ျမစ္ႀကီးနားၿမိဳ႕နယ္မွာ အရက္ဆိုင္မ်ားျပားေနမႈ စိစစ္ေလွ်ာ့ခ်မည္

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၉-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ျမစ္ႀကီးနားၿမိဳ႕နယ္မွာ လူဦးေရအခ်ိဳးထက္ အရက္ဘီယာေရာင္းခ်ေနတဲ့ဆိုင္ေတြ အဆမတန္မ်ားေနတာကို စီမံခ်က္ခ် ေဆာင္႐ြက္သြားမယ္လို႔ ေအာက္တိုဘာ ၈ ရက္ေန႔က က်င္းပတဲ့ ဒုတိယအႀကိမ္ ကခ်င္ျပည္နယ္လႊတ္ေတာ္ ၁၆ ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး သတၱမေန႔ လႊတ္ေတာ္တြင္းမွာ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ဘ႑ာ ၊ အခြန္ ၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။

အင္ဂ်န္ယန္ မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚမရန္ဂ်ာဆိုင္းေခါန္က အရက္ဆိုင္ေတြကေန အသက္ အလုပ္အကိုင္ ဝင္ေငြရရွိမႈအေပၚ စီစစ္ၿပီး အရက္ဝယ္ယူခြင့္ကန႔္သတ္ဖို႔ ၊ အဆမတန္မ်ားေနတဲ့ ယစ္မ်ိဳးလိုင္စင္ရယူထားမႈ ေလွ်ာ့ခ်ဖို႔ ၊ ထိေရာက္တဲ့ ကန႔္သတ္ထိန္းခ်ဳပ္မႈ ျပဳလုပ္ဖို႔ နဲ႔ ဥပေဒမလိုက္နာတဲ့ ယစ္မ်ိဳးလိုင္စင္ရွိဆိုင္ေတြနဲ႔ လိုင္စင္မရွိတဲ့ဆိုင္ေတြကို ဒဏ္ေငြေပးေစျခင္းသာမကဘဲ ဆိုင္ပိတ္ပစ္တဲ့အထိ အေရးယူေပးဖို႔ အစီအစဥ္ ရွိ/မရွိ ေမးခြန္းေမးျမန္းခဲ့တာပါ။

ဘ႑ာ ၊ အခြန္ ၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးေဝလင္းကေတာ့ “ ၂၀၁၈ – ၂၀၁၉ ဘ႑ာႏွစ္မွာ ကခ်င္ျပည္နယ္အတြင္း တရားမဝင္ ယစ္မ်ိဳးဆိုင္ေတြမရွိဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ နဲ႔ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက တာဝန္ရွိသူေတြ ေရွာင္တခင္ စစ္ေဆးမႈ ၃၅၉ ႀကိမ္ျပဳလုပ္ခဲ့ရာမွာ တရားမဝင္ ယစ္မ်ိဳးဆိုင္ ၇၆ ဆိုင္ ဖမ္းဆီးအေရးယူႏိုင္ခဲ့တယ္၊ စီမံခ်က္ေရးဆြဲၿပီးေတာ့လည္း ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးသြားမယ္” လို႔ ေျပာပါတယ္။

ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္းမွာ ရပ္ကြက္ ၃၁ ရပ္ကြက္၊ ေက်း႐ြာ ၂၉ ႐ြာ၊ လူဦးေရ ၂၄၄၀၀၀ ေက်ာ္ ရွိၿပီး ယစ္မ်ိဳးလိုင္စင္ခြင့္ျပဳခ်က္ ခ်ထားေပးမႈကေတာ့ ဆိုင္းအတြင္းေသာက္သုံးခြင့္ျပဳတဲ့ဆိုင္ ၂၄၇ ဆိုင္ ၊ ဆိုင္အတြင္း ေသာက္ခြင့္မရွိတဲ့ဆိုင္ ၆၁ ဆိုင္ ၊ လိုင္စင္ရ ဆိုင္ေတြကို သယ္ေဆာင္ ျဖန႔္ျဖဴးေရာင္းခ်ေနတဲ့ဆိုင္ ၂၅ ဆိုင္ စုစုေပါင္း ၃၃၃ ဆိုင္ ခ်ထားေပးတယ္လို႔ သိရပါတယ္။

