နွစ္ ၂၀ေက်ာ္ၾကာ စစ္ေရးပဋိပကၡအဆံုးသတ္နိုင္ခဲ႔သူ အီသီယိုပီးယားဝန္ၾကီးခ်ဳပ္ ျငိမ္းခ်မ္းေရးနိုဗယ္ဆု ခ်ီးျမင္႔ခံရ

ေအာ္စလို၊ ေအာက္တိုဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

မဟာရန္ဘက္ျဖစ္သူ အိမ္နီးခ်င္းနုိင္ငံအီရီထရီးယားနဲ႔ ျပီးခဲ႔တဲ႔နွစ္မွာ ျငိမ္းခ်မ္းေရးရယူနုိင္ခ႔ဲသူ အီသိီယိုပီးယားဝန္ၾကီးခ်ဳပ္ အဘီယာအာမက္ကို ၂၀၁၉ ခုနွစ္အတြက္ ျငိမ္းခ်မ္းေရးနိုဗယ္ဆုေပးအပ္ခဲ႔ပါတယ္။ သူဟာ ျငိမ္းခ်မ္းေရးအတြက္ေအာင္ျမင္ေအာင္ အားထုတ္နိုင္မႈနဲ႔ နိုင္ငံတကာပူးေပါင္းေဆာင္ရြက္မႈဆုိင္ရာ အားထုတ္မႈေတြအတြက္ ဒီဆုကိုရရိွခဲ႔တာျဖစ္ပါတယ္။

မစၥတာအာမက္ဟာ ၁၉၉၈-၂၀၀၀ ခုနွစ္မွာ နယ္စပ္စစ္ပြဲျဖစ္ပြားျပီးေနာက္ အီရီထရီးယားနဲ႔ နွစ္ေပါင္း ၂၀ ၾကာစစ္ေရးအၾကပ္အတည္းကို အဆံုးသတ္နိုင္ငံခဲ႔ျပီး ျငိမ္းခ်မ္းေရးသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ႔ပါတယ္။ အီသီယိုပီးယားဝန္ၾကီးခ်ဳပ္ အာမက္ဟာ ဒီဆုကို ဒီဇင္ဘာလအတြင္း ေနာ္ေဝနိုင္ငံ ေအာ္စလိုျမိဳ႕မွာ လက္ခံရယူသြားမွာျဖစ္ျပီး ဆုေငြအေနနဲ႔ ေဒၚလာကိုးသိန္း ရရိွမွာျဖစ္ပါတယ္။

ျငိမ္းခ်မ္းေရးနိုဗယ္ဆုသည္ အီသီယိုပီးယားနွင္႔ အာဖရိကကိုေပးအပ္ျခင္းျဖစ္ေၾကာင္း၊ အာဖရိကတိုက္ရိွ ျငိမ္းခ်မ္းေရးတည္ေဆာက္မႈလုပ္ငန္းစဥ္အေပၚတြင္ က်န္အာဖရိကေခါင္းေဆာင္မ်ားက အျပဳသေဘာေဆာင္ရြက္မႈမ်ားကိုလည္း မွန္းဆနုိင္ေၾကာင္း နိုဗယ္ဆုရွင္ အာမက္က ေျပာပါတယ္။

အသက္ ၄၃ နွစ္အရြယ္ မစၥတာအဘီယာသည္ အိမ္နီးခ်င္း အီရီထရီးယားနုိင္ငံနွင္႔ နယ္စပ္ျပသနာကိုေျဖရွင္းနုိင္ခဲ႔ျခင္းေၾကာင္႔ ျငိမ္းခ်မ္းေရးနိုဗယ္ဆုခ်ီးျမွင္႔ခံရျခင္းျဖစ္ေၾကာင္း ေနာ္ေ၀နိုဗယ္ဆုေကာ္မတီက ထုတ္ျပန္ထားသည္။

Ref: BBC
Photo: Reuters
#voiceofmyanmar#အီသီယိုပီးယားဝန္ၾကီးခ်ဳပ္#ျငိမ္းခ်မ္းေရးနိုဗယ္ဆုခ်ီးျမင္႔ခံရ#

Unicode

နှစ် ၂၀ကျော်ကြာ စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ခဲ့သူ အီသီယိုပီးယားဝန်ကြီးချုပ် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြင့်ခံရ

အော်စလို၊ အောက်တိုဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

မဟာရန်ဘက်ဖြစ်သူ အိမ်နီးချင်းနိုင်ငံအီရီထရီးယားနဲ့ ပြီးခဲ့တဲ့နှစ်မှာ ငြိမ်းချမ်းရေးရယူနိုင်ခဲ့သူ အီသီယိုပီးယားဝန်ကြီးချုပ် အဘီယာအာမက်ကို ၂၀၁၉ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဗယ်ဆုပေးအပ်ခဲ့ပါတယ်။ သူဟာ ငြိမ်းချမ်းရေးအတွက်အောင်မြင်အောင် အားထုတ်နိုင်မှုနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အားထုတ်မှုတွေအတွက် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

မစ္စတာအာမက်ဟာ ၁၉၉၈-၂၀၀၀ ခုနှစ်မှာ နယ်စပ်စစ်ပွဲဖြစ်ပွားပြီးနောက် အီရီထရီးယားနဲ့ နှစ်ပေါင်း ၂၀ ကြာစစ်ရေးအကြပ်အတည်းကို အဆုံးသတ်နိုင်ငံခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အီသီယိုပီးယားဝန်ကြီးချုပ် အာမက်ဟာ ဒီဆုကို ဒီဇင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့မှာ လက်ခံရယူသွားမှာဖြစ်ပြီး ဆုငွေအနေနဲ့ ဒေါ်လာကိုးသိန်း ရရှိမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနိုဗယ်ဆုသည် အီသီယိုပီးယားနှင့် အာဖရိကကိုပေးအပ်ခြင်းဖြစ်ကြောင်း၊ အာဖရိကတိုက်ရှိ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်အပေါ်တွင် ကျန်အာဖရိကခေါင်းဆောင်များက အပြုသဘောဆောင်ရွက်မှုများကိုလည်း မှန်းဆနိုင်ကြောင်း နိုဗယ်ဆုရှင် အာမက်က ပြောပါတယ်။

အသက် ၄၃ နှစ်အရွယ် မစ္စတာအဘီယာသည် အိမ်နီးချင်း အီရီထရီးယားနိုင်ငံနှင့် နယ်စပ်ပြသနာကိုဖြေရှင်းနိုင်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်ခံရခြင်းဖြစ်ကြောင်း နော်ဝေနိုဗယ်ဆုကော်မတီက ထုတ်ပြန်ထားသည်။

Ref: BBC
Photo: Reuters
#voiceofmyanmar#အီသီယိုပီးယားဝန်ကြီးချုပ်#ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြင့်ခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW