စစ္ေဘးေရွာင္ေတြကို အစိုးရကဘယ္လိုေထာက္ပံ့ေနလဲဆိုတဲ့ ေမးခြန္းကို လႊတ္ေတာ္မွာ ေမးျမန္း

စစ္ေတြ၊ ေအာက္တိုဘာ ၁-၂၀၁၉
ခိုင္လင္းစံ (VOM)

ရခိုင္ျပည္နယ္အတြင္းက တိုက္ပြဲျဖစ္စဥ္ေတြအၾကားမွာ ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးေရွာင္ေတြကို အစိုးရအေနနဲ႔ ဘယ္ဘိုေထာက္ပံ့မႈေတြေဆာင္႐ြက္ေနတယ္ဆိုတာကို သိရွိလိုတဲ့အတြက္ ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ မေန႔ စက္တင္ဘာ ၃၀ ရက္ေန႔က ေမးျမန္းခဲ့တာျဖစ္ပါတယ္။

အဲဒီေမးခြန္းကို ေျမာက္ဦးမဲဆႏၵနယ္ေျမ အမွတ္(၁)လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းသာစိန္က ေမးျမန္းခဲ့တာျဖစ္ၿပီး စစ္ပြဲေတြျဖစ္ပြားစဥ္ကာလ ႏိုင္ငံေတာ္အစိုးရအနနဲ႔ ခ်က္ခ်င္းေထာက္ပံ့မႈေပးခဲ့ေၾကာင္း သိရွိေနရၿပီး ယင္းကူညီေထာက္ပံ့မႈ ေတြကို မည္သို႔မည္ပုံေထာက္ပံ့ေပးထားတယ္ဆိုတာကို သိရွိလိုတဲ့အတြက္ ေမးျမန္းခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၈ ရက္ေန႔ကစတင္ၿပီး ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ မင္းျပားၿမိဳ႕နယ္မ်ားရွိ ယာယီခိုလႈံရာစခန္း ၄၇ ခုမွာ စစ္ေဘးေရွာင္အိမ္ေထာင္စု ၂၄၈၄ စု၊ လူဦးေရ ၁၀၆၉၄ တို႔အတြက္ ဆန္ရိကၡာ၊ အဝတ္အထည္၊ အသုံးအေဆာင္နဲ႔ ေသဆုံးဒဏ္ရာရရွိသူေတြအတြက္ တန္းဖိုးက်ပ္ေငြ ၁၇၉ ဒသမ ၆၂၀၅၇၀၀ က်ပ္ကို ေပးခဲ့ေၾကာင္း သိရွိရပါတယ္။

၂၀၁၉ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔မွာလည္း အိမ္ေထာင္စု ၂၆၅၅ စု၊ လူဦးေရ ၁၁၃၆၃ ဦးအတြက္ ၁၀၂ ဒသမ ၂၆၇ က်ပ္၊ ၾသဂုတ္လ ၂၂ ရက္ေန႔မွာလည္း ၁၅၆၁ ဒသမ ၈၂ သိန္းကိုေပးအပ္ခဲ့ျခင္းျဖစ္ကာ ႏိုင္ငံေတာ္အစိုးရ ေထာက္ပံ့ေပးအပ္မႈ အႀကိမ္အေရအတြက္ ၆ ႀကိမ္ထိ ရွိခဲ့ၿပီလို႔ ဦးထြန္းသာစိန္ကေျပာပါတယ္။

အစိုးရအေနနဲ႔ အကူအညီေပးေရးလုပ္ငန္းစဥ္ေတြကို ေဆာင္႐ြက္တဲ့အခါမွာ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဌာနကေန ေပးအပ္ေနျခင္းျဖစ္ၿပီး လုံၿခဳံေရးေၾကာင့္ ကိုယ္တိုင္မသြားေရာက္ႏိုင္တဲ့ေဒသေတြကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးေတြဆီကေန ေပးထားတယ္လို႔ဆိုပါတယ္။

