ပလက္ဝၿမိဳ႕နယ္အတြင္း ေပါက္ကြဲမႈျဖစ္ပြား

ZAWGYI

ပလက္ဝက္ဝ၊ ေအာက္တုိဘာ ၄-၂၀၁၉

ခုိင္လင္းစံ (VOM)

 

ခ်င္းျပည္နယ္ေတာင္ပိုင္းေဒသ ပလက္ဝၿမိဳ႕အနီးမွာ ဒီကေန႔မနက္ပုိင္း ၉ နာရီေလာက္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ တယ္လို႔ ပလက္ဝေဒသခံေတြရဲ႕ေျပာဆိုခ်က္အရသိရပါတယ္။

အဲ့ဒီေပါက္ကြဲမႈဟာ ပလက္ဝၿမိဳ႕နဲ႔ကပ္ရက္တည္ရွိေနတဲ့ ပလက္ေခ်ာင္းဝတစ္ဖက္ကမ္း ၿမိဳ႕ဦးေစတီအနီးက ၂၈၉ တပ္ရင္းနားမွာ ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

 

“ကၽြန္ေတာ္တုိ႔သိရတာက တပ္ကသြားလာေနတုန္း ေပါက္ကြဲမႈျဖစ္တယ္လို႔ၾကားတယ္။ အဲ့ဒီနားမွာ တပ္ရွိတယ္။ ၂၈၉ တပ္ရင္းနားမွာျဖစ္တာ။ အထိအခိုက္ေတာ့မသိရေသးဘူး။”လို႔ ပလက္ဝၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

 

အဲ့ဒီေပါက္ကြဲမႈျဖစ္စဥ္နဲ႔တ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ကို ေမးျမန္းခဲ့ရာမွာေတာ့ တပ္မေတာ္စစ္ေၾကာင္းေတြ သြားလာေနတုန္း AA ဘက္က ေဖာက္ခြဲျခင္းခံလိုက္ရတာျဖစ္တယ္လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးက ေျပာဆိုပါတယ္။

 

“အဲ့ဒီပလက္ဝရဲ႕ေျမာက္ဘက္မွာ ေရႊျပည္ရြာဆိုတာရွိတယ္။ အဲ့ဒီရြာရဲ႕ေျမာက္ဘက္မွာ ကၽြန္ေတာ္တုိ႔စစ္ေၾကာင္း တစ္ေၾကာင္းက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့အခ်ိန္ ေအေအးဘက္က ရီမုတ္မိုင္းနဲ႔ခြဲတာျဖစ္တယ္။ ဘာမွေတာ့မျဖစ္ဘူး”လို႔ ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကေျပာပါတယ္။

 

ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္ဟာ ရခုိ္င္ျပည္နယ္နဲ႔ တစ္ဆက္တစ္စပ္တည္းတည္ရွိေနတဲ့ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး လက္ရွိ္မွာ ျမန္မာ့တပ္မေတာ္နဲ႔ ေအေအတို႔အၾကားတိုက္ပြဲေတြ အဓိကျဖစ္ပြားရာ နယ္ေျမတစ္ခုလည္းျဖစ္ပါတယ္။

#voiceofmyanmar #ပလက္ဝ #AA #မိုုင္းခြဲ

 

Unicode

ပလက်ဝမြို့နယ်အတွင်း ပေါက်ကွဲမှုဖြစ်ပွား

ပလက်ဝက်ဝ၊ အောက်တိုဘာ ၄-၂၀၁၉

ခိုင်လင်းစံ (VOM)

ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့အနီးမှာ ဒီကနေ့မနက်ပိုင်း ၉ နာရီလောက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ တယ်လို့ ပလက်ဝဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ ပလက်ဝမြို့နဲ့ကပ်ရက်တည်ရှိနေတဲ့ ပလက်ချောင်းဝတစ်ဖက်ကမ်း မြို့ဦးစေတီအနီးက ၂၈၉ တပ်ရင်းနားမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ကျွန်တော်တို့သိရတာက တပ်ကသွားလာနေတုန်း ပေါက်ကွဲမှုဖြစ်တယ်လို့ကြားတယ်။ အဲ့ဒီနားမှာ တပ်ရှိတယ်။ ၂၈၉ တပ်ရင်းနားမှာဖြစ်တာ။ အထိအခိုက်တော့မသိရသေးဘူး။”လို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့တ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မေးမြန်းခဲ့ရာမှာတော့ တပ်မတော်စစ်ကြောင်းတွေ သွားလာနေတုန်း AA ဘက်က ဖောက်ခွဲခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုပါတယ်။

“အဲ့ဒီပလက်ဝရဲ့မြောက်ဘက်မှာ ရွှေပြည်ရွာဆိုတာရှိတယ်။ အဲ့ဒီရွာရဲ့မြောက်ဘက်မှာ ကျွန်တော်တို့စစ်ကြောင်း တစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အချိန် အေအေးဘက်က ရီမုတ်မိုင်းနဲ့ခွဲတာဖြစ်တယ်။ ဘာမှတော့မဖြစ်ဘူး”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ တစ်ဆက်တစ်စပ်တည်းတည်ရှိနေတဲ့မြို့နယ်တစ်ခုဖြစ်ပြီး လက်ရှိမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြားတိုက်ပွဲတွေ အဓိကဖြစ်ပွားရာ နယ်မြေတစ်ခုလည်းဖြစ်ပါတယ်။

#voiceofmyanmar #ပလက်ဝ #AA #မိုင်းခွဲ

Related posts

Leave a Comment

VOM News

FREE
VIEW