#voiceofmyanmar#ျမစ္ႀကီးနားၿမိဳ႕နယ္မွာ#အရက္ဆိုင္မ်ားျပားေနမႈစိစစ္ေလွ်ာ့ခ်မည္#

Unicode

မြစ်ကြီးနားမြို့နယ်မှာ အရက်ဆိုင်များပြားနေမှု စိစစ်လျှော့ချမည်

မြစ်ကြီးနား၊ အောက်တိုဘာ ၉-၂၀၁၉
ရန်အောင်ထွန်း(VOM)

မြစ်ကြီးနားမြို့နယ်မှာ လူဦးရေအချိုးထက် အရက်ဘီယာရောင်းချနေတဲ့ဆိုင်တွေ အဆမတန်များနေတာကို စီမံချက်ချ ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ လွှတ်တော်တွင်းမှာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာ ၊ အခွန် ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

အင်ဂျန်ယန် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မရန်ဂျာဆိုင်းခေါန်က အရက်ဆိုင်တွေကနေ အသက် အလုပ်အကိုင် ဝင်ငွေရရှိမှုအပေါ် စီစစ်ပြီး အရက်ဝယ်ယူခွင့်ကန့်သတ်ဖို့ ၊ အဆမတန်များနေတဲ့ ယစ်မျိုးလိုင်စင်ရယူထားမှု လျှော့ချဖို့ ၊ ထိရောက်တဲ့ ကန့်သတ်ထိန်းချုပ်မှု ပြုလုပ်ဖို့ နဲ့ ဥပဒေမလိုက်နာတဲ့ ယစ်မျိုးလိုင်စင်ရှိဆိုင်တွေနဲ့ လိုင်စင်မရှိတဲ့ဆိုင်တွေကို ဒဏ်ငွေပေးစေခြင်းသာမကဘဲ ဆိုင်ပိတ်ပစ်တဲ့အထိ အရေးယူပေးဖို့ အစီအစဉ် ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့တာပါ။

ဘဏ္ဍာ ၊ အခွန် ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းကတော့ “ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကချင်ပြည်နယ်အတွင်း တရားမဝင် ယစ်မျိုးဆိုင်တွေမရှိဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေ ရှောင်တခင် စစ်ဆေးမှု ၃၅၉ ကြိမ်ပြုလုပ်ခဲ့ရာမှာ တရားမဝင် ယစ်မျိုးဆိုင် ၇၆ ဆိုင် ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်၊ စီမံချက်ရေးဆွဲပြီးတော့လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးသွားမယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းမှာ ရပ်ကွက် ၃၁ ရပ်ကွက်၊ ကျေးရွာ ၂၉ ရွာ၊ လူဦးရေ ၂၄၄၀၀၀ ကျော် ရှိပြီး ယစ်မျိုးလိုင်စင်ခွင့်ပြုချက် ချထားပေးမှုကတော့ ဆိုင်းအတွင်းသောက်သုံးခွင့်ပြုတဲ့ဆိုင် ၂၄၇ ဆိုင် ၊ ဆိုင်အတွင်း သောက်ခွင့်မရှိတဲ့ဆိုင် ၆၁ ဆိုင် ၊ လိုင်စင်ရ ဆိုင်တွေကို သယ်ဆောင် ဖြန့်ဖြူးရောင်းချနေတဲ့ဆိုင် ၂၅ ဆိုင် စုစုပေါင်း ၃၃၃ ဆိုင် ချထားပေးတယ်လို့ သိရပါတယ်။

#voiceofmyanmar#မြစ်ကြီးနားမြို့နယ်မှာ#အရက်ဆိုင်များပြားနေမှုစိစစ်လျှော့ချမည်#

Related posts

Leave a Comment

VOM News

FREE
VIEW