သာယာဝတီအက်ဥ္းေထာင္ထဲမွာ မူးယစ္ေဆးဝါးသုံးတဲ႕အက်ဥ္းသားဖမ္းမိ

သာယာဝတီ ေအာက္တိုဘာ ၉-၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင္း သာယာဝတီဗဟိုအက်ဥ္းေထာင္မွာ မေန႔ညေန ၇နာရီ၀န္းက်င္ခန႔္က ေထာင္တြင္းရွာေဖြေရးလုုပ္တာမွာ အက်ဥ္းသားတခ်ိဳ႕ဆီက WY စာတန္းပါ ပန္းေရာင္ေဆးျပားတခ်ိဳ႕ေတြ႕ခဲ႕ပါတယ္။

 

 

သာယာဝတီအက်ဥ္းေထာင္ ဦးစီးအရာရွိ ဦးေဆြမ်ိဳးလႈိင္နဲ႔အဖြဲ႕ ရွာေဖြေရးျပဳလုပ္ခ်ိန္ တိုက္အမွတ္ (၁)အခန္း(၁)မွာထားရွိတဲ့အက်ဥ္းသား ရန္ကုန္တိုင္း ‌ဆိတ္ႀကီးခေနာင္တိုၿမိဳ႕နယ္ အာရကန္ရပ္ကြက္ေန ဦးသန္းလြင္ရဲ႕သား အသက္(၂၇)ႏွစ္ရွိ ေအာင္သူ(ခ)ရဲေဇာ္(ခ)ရဲေဇာ္ေအာင္ထံက WYစာတန္းပါ ပန္းေရာင္ေဆးျပားေလးျပားဖမ္းမိခဲ့တယ္လို႔ သာယာဝတီၿမိဳ႕မရဲစခန္းကသိရပါတယ္။

 

‘အက်ဥ္းသားတစ္ခ်ိဳ႕ဆီက WYပန္းေရာင္ေဆးျပားမိတယ္ဆိုတာဟုတ္ပါတယ္  အက်ဥ္းသားေတြက တစ္ေယာက္နဲ႔တစ္ေယာက္လႊဲခ်ေနၾကတာပါ မိတာေလးျပားပါ’လိုု႕  သာယာဝတီၿမိဳ႕မရဲစခန္းက ရဲအုပ္စိုးမိုး၀င္းကေျပာပါတယ္။

 

ဒီေဆးျပားေတြဟာ  အိပ္ေဆာင္အမွတ္ (၁)ကအက်ဥ္းသား ရန္ကုန္တိုင္း ေတာင္ဒဂုံၿမိဳ႕နယ္ (၁၀၅)ရပ္ကြက္ ဧရာ၀တီလမ္းေနဦးစံသိန္းရဲ႕သား အသက္(၃၃)ႏွစ္ရွိ ေအးခ်မ္းေမာင္(ခ) သန္းလင္းထြန္း(ခ)မဲႀကီးထံကရတယ္လို႔ ရဲစခန္းမွာထြက္ဆိုထားပါတယ္။

 

 

ဒီကိစၥအတြက္ သာယာဝတီအက်ဥ္းေထာင္က ဦးစီးအရာရွိ ေဆြမ်ိဳးလႈိင္ကေန  တရားလိုျပဳလုပ္တိုင္တန္းတဲ့အတြက္ မယ(ပ)၁၂/၂၀၁၉ မူးယစ္ေဆးဝါးနဲ႔စိတ္ကိုေျပာင္းလဲေစေသာပုဒ္မ-၁၆(ဂ)/၂၁အမႈဖြင့္အေရးယူေဆာင္႐ြက္ထားတယ္လိုု႕ သိရပါတယ္။

 

သာယာဝတီေထာင္တာဝန္ရွိသူေတြကိုု ဆက္သြယ္ေမးျမန္းလိုု႕ မရတဲ႕အတြက္ ေထာင္တြင္းအေျခအေနေတြကိုုေတာ့ ေသခ်ာမသိရေသးပါဘူး။

 

ဒီလိုုေထာင္တြင္းကိုု မူးယစ္ေဆးဝါးေတြေရာက္လာတတ္တာဟာ ေထာင္ဝင္စာပိုု႕တဲ႕ ပစၥည္းေတြထဲမွာ ပါလာတတ္သလိုု ရံုုးထုုတ္ထြက္ရတဲ႕ အက်ဥ္းသားေတြဆီကလည္း ရတတ္တာမိုု႕သာယာဝတီဗဟိုအက်ဥ္းေထာင္မွာ ေထာင္ဝင္စာပစၥည္းေတြနဲ႕ စိစစ္တာနဲ႕ အဝင္အထြက္စစ္ေဆးတာေတြကိုု ဝန္ထမ္းေတြနဲ႕ အလွည့္က်လုုပ္ေနတယ္လုုိ႕လည္းသာယာဝတီၿမိဳ႕မရဲစခန္းက ‌ေျပာပါတယ္။

