ေက်ာက္ဆည္ၿမဳိ႕က အေနာ္ရထာမင္းေက်းဇူးဆပ္ ဆင္အလွဴေတာ္ပြဲ

ေက်ာက္ဆည္၊ ေအာက္တုိဘာ ၁၂-၂၀၁၉
တာရာ(VOM)

အေနာ္ရထာမင္းႀကီးအား ေက်းဇူးဆပ္တဲ့အေနနဲ႔ ႏွစ္စဥ္ရုိးရာမပ်က္ က်င္းပေလ့ရွိတဲ့ ေက်ာက္ဆည္ၿမဳိ႕က ဆင္အလွဴေတာ္ ႏွင့္ ဆင္အကအလွၿပိဳင္ပဲြကုိ ဒီကေန႔နံနက္ပုိင္းက ေက်ာက္ဆည္ၿမိဳ႕၊ေရႊသာေလ်ာင္း ေတာင္ေျခမွာ စတင္က်င္းပေနၿပီျဖစ္ပါတယ္။

ေက်ာက္ဆည္ၿမိဳ႕မွာ သီတင္းကြၽတ္လဆန္း ၁၄ ရက္နဲ႔ လျပည့္ေန႔ တို႔တြင္ ဆင္က၊ ဆင္အကအလွ ၿပိဳင္ပြဲမ်ား ဆင္လွဴပြဲေတာ္ နဲ႔အတူ ဆြမ္းေတာ္ႀကီးကပ္လွဴပြဲကို ေက်ာက္ဆည္ၿမိဳ႕မွာ က်င္းပလာခဲ့တာဟာ အေနာ္ရထာ မင္းလက္ထက္ကစတင္ၿပီး ဒီကေန႔ခ်ိိန္ထိ ႏွစ္ေပါင္း( ၉၀၀) ေက်ာ္ ႏွစ္စဥ္ ရုိးရာမပ်က္ျပဳလုပ္က်င္းပခဲ့တာျဖစ္ပါတယ္။

” အေနာ္ရထာရဲ႕ ေက်းဇူးကုိ ဆပ္တဲ့အေနနဲ႕ ႏွစ္စဥ္ႏွစ္တုိင္း ဆင္လွဴပြဲေတာ္နဲ႕ ဆင္အကအလွၿပဳိက္ပြဲကုိ က်င္းပပါတယ္၊ ဆင္လွဴပြဲကေန သီတင္းကြ်တ္လၿပည့္ေန႕မွ ေရႊသာေလ်ာင္ ေတာင္ေပၚမွာ က်င္းပပါတယ္။ ဒီဆင္အကလွၿပဳိင္ပြဲကေတာ့ လၿပည့္ေန႕မတုိင္ခင္ က်င္းပၿပဳလုပ္ပါတယ္။ ဒီႏွစ္ၿပဳိင္ပြဲဝင္ဆင္ စုစုေပါင္း ၁၆ ေကာင္ရွိပါတယ္ဒီ ႏွစ္က ထူးၿခားတာက မႏွစ္ကထက္ ဆုေႀကးေတြ ပုိတုိးေပးထားတယ္ ဒီတက္ပုိၿပီး တုိးတက္ ေအာင္ ကမာၻ႕ကေန သိေအာင္ ႀကဳိးစားေနပါတယ္ ” ေက်ာက္ဆည္ၿမိဳ႕ ဆင္လွဴပြဲေတာ္ႏွင့္ ဆင္အကအလွၿပိဳင္ပြဲက်င္းပေရးေကာ္မတီဝင္ ကုိစုိးသီဟကေျပာပါတယ္။

ဆင္အကျပိဳင္ပြဲက်င္းပျဖစ္ရတာဟာ လယ္တြင္းကိုးခရိုင္ရိွ ဆည္ေျမာင္း၊ကန္ေခ်ာင္းတို႔ကို တည္ေဆာက္ ဆယ္ဖို႔ေပးျပီး စပါးဆန္ေရ ေပါမ်ားၾကြယ္ဝေအာင္ ျပဳလုပ္ေပးခဲ့တဲ့ အေနာ္ရထားမင္းၾကီးကို ေက်းဇူးဆပ္တဲ့ အေနနဲ႔ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး ၊ပြဲေတာ္ႀကီးက်င္းပျပဳလုပ္ေပးရင္ လယ္တြင္းကိုးခ႐ိုင္မွာ မိုးေလဝသ မွန္ကန္ကာ ဆန္ေရစပါး ေပါမ်ားၾကြယ္ဝမယ္ဆိ္ုတဲ့ ယံုၾကည္မွုေတြနဲ႔ နွစ္စဥ္ျပဳလုပ္ေနတာျဖစ္တယ္လို႔ ေဒသခံအခ်ိဳ႕ကလည္းေျပာပါတယ္။