ရခိုင္ျပည္နယ္လႊတ္ေတာ္ဥကၠဌကေတာ့ ႏိုင္ငံတကာအဖြဲ႕အစည္းေတြမွာ ဒုကၡသည္ေတြကို ေထာက္ပံ့ကူညီေပးဖို႔ ရိကၡာနဲ႔ တျခားပစၥည္းေတြအလုံအေလာက္ရွိေနၿပီး အဲ့ဒီအဖြဲ႕အစည္းေတြကို အကူအညီေပးႏိုင္ေအာင္ အစိုးရက ေဆာင္႐ြက္ေပးဖို႔အတြက္ကိုလည္း တိုက္တြန္းခဲ့ပါတယ္။

#voiceofmyanmar#စစ္ေတြ#စစ္ေဘးေရွာင္ေတြကိုအစိုးရက#ဘယ္လိုေထာက္ပံ့ေနလဲဆိုတဲ့ေမးခြန္းကို#လႊတ္ေတာ္မွာ ေမးျမန္း#

Unicode

စစ်ဘေးရှောင်တွေကို အစိုးရကဘယ်လိုထောက်ပံ့နေလဲဆိုတဲ့ မေးခွန်းကို လွှတ်တော်မှာ မေးမြန်း

စစ်တွေ၊ အောက်တိုဘာ ၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်စဉ်တွေအကြားမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေကို အစိုးရအနေနဲ့ ဘယ်ဘိုထောက်ပံ့မှုတွေဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့က မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းကို မြောက်ဦးမဲဆန္ဒနယ်မြေ အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မေးမြန်းခဲ့တာဖြစ်ပြီး စစ်ပွဲတွေဖြစ်ပွားစဉ်ကာလ နိုင်ငံတော်အစိုးရအနနဲ့ ချက်ချင်းထောက်ပံ့မှုပေးခဲ့ကြောင်း သိရှိနေရပြီး ယင်းကူညီထောက်ပံ့မှု တွေကို မည်သို့မည်ပုံထောက်ပံ့ပေးထားတယ်ဆိုတာကို သိရှိလိုတဲ့အတွက် မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ကစတင်ပြီး ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်များရှိ ယာယီခိုလှုံရာစခန်း ၄၇ ခုမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၂၄၈၄ စု၊ လူဦးရေ ၁၀၆၉၄ တို့အတွက် ဆန်ရိက္ခာ၊ အဝတ်အထည်၊ အသုံးအဆောင်နဲ့ သေဆုံးဒဏ်ရာရရှိသူတွေအတွက် တန်းဖိုးကျပ်ငွေ ၁၇၉ ဒသမ ၆၂၀၅၇၀၀ ကျပ်ကို ပေးခဲ့ကြောင်း သိရှိရပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာလည်း အိမ်ထောင်စု ၂၆၅၅ စု၊ လူဦးရေ ၁၁၃၆၃ ဦးအတွက် ၁၀၂ ဒသမ ၂၆၇ ကျပ်၊ သြဂုတ်လ ၂၂ ရက်နေ့မှာလည်း ၁၅၆၁ ဒသမ ၈၂ သိန်းကိုပေးအပ်ခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်အစိုးရ ထောက်ပံ့ပေးအပ်မှု အကြိမ်အရေအတွက် ၆ ကြိမ်ထိ ရှိခဲ့ပြီလို့ ဦးထွန်းသာစိန်ကပြောပါတယ်။

အစိုးရအနေနဲ့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကနေ ပေးအပ်နေခြင်းဖြစ်ပြီး လုံခြုံရေးကြောင့် ကိုယ်တိုင်မသွားရောက်နိုင်တဲ့ဒေသတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီကနေ ပေးထားတယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့ ရိက္ခာနဲ့ တခြားပစ္စည်းတွေအလုံအလောက်ရှိနေပြီး အဲ့ဒီအဖွဲ့အစည်းတွေကို အကူအညီပေးနိုင်အောင် အစိုးရက ဆောင်ရွက်ပေးဖို့အတွက်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

#voiceofmyanmar#စစ်တွေ#စစ်ဘေးရှောင်တွေကိုအစိုးရက#ဘယ်လိုထောက်ပံ့နေလဲဆိုတဲ့မေးခွန်းကို#လွှတ်တော်မှာ မေးမြန်း#

Related posts

Leave a Comment

VOM News

FREE
VIEW