စာမေးပွဲဖြေပြီးပြန်လာတဲ့ ဆယ်တန်းကျောင်းသူသုံးဦး ခြောက်ဘီးကားတိုက်မိပြီး အခင်းဖြစ်နေရာမှာ ကျောင်းသူနှစ်ဦးသေဆုံး

မင်းလှ၊ အောက်တိုဘာ ၄-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်ကားလမ်း
သရော်အမ်အုပ်စု၊ သစ်တူးအိုင်ကျေးရွာအနီး မှာ မနေ့ နေ့လည် တစ်နာရီဝန်းကျင်က စာစာမေးပွဲဖြေအပြီး စက်ဘီးကိုယ်စီနဲ့ပြန်လာသော သရက်တပင် အ.ထ.က ကျောင်းက ဆယ်တန်းကျောင်းသူသုံးဦးကို နောက်ကနေ
ခြောက်ဘီးယာဉ်နဲ့တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မင်းလှမြို့မရဲစခန်းကသိရပါတယ်။

ယဉ်တိုက်မှုကြောင့် လတ်ဆတ်ကျေးရွာနေ ဦးကျော်လင်းထွန်းရဲ့သမီး အသက် 16နှစ်အရွယ်ရှိ မအင်ကြင်းမောင်နဲ့ သစ်တူးအိုင်ကျေးရွာနေ
ဦးသက်နိုင်ဝင်းရဲ့သမီးအသက်16နှစ်အရွယ်ရှိ မရွှန်းလဲ့ဖြူတို့မှာ အခင်းဖြစ်နေရာတွင်သေဆုံးသွားပြီး ရွှေစံပြည့်ရွာနေ ဦးဝင်းကြိုင်ရဲ့သမီး အသက်17နှစ်အရွယ်ရှိမငုဝါခိုင် မှာအတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

အနီးပတ်ဝန်းကျင်ရဲ့ပြောကြားချက်အရ အသက် (၂၄)နှစ်အရွယ်ရှိ ဟန်ဝင်းထွန်း မောင်းနှင်လာတဲ့ 8A-8417 Fuso ခြောက်ဘီးကားဟာ မိုင်တိုင်အမှတ်103/5နဲ့103/6ကြားမှာ အ-ထ-က ကျောင်းမှ
စာမေးပွဲဖြေပြီးပြန်လာတဲ့ကျောင်းသူသုံးဦးကိုနောက်ကနေဝင်တ်ုက်မိတယ်လို့ ပြောပါတယ်။

ဆယ်တန်းကျောင်းသူသုံးဦးကို နောက်ကနေ
ခြောက်ဘီးယာဉ်နဲ့တိုက်မိလို့ နှစ်ဦးမှာ အခင်းဖြစ်နေရာတင်သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တဲ့အတွက်
ယာဉ်မောင်းဟန်ဝင်းထွန်းကို မင်းလှမြို့မရဲစခန်းက (ပ)၂၅/၂၀၁၉ရာဇသတ်ကြီးပုဒ်မ-
၃၃၈/ ၃၀၄-ကနဲ့အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

#voiceofmyanmar#မင်းလှ#စာမေးပွဲဖြေပြီးပြန်လာတဲ့ဆယ်တန်းကျောင်းသူသုံးဦး ခြောက်ဘီးကားတိုက်မိပြီး#အခင်းဖြစ်နေရာမှာကျောင်းသူနှစ်ဦးသေဆုံး#

Zawgyi Code

စာေမးပြဲေျဖၿပီးျပန္လာတဲ့ ဆယ္တန္းေက်ာင္းသူသုံးဦး ေျခာက္ဘီးကားတိုက္မိၿပီး အခင္းျဖစ္ေနရာမွာ ေက်ာင္းသူနွစ္ဦးေသဆံုး

မင္းလွ၊ ေအာက္တိုဘာ ၄-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္ ရန္ကုန္-ျပည္ကားလမ္း
သေရာ္အမ္အုပ္စု၊ သစ္တူးအိုင္ေက်း႐ြာအနီး မွာ မေန႔ ေန႔လည္ တစ္နာရီ၀န္းက်င္က စာစာေမးပြဲေျဖအၿပီး စက္ဘီးကိုယ္စီနဲ႕ျပန္လာေသာ သရက္တပင္ အ.ထ.က ေက်ာင္းက ဆယ္တန္းေက်ာင္းသူသုံးဦးကို ေနာက္ကေန
ေျခာက္ဘီးယာဥ္နဲ႔တိုက္မိတဲ့ျဖစ္စဥ္ ျဖစ္ပြားခဲ့တယ္လို႔ မင္းလွၿမိဳ႕မရဲစခန္းကသိရပါတယ္။

ယဥ္တိုက္မႈေၾကာင့္ လတ္ဆတ္ေက်း႐ြာေန ဦးေက်ာ္လင္းထြန္းရဲ႕သမီး အသက္ 16ႏွစ္အရြယ္ရွိ မအင္ၾကင္းေမာင္နဲ႔ သစ္တူးအိုင္ေက်း႐ြာေန
ဦးသက္ႏိုင္၀င္းရဲ႕သမီးအသက္16ႏွစ္အရြယ္ရွိ မ႐ႊန္းလဲ့ျဖဴတို႔မွာ အခင္းျဖစ္ေနရာတြင္ေသဆုံးသြားၿပီး ေ႐ႊစံျပည့္႐ြာေန ဦး၀င္းႀကိဳင္ရဲ႕သမီး အသက္17ႏွစ္အရြယ္ရွိမငုဝါခိုင္ မွာအတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနရတယ္လို႔ ရဲမွတ္တမ္းအရသိရပါတယ္။

အနီးပတ္ဝန္းက်င္ရဲ႕ေျပာၾကားခ်က္အရ အသက္ (၂၄)ႏွစ္အရြယ္ရွိ ဟန္၀င္းထြန္း ေမာင္းႏွင္လာတဲ့ 8A-8417 Fuso ေျခာက္ဘီးကားဟာ မိုင္တိုင္အမွတ္103/5နဲ႔103/6ၾကားမွာ အ-ထ-က ေက်ာင္းမွ
စာေမးပြဲေျဖၿပီးျပန္လာတဲ့ေက်ာင္းသူသုံးဦးကိုေနာက္ကေန၀င္တ္ုက္မိတယ္လို႔ ေျပာပါတယ္။

ဆယ္တန္းေက်ာင္းသူသုံးဦးကို ေနာက္ကေန
ေျခာက္ဘီးယာဥ္နဲ႔တိုက္မိလို႔ ႏွစ္ဦးမွာ အခင္းျဖစ္ေနရာတင္ေသဆုံးၿပီး တစ္ဦးဒဏ္ရာရခဲ့တဲ့အတြက္
ယာဥ္ေမာင္းဟန္၀င္းထြန္းကို မင္းလွၿမိဳ႕မရဲစခန္းက (ပ)၂၅/၂၀၁၉ရာဇသတ္ႀကီးပုဒ္မ-
၃၃၈/ ၃၀၄-ကနဲ႔အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar#မင္းလွ#စာေမးပြဲေျဖၿပီးျပန္လာတဲ့ဆယ္တန္းေက်ာင္းသူသုံးဦး ေျခာက္ဘီးကားတိုက္မိၿပီး#အခင္းျဖစ္ေနရာမွာေက်ာင္းသူနွစ္ဦးေသဆံုး#

Related posts

Leave a Comment

VOM News

FREE
VIEW