မြန်မာနိုင်ငံမှ ဝက်တုပ်ကွေးမကူးစက်ရေး ထိုင်းနယ်စပ်မှာစစ်ဆေးရေး စခန်း ၅၀ ဖွင့်ပြီးဆောင်ရွက်နေ

 

ဗန်ကောက်၊ အောက်တိုဘာ-၄-၂၀၁၉
မျိုးဆက် (VOM)

 

တစ်နှစ်ကို ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံလောက်နဲ့ လည်ပတ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဝက်သားလုပ်ငန်းကို အိမ်နီးချင်းမြန်မာနိုင်ငံကနေ အာဖရိကဝက်တုပ်ကွေး ကူးစက်မှုကနေ ကာကွယ်ရေးလုပ်ငန်းအတွက် ထိုင်းတပ်ဖွဲ့ဝင်တွေနဲ့ အတူ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးအစားအသောက် ကုမ္ပဏီကြီးသုံးခုက ပူးပေါင်းလုပ်ဆောင်နေပါတယ်။

 

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်က စစ်ဆေးရေးဂိတ် ၅၀ အတွက် ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစိုက်ပျိုးမွေးမြူရေး ကုမ္ပဏီ Charoen Pokphand က ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ Betagro နဲ့ Thai Food တို့နဲ့ ပူးပေါင်းပြီး ရန်ပုံငွေထူထောင်ပေးမှာဖြစ်ပါတယ်။

 

အဲဒီကုမ္ပဏီသုံးခုပေါင်းလိုက်ရင် ထိုင်းနိုင်ငံရဲ့ ဝက်သားထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းအထိရှိနေပြီး အာဖရိကဝက်တုပ်ကွေး မကူးစက်ရေးလုပ်ငန်းစဉ်မှာ နိုင်ငံရန်ပုံငွေနည်းပါးတာကြောင့် ပုဂ္ဂလိကအပိုင်းကနေ ပုံမှန်မဟုတ်တဲ့ ထည့်ဝင်ငွေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်တာဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာတော့ ထိုင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေက တာဝန်ယူစစ်ဆေးမှာဖြစ်ပြီး နွား၊ ကြက်၊ ဘဲ အစရှိတာတွေအပါအဝင် ထိုင်းနိုင်ငံကို တင်သွင်းမယ့် မွေးမြူရေးထုတ်ကုန်သယ်ဆောင်လာတဲ့ ထရပ်ကားတွေကို ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

နယ်စပ်တစ်လျှောက်မှာ ဒီလိုလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ငွေဘယ်လောက်ရင်းနှီးထည့်ဝင် ထားတယ်ဆိုတာကို ကုမ္ပဏီသုံးခုက ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုပြီး ဒါဟာ အကဲဆတ်တဲ့ကိစ္စဖြစ်လို့ အစိုးရကသာ ထုတ်ပြန်သင့်တယ်လို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုးမရှိပါဘူး။

Ref : Nikkei Asian Review
Photo : Reuters

ZawGyi

 

ျမန္မာနိုင္ငံမွ ၀က္တုပ္ေကြးမကူးစက္ေရး ထိုင္းနယ္စပ္မွာစစ္ေဆးေရး စခန္း ၅၀ ဖြင္႔ျပီးေဆာင္ရြက္ေန

ဗန္ေကာက္၊ ေအာက္တိုဘာ-၄-၂၀၁၉
မ်ိဳးဆက္ (VOM)

တစ္နွစ္ကို ေဒၚလာ ၃ ဒသမ ၃ ဘီလီယံေလာက္နဲ႔ လည္ပတ္ေနတဲ႔ ထိုင္းနိုင္ငံရဲ႕ ၀က္သားလုပ္ငန္းကို အိမ္နီးခ်င္းျမန္မာနို္င္ငံကေန အာဖရိက၀က္တုပ္ေကြး ကူးစက္မႈကေန ကာကြယ္ေရးလုပ္ငန္းအတြက္ ထိုင္းတပ္ဖြဲ႔၀င္ေတြနဲ႔ အတူ ထိုင္းနုိင္ငံရဲ႕ အၾကီးဆံုးအစားအေသာက္ ကုမၸဏီၾကီးသံုးခုက ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။

ျမန္မာနုိင္ငံနဲ႔ ထိစပ္ေနတဲ႔ နယ္စပ္တစ္ေလွ်ာက္က စစ္ေဆးေရးဂိတ္ ၅၀ အတြက္ ထိုင္းနိုင္ငံရဲ႕ အၾကီးဆံုးစိုက္ပ်ိဳးေမြးျမဴေရး ကုမၸဏီ Charoen Pokphand က ျပိဳင္ဘက္ကုမၸဏီေတြျဖစ္တဲ႔ Betagro နဲ႔ Thai Food တို႔နဲ႔ ပူးေပါင္းျပီး ရန္ပံုေငြထူေထာင္ေပးမွာျဖစ္ပါတယ္။

အဲဒီကုမၸဏီသံုးခုေပါင္းလိုက္ရင္ ထိုင္းနိုင္ငံရဲ႕ ၀က္သားထုတ္လုပ္မႈ ၈၀ ရာခုိ္င္နႈန္းအထိရိွေနျပီး အာဖရိက၀က္တုပ္ေကြး မကူးစက္ေရးလုပ္ငန္းစဥ္မွာ နိုင္ငံရန္ပံုေငြနည္းပါးတာေၾကာင္႔ ပုဂၢလိကအပိုင္းကေန ပံုမွန္မဟုတ္တဲ႔ ထည္႔၀င္ေငြနဲ႔ ၾကိဳတင္ကာကြယ္ေရး လုပ္ငန္းေတြ ေဆာင္ရြက္တာျဖစ္ပါတယ္။

စစ္ေဆးေရးဂိတ္ေတြမွာေတာ႔ ထိုင္းနိုင္ငံ စိုက္ပ်ိဳးေရး၀န္ၾကီးဌာန၊ ျပည္ထဲေရး၀န္ၾကီးဌာနနဲ႔ ထိုင္းတပ္ဖြဲ႔၀င္ေတြက တာ၀န္ယူစစ္ေဆးမွာျဖစ္ျပီး ႏြား၊ ၾကက္၊ ဘဲ အစရိွတာေတြအပါအ၀င္ ထိုင္းနိုင္ငံကို တင္သြင္းမယ္႔ ေမြးျမဴေရးထုတ္ကုန္သယ္ေဆာင္လာတဲ႔ ထရပ္ကားေတြကို ပိုးသတ္ေဆးျဖန္းတာေတြ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

နယ္စပ္တစ္ေလွ်ာက္မွာ ဒီလိုလုပ္ေဆာင္တာနဲ႔ပတ္သက္ျပီး ေငြဘယ္ေလာက္ရင္းနွီးထည္႔၀င္ ထားတယ္ဆိုတာကို ကုမၸဏီသံုးခုက ထုတ္ေဖာ္ေျပာဆိုဖို႔ ျငင္းဆိုျပီး ဒါဟာ အကဲဆတ္တဲ႔ကိစၥျဖစ္လို႔ အစိုးရကသာ ထုတ္ျပန္သင္႔တယ္လို႔ ေျပာပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီး စိုက္ပ်ိဳးေရး၀န္ၾကီးဌာနကေတာ႔ တရား၀င္ထုတ္ျပန္ခ်က္ တစ္စံုတစ္ရာ ထုတ္ျပန္တာမ်ိဳးမရိွပါဘူး။

Ref : Nikkei Asian Review
Photo : Reuters

Related posts

Leave a Comment

VOM News

FREE
VIEW