 

#voiceofmyanmar #သာယာဝတီေထာင္ #မူးယစ္ေဆးမိ

Unicode

သာယာဝတီအကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးသုံးတဲ့အကျဉ်းသားဖမ်းမိ

သာယာဝတီ အောက်တိုဘာ ၉-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း သာယာဝတီဗဟိုအကျဉ်းထောင်မှာ မနေ့ညနေ ၇နာရီဝန်းကျင်ခန့်က ထောင်တွင်းရှာဖွေရေးလုပ်တာမှာ အကျဉ်းသားတချို့ဆီက WY စာတန်းပါ ပန်းရောင်ဆေးပြားတချို့တွေ့ခဲ့ပါတယ်။

သာယာဝတီအကျဉ်းထောင် ဦးစီးအရာရှိ ဦးဆွေမျိုးလှိုင်နဲ့အဖွဲ့ ရှာဖွေရေးပြုလုပ်ချိန် တိုက်အမှတ် (၁)အခန်း(၁)မှာထားရှိတဲ့အကျဉ်းသား ရန်ကုန်တိုင်း ဆိတ်ကြီးခနောင်တိုမြို့နယ် အာရကန်ရပ်ကွက်နေ ဦးသန်းလွင်ရဲ့သား အသက်(၂၇)နှစ်ရှိ အောင်သူ(ခ)ရဲဇော်(ခ)ရဲဇော်အောင်ထံက WYစာတန်းပါ ပန်းရောင်ဆေးပြားလေးပြားဖမ်းမိခဲ့တယ်လို့ သာယာဝတီမြို့မရဲစခန်းကသိရပါတယ်။

‘အကျဉ်းသားတစ်ချို့ဆီက WYပန်းရောင်ဆေးပြားမိတယ်ဆိုတာဟုတ်ပါတယ် အကျဉ်းသားတွေက တစ်ယောက်နဲ့တစ်ယောက်လွှဲချနေကြတာပါ မိတာလေးပြားပါ’ဟု သာယာဝတီမြို့မရဲစခန်းမှ
ရဲအုပ်စိုးမိုးဝင်းကပြောပါတယ်။

ဒီဆေးပြားတွေဟာ အိပ်ဆောင်အမှတ် (၁)ကအကျဉ်းသား ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် (၁၀၅)ရပ်ကွက် ဧရာဝတီလမ်းနေဦးစံသိန်းရဲ့သား အသက်(၃၃)နှစ်ရှိ အေးချမ်းမောင်(ခ) သန်းလင်းထွန်း(ခ)မဲကြီးထံကရတယ်လို့ ရဲစခန်းမှာထွက်ဆိုထားပါတယ်။

ဒီကိစ္စအတွက် သာယာဝတီအကျဉ်းထောင်က ဦးစီးအရာရှိ ဆွေမျိုးလှိုင်ကနေ တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် မယ(ပ)၁၂/၂၀၁၉ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသောပုဒ်မ-၁၆(ဂ)/၂၁အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သာယာဝတီထောင်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့ မရတဲ့အတွက် ထောင်တွင်းအခြေအနေတွေကိုတော့ သေချာမသိရသေးပါဘူး။

ဒီလိုထောင်တွင်းကို မူးယစ်ဆေးဝါးတွေရောက်လာတတ်တာဟာ ထောင်ဝင်စာပို့တဲ့ ပစ္စည်းတွေထဲမှာ ပါလာတတ်သလို ရုံးထုတ်ထွက်ရတဲ့ အကျဉ်းသားတွေဆီကလည်း ရတတ်တာမို့
သာယာဝတီဗဟိုအကျဉ်းထောင်မှာ ထောင်ဝင်စာပစ္စည်းတွေနဲ့ စိစစ်တာနဲ့ အဝင်အထွက်စစ်ဆေးတာတွေကို ဝန်ထမ်းတွေနဲ့ အလှည့်ကျလုပ်နေတယ်လို့လည်း
သာယာဝတီမြို့မရဲစခန်းက ပြောပါတယ်။

#voiceofmyanmar #သာယာဝတီထောင် #မူးယစ်ဆေးမိ

Related posts

Leave a Comment

VOM News

FREE
VIEW