို GPSအသုံးျပဳကာ မုံ႐ြာ- ယာႀကီးလမ္းကေန ကေလး-တမူး-အင္ဖာ လမ္းေၾကာအတိုင္း သြားေရာက္မွာျဖစ္ၿပီး တစ္ရက္ကို မိုင္ ၄၀ အထက္ႏႈန္းျဖင့္ အသြားအျပန္ ၄၂ ရက္နဲ႔ ရက္ ၅၀ ၾကားခန႔္မွန္းထားတာ ျဖစ္ပါတယ္။
အိႏၵိယႏိုင္ငံအတြင္းဝင္ေရာက္ဖို႔ကိုေတာ့ ပတ္စပို႔စ္ ဗီဇာျပဳလုပ္ထားကာ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕ သြားလာဖို႔ ခ်ိတ္ဆက္လုပ္ထားတာမ်ိဳးေတာ့ မရွိဘူးလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁ရက္ေန႔ ကလည္း ေညာင္ဦးၿမိဳ႕မွာေနထိုင္တဲ့ ကိုရဲလင္းထိုက္(ခ)ကိုေမာ္ႀကီး ဆိုသူကလည္း ေညာင္ဦးၿမိဳ႕ကေန အိႏၵိယႏိုင္ငံ ဗုဒၶဂါယာထိ အခ်ိန္တစ္လၾကာ ပထမဦးဆုံးအႀကိမ္ တကိုယ္ေတာ္ စက္ဘီးစီးနင္းခဲ့တာလည္း ျဖစ္ပါတယ္။

#voiceofmyanmar# မုံ႐ြာၿမိဳ႕ကေန#အိႏၵိယႏိုင္ငံဗုဒၶဂါယာထိ#တကိုယ္ေတာ္စက္ဘီးစီးနင္း#

 

Unicode

မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာထိ တကိုယ်တော်စက်ဘီးစီးနင်း

မုံရွာ၊ အောက်တိုဘာ ၁ – ၂၀၁၉
ရန်နိုင်စိုး

မုံရွာမြို့ကနေ တကိုယ်တော်စက်ဘီးစီးနင်းပြီး အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာအထိ အသွားအပြန် မိုင်ပေါင်း ၂၄၀၀ ခရီးကိုသွားမယ့် မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် ကိုညီလှိုင်ဆိုသူဟာ အောက်တိုဘာလ ၁ ရက်နေ့ မနက်ပိုင်းက မုံရွာမြို့ကနေ အိန္ဒိယနိုင်ငံကို စတင်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

” ကျနော်က မိုင် ၆၀ လောက်တော့ စက်ဘီးနဲ့သွားဖူးတယ်၊ အခုလဲ ကျနော်တစ်ယောက်တည်းပဲ။ အစောင့်ရှောက်ကတော့ မပါဘူး။ ဒါပေမယ့် လမ်းမှာ ညအိပ်လို့ရအောင် မိုးကာတဲတွေတော့ ခေါက်ထည့်ပြီး ယူလာတယ်။ စားစရာပါတယ်။ အခုလို တကိုယ်တော် ခရီးရှည်စက်ဘီးစီးနင်းတာကတော့ ဘုရားဖူးဖို့လဲ ပါတယ်။နောက်ပြီး အဓိက လူငယ်တွေအနေနဲ့ စက်ဘီးကိုအသုံးပြုပြီး တိုင်းတပါးကို သွားချင်အောင်လို့ နိုးဆော်တဲ့ သဘောပါတယ်။ ကိုယ်က အရင်စီးပြလိုက်ရင် နောက်လူငယ်တွေလဲ လိုက်ပြီးစီးလာကြလိမ့်မယ်လို့ မျှော်လင့်တယ် ” လို့ တကိုယ်တော်စက်ဘီးစီးနင်းသူ ကိုညီလှိုင်က ပြောပါတယ်။

ဗုဒ္ဓဂါယာကိုသွားရာလမ်းကြောင်းကို GPSအသုံးပြုကာ မုံရွာ- ယာကြီးလမ်းကနေ ကလေး-တမူး-အင်ဖာ လမ်းကြောအတိုင်း သွားရောက်မှာဖြစ်ပြီး တစ်ရက်ကို မိုင် ၄၀ အထက်နှုန်းဖြင့် အသွားအပြန် ၄၂ ရက်နဲ့ ရက် ၅၀ ကြားခန့်မှန်းထားတာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအတွင်းဝင်ရောက်ဖို့ကိုတော့ ပတ်စပို့စ် ဗီဇာပြုလုပ်ထားကာ တစ်မြို့နဲ့တစ်မြို့ သွားလာဖို့ ချိတ်ဆက်လုပ်ထားတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ ကလည်း ညောင်ဦးမြို့မှာနေထိုင်တဲ့ ကိုရဲလင်းထိုက်(ခ)ကိုမော်ကြီး ဆိုသူကလည်း ညောင်ဦးမြို့ကနေ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာထိ အချိန်တစ်လကြာ ပထမဦးဆုံးအကြိမ် တကိုယ်တော် စက်ဘီးစီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar# မုံရွာမြို့ကနေ#အိန္ဒိယနိုင်ငံဗုဒ္ဓဂါယာထိ#တကိုယ်တော်စက်ဘီးစီးနင်း#

Related posts

Leave a Comment

VOM News

FREE
VIEW