ဟောင်ကောင်မှာ မျက်နှာဖုံးတပ် ဆန္ဒပြတာကို တားမြစ်တဲ့အမိန့်ထုတ်

Unicode

ဟောင်ကောင်၊ အောက်တိုဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေ လေးလနီးပါးကြာမြင့်ပြီးနောက် မျက်နှာဖုံးတပ်ဆင်တာတွေကို တားမြစ်ပိတ်ပင်ဖို့အတွက် ကိုလိုနီခေတ်ကတည်းကရှိခဲ့တဲ့ အရေးပေါ်ဥပဒေတစ်ရပ်ကို အသုံးပြုပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလန်းက အမိန့်ထုတ်လိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ ဟောင်ကောင်တစ်ဝန်း အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၄ ရက် ဒီနေ့မှာ အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေဟာ မြို့တော်ကို ဖျက်ဆီးနေတာဖြစ်ပြီး ဆိုးရွားသထက်ဆိုးရွားလာတဲ့ အခြေအနေကို အာဏာပိုင်တွေက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးလို့ ကာရီလန်းကဆိုပါတယ်။ မျက်နှာဖုံးတွေ တပ်ဆင်တာကို တားမြစ်တဲ့အမိန့်ဟာ စနေနေ့မှာ စတင်သက်ဝင်မှာဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးကာရီလန်း အသုံးပြုခဲ့တဲ့ ဥပဒေဟာ ၁၉၉၂ ခုနှစ် ကိုလိုနီခေတ်က အရေးပေါ် စည်းမျဉ်းလုပ်ထုံးဖြစ်ပြီး ၁၉၆၇ ခုနှစ်မှာ ဟောင်ကောင်မငြိမ်မသက်မှုဖြစ်ပွားပြီးနောက်ပိုင်းကတည်းက အသုံးပြုခဲ့ခြင်းမရှိပါဘူး။

သံသယရှိသူတရားခံကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းစီရင်တာကို ခွင့်ပြုတဲ့ တရားခံလွှဲပြောင်းရေး ဥပဒေကြာင့် ဟောင်ကောင်ဆန္ဒပြပွဲတွေဟာ ဇွန်လမှ စတင်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာ အဲဒီဥပဒေကို ဖျက်သိမ်းလိုက်ပေမယ့် ဆန္ဒပြပွဲတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှုအသွင်ကို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲနေပါတယ်။

Ref : BBC
Photo : Getty Images

#voiceofmyanmar #ဟောင်ကောင်

 

#zawgyi

ေဟာင္ေကာင္မွာ မ်က္နွာဖံုးတပ္ ဆႏၵျပတာကို တားျမစ္တဲ႔အမိန္႔ထုတ္

ေဟာင္ေကာင္၊ ေအာက္တိုဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဟာင္ေကာင္မွာ ျဖစ္ပြားေနတဲ႔ ဆႏၵျပပြဲေတြ ေလးလနီးပါးၾကာျမင္႔ျပီးေနာက္ မ်က္နွာဖံုးတပ္ဆင္တာေတြကို တားျမစ္ပိတ္ပင္ဖို႔အတြက္ ကိုလိုနီေခတ္ကတည္းကရွိခဲ႕တဲ႕ အေရးေပၚဥပေဒတစ္ရပ္ကို အသံုးျပဳျပီး ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး ကာရီလန္းက အမိန္႔ထုတ္လိုက္ပါတယ္။

တရုတ္ျပည္သူ႔သမၼတနိုင္ငံတည္ေထာင္ျခင္း နွစ္ ၇၀ ျပည္႔အထိမ္းအမွတ္ျဖစ္တဲ႔ ေအာက္တိုဘာ ၁ ရက္ေန႔မွာ ေဟာင္ေကာင္တစ္၀န္း အၾကမ္းဖက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ပြားခဲ႔ျပီးေနာက္ ေအာက္တိုဘာ ၄ ရက္ ဒီေန႔မွာ အမိန္႔ထုတ္လုိက္တာျဖစ္ပါတယ္။

အၾကမ္းဖက္မႈေတြဟာ ျမိဳ႕ေတာ္ကို ဖ်က္ဆီးေနတာျဖစ္ျပီး ဆိုးရြားသထက္ဆိုးရြားလာတဲ႔ အေျခအေနကို အာဏာပိုင္ေတြက လက္ပိုက္ၾကည္႔ေနမွာမဟုတ္ဘူးလို႔ ကာရီလန္းကဆိုပါတယ္။ မ်က္နွာဖံုးေတြ တပ္ဆင္တာကို တားျမစ္တဲ႔အမိန္႔ဟာ စေနေန႔မွာ စတင္သက္၀င္မွာျဖစ္ပါတယ္။

အုပ္ခ်ဳပ္ေရးမွဴးကာရီလန္း အသံုးျပဳခဲ႔တဲ႔ ဥပေဒဟာ ၁၉၉၂ ခုနွစ္ ကိုလိုနီေခတ္က အေရးေပၚ စည္းမ်ဥ္းလုပ္ထံုးျဖစ္ျပီး ၁၉၆၇ ခုနွစ္မွာ ေဟာင္ေကာင္မျငိမ္မသက္မႈျဖစ္ပြားျပီးေနာက္ပိုင္းကတည္းက အသံုးျပဳခဲ႔ျခင္းမရိွပါဘူး။

သံသယရိွသူတရားခံကို တရုတ္ျပည္မၾကီးဆီ လႊဲေျပာင္းစီရင္တာကို ခြင္႔ျပဳတဲ႔ တရားခံလႊဲေျပာင္းေရး ဥပေဒၾကာင္႔ ေဟာင္ေကာင္ဆႏၵျပပြဲေတြဟာ ဇြန္လမွ စတင္ျဖစ္ပြားခဲ႔ပါတယ္။ လက္ရိွမွာ အဲဒီဥပေဒကို ဖ်က္သိမ္းလိုက္ေပမယ္႔ ဆႏၵျပပြဲေတြဟာ ဒီမိုကေရစီအေရး လႈပ္ရွားမႈအသြင္ကို က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာင္းလဲေနပါတယ္။

Ref : BBC
Photo : Getty Images

#voiceofmyanmar #ေဟာင္ေကာင္

Related posts

Leave a Comment

VOM News

FREE
VIEW