ထိုင္ဝမ္မွာ တံတားတစ္စင္းက်ိဳးက်၊ လူဆယ္ဦးဒါဏ္ရာရျပီး ေျခာက္ဦးပိတ္မိေန

တိုင္ေပ၊ ေအာက္တိုဘာ-၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ထိုင္ဝမ္အေရွ႕ေျမာက္ပိုင္း ဆိပ္ကမ္းတစ္ခုရိွ တံတားတစ္စင္းဟာ ေအာက္တိုဘာ ၁ ရက္ေန ့မွာ က်ိဳးက်သြားတာေၾကာင္႔ လူဆယ္ဦးဒါဏ္ရာရရိွသြားျပီး ငါးဖမ္းသေဘၤာအခ်ိဳ႕လည္း ပ်က္စီးသြားကာ သေဘၤာသားေျခာက္ဦးပိတ္မိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ရာေပါင္းမ်ားစြာေသာ ကယ္ဆယ္ေရးသမားေတြဟာ က်ိဳးက်သြားတဲ႔ တံတားပိမိေနတဲ႔ သေဘၤာေတြ လြတ္ေျမာက္ေရးအတြက္ ကရိန္းေတြ တူးေဖာ္ေရးစက္နဲ႔ အျခားကိရိယာေတြနဲ႔အတူ အခင္းျဖစ္ရာကို အလ်င္အျမန္ေရာက္ရိွေနျပီး ေရငုပ္သမားေတြကလည္း ပိတ္မိေနသူေတြလြတ္ေျမာက္ေရး ေဆာင္ရြက္ေနၾကပါတယ္။

အဲဒီတံတားဟာ ေရနံတင္သေဘၤာတစ္စင္း ျဖတ္သန္းသြားခ်ိန္ မနက္ ၉ နာရီ ခြဲေလာက္မွာ က်ိဳးက်သြားတာျဖစ္ျပီး ေရနံတင္သေဘၤာလည္း မီးေလာင္ကြ်မ္းခဲ႔တယ္လို႔ ဆူအိုဆိပ္ကမ္းျမိဳ႕ ျမိဳ႕ေတာ္၀န္ရဲ႕ အတြင္းေရးမွဴးကေျပာပါတယ္။ တံတားက်ိဳးက်သြားခ်ိန္မွာ ပိမိသြားတဲ႔ သေဘၤာေပၚက သေဘၤာသားအခ်ိဳ႕ ပိတ္မိေနတာကို စိုးရိမ္ေနၾကတယ္လို႔ သူက ဆိုပါတယ္။

ဒါဏ္ရာရသူ ၁၀ ဦးထဲက အမ်ားစုဟာ နိုင္ငံျခားသား ငါးဖမ္းသမားေတြျဖစ္ျပီး သေဘၤာသားေျခာက္ဦးပိတ္မိေနတယ္လို႔ အမ်ိဳးသားမီးသတ္ဌာနက ထုတ္ျပန္ပါတယ္။ မီတာ ၁၄၀ အရွည္ရိွတဲ႔ အဲဒီတံတားဟာ ၁၉၉၈ ခုနွစ္ေလာက္ကတည္ေဆာက္ခဲ႔တာျဖစ္ျပီး ၂၀၁၈ ခုနွစ္မွာ ျပန္လည္ျပင္ဆင္မႈေတြလုပ္ခဲ႔တယ္လို႔ ထိုင္ဝမ္ဗဟိုသတင္းဌာနက ေဖာ္ျပပါတယ္။

Ref : Reuters Photo : Getty Images
#voiceofmyanmar#ထိုင္ဝမ္မွာ#တံတားတစ္စင္းက်ိဳးက်#လူဆယ္ဦးဒါဏ္ရာရျပီးေျခာက္ဦးပိတ္မိေန#

 

Unicode

ထိုင်ဝမ်မှာ တံတားတစ်စင်းကျိုးကျ၊ လူဆယ်ဦးဒါဏ်ရာရပြီး ခြောက်ဦးပိတ်မိနေ

တိုင်ပေ၊ အောက်တိုဘာ-၁-၂၀၁၉
မျိုးဆက် (VOM)

ထိုင်ဝမ်အရှေ့မြောက်ပိုင်း ဆိပ်ကမ်းတစ်ခုရှိ တံတားတစ်စင်းဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ကျိုးကျသွားတာကြောင့် လူဆယ်ဦးဒါဏ်ရာရရှိသွားပြီး ငါးဖမ်းသင်္ဘောအချို့လည်း ပျက်စီးသွားကာ သင်္ဘောသားခြောက်ဦးပိတ်မိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရာပေါင်းများစွာသော ကယ်ဆယ်ရေးသမားတွေဟာ ကျိုးကျသွားတဲ့ တံတားပိမိနေတဲ့ သင်္ဘောတွေ လွတ်မြောက်ရေးအတွက် ကရိန်းတွေ တူးဖော်ရေးစက်နဲ့ အခြားကိရိယာတွေနဲ့အတူ အခင်းဖြစ်ရာကို အလျင်အမြန်ရောက်ရှိနေပြီး ရေငုပ်သမားတွေကလည်း ပိတ်မိနေသူတွေလွတ်မြောက်ရေး ဆောင်ရွက်နေကြပါတယ်။

အဲဒီတံတားဟာ ရေနံတင်သင်္ဘောတစ်စင်း ဖြတ်သန်းသွားချိန် မနက် ၉ နာရီ ခွဲလောက်မှာ ကျိုးကျသွားတာဖြစ်ပြီး ရေနံတင်သင်္ဘောလည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆူအိုဆိပ်ကမ်းမြို့ မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးကပြောပါတယ်။ တံတားကျိုးကျသွားချိန်မှာ ပိမိသွားတဲ့ သင်္ဘောပေါ်က သင်္ဘောသားအချို့ ပိတ်မိနေတာကို စိုးရိမ်နေကြတယ်လို့ သူက ဆိုပါတယ်။

ဒါဏ်ရာရသူ ၁၀ ဦးထဲက အများစုဟာ နိုင်ငံခြားသား ငါးဖမ်းသမားတွေဖြစ်ပြီး သင်္ဘောသားခြောက်ဦးပိတ်မိနေတယ်လို့ အမျိုးသားမီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ မီတာ ၁၄၀ အရှည်ရှိတဲ့ အဲဒီတံတားဟာ ၁၉၉၈ ခုနှစ်လောက်ကတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပြန်လည်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လို့ ထိုင်ဝမ်ဗဟိုသတင်းဌာနက ဖော်ပြပါတယ်။

Ref : Reuters Photo : Getty Images
#voiceofmyanmar#ထိုင်ဝမ်မှာ#တံတားတစ်စင်းကျိုးကျ#လူဆယ်ဦးဒါဏ်ရာရပြီးခြောက်ဦးပိတ်မိနေ#

Related posts

Leave a Comment

VOM News

FREE
VIEW