ယခင္က ဆင္အကအလွၿပဳိင္ပြဲကို ေက်ာက္ဆည္ခရုိင္အတြင္းက ေက်းရြာအုပ္စု(၉၆)အုပ္စု မွ အမ်ားစု ပါဝင္ယွဥ္ၿပဳိင္ႀကေပမယ့္လည္း ၂၀၀၄ -၂၀၀၅ ခုႏွစ္ ေနာက္ပုိင္းမွာ ပုဂၢလိကပုိင္ ဆင္မ်ားေပၚလာၿပီး ျပဳိင္ပြဲဝင္ ကုန္က်စရိတ္ႀကီးျမင့္မႈေႀကာင့္ ေက်းရြာပုိင္ဆင္အမ်ားစုမွာ တစ္ျဖည္းျဖည္း ပါဝင္ယွဥ္ျပဳိင္လာျခင္း မရွိေတာ့ပဲ ဆင္အလွဴပြဲေတာ္ နဲ႔ ဆင္အကအလွၿပိဳင္ပြဲ ပြဲေတာ္ဖြင့္ပြဲကုိေတာ့ နွစ္စဥ္တက္ေရာက္ေနၾကတယ္လို႔ သိရပါတယ္။

#voiceofmyanmar#ေက်ာက္ဆည္#ဆင္ပြဲ#

Unicode

ကျောက်ဆည်မြို့က အနော်ရထာမင်းကျေးဇူးဆပ် ဆင်အလှူတော်ပွဲ

ကျောက်ဆည်၊ အောက်တိုဘာ ၁၂-၂၀၁၉
တာရာ(VOM)

အနော်ရထာမင်းကြီးအား ကျေးဇူးဆပ်တဲ့အနေနဲ့ နှစ်စဉ်ရိုးရာမပျက် ကျင်းပလေ့ရှိတဲ့ ကျောက်ဆည်မြို့က ဆင်အလှူတော် နှင့် ဆင်အကအလှပြိုင်ပွဲကို ဒီကနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့၊ရွှေသာလျောင်း တောင်ခြေမှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ကျောက်ဆည်မြို့မှာ သီတင်းကျွတ်လဆန်း ၁၄ ရက်နဲ့ လပြည့်နေ့ တို့တွင် ဆင်က၊ ဆင်အကအလှ ပြိုင်ပွဲများ ဆင်လှူပွဲတော် နဲ့အတူ ဆွမ်းတော်ကြီးကပ်လှူပွဲကို ကျောက်ဆည်မြို့မှာ ကျင်းပလာခဲ့တာဟာ အနော်ရထာ မင်းလက်ထက်ကစတင်ပြီး ဒီကနေ့ချိန်ထိ နှစ်ပေါင်း( ၉၀၀) ကျော် နှစ်စဉ် ရိုးရာမပျက်ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။

” အနော်ရထာရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဆင်လှူပွဲတော်နဲ့ ဆင်အကအလှပြိုက်ပွဲကို ကျင်းပပါတယ်၊ ဆင်လှူပွဲကနေ သီတင်းကျွတ်လပြည့်နေ့မှ ရွှေသာလျောင် တောင်ပေါ်မှာ ကျင်းပပါတယ်။ ဒီဆင်အကလှပြိုင်ပွဲကတော့ လပြည့်နေ့မတိုင်ခင် ကျင်းပပြုလုပ်ပါတယ်။ ဒီနှစ်ပြိုင်ပွဲဝင်ဆင် စုစုပေါင်း ၁၆ ကောင်ရှိပါတယ်ဒီ နှစ်က ထူးခြားတာက မနှစ်ကထက် ဆုကြေးတွေ ပိုတိုးပေးထားတယ် ဒီတက်ပိုပြီး တိုးတက် အောင် ကမ္ဘာ့ကနေ သိအောင် ကြိုးစားနေပါတယ် ” ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကျင်းပရေးကော်မတီဝင် ကိုစိုးသီဟကပြောပါတယ်။

ဆင်အကပြိုင်ပွဲကျင်းပဖြစ်ရတာဟာ လယ်တွင်းကိုးခရိုင်ရှိ ဆည်မြောင်း၊ကန်ချောင်းတို့ကို တည်ဆောက် ဆယ်ဖို့ပေးပြီး စပါးဆန်ရေ ပေါများကြွယ်ဝအောင် ပြုလုပ်ပေးခဲ့တဲ့ အနော်ရထားမင်းကြီးကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၊ပွဲတော်ကြီးကျင်းပပြုလုပ်ပေးရင် လယ်တွင်းကိုးခရိုင်မှာ မိုးလေဝသ မှန်ကန်ကာ ဆန်ရေစပါး ပေါများကြွယ်ဝမယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ နှစ်စဉ်ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံအချို့ကလည်းပြောပါတယ်။

ယခင်က ဆင်အကအလှပြိုင်ပွဲကို ကျောက်ဆည်ခရိုင်အတွင်းက ကျေးရွာအုပ်စု(၉၆)အုပ်စု မှ အများစု ပါဝင်ယှဉ်ပြိုင်ကြပေမယ့်လည်း ၂၀၀၄ -၂၀၀၅ ခုနှစ် နောက်ပိုင်းမှာ ပုဂ္ဂလိကပိုင် ဆင်များပေါ်လာပြီး ပြိုင်ပွဲဝင် ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ကျေးရွာပိုင်ဆင်အများစုမှာ တစ်ဖြည်းဖြည်း ပါဝင်ယှဉ်ပြိုင်လာခြင်း မရှိတော့ပဲ ဆင်အလှူပွဲတော် နဲ့ ဆင်အကအလှပြိုင်ပွဲ ပွဲတော်ဖွင့်ပွဲကိုတော့ နှစ်စဉ်တက်ရောက်နေကြတယ်လို့ သိရပါတယ်။

#voiceofmyanmar#ကျောက်ဆည်#ဆင်ပွဲ#

Related posts

Leave a Comment

VOM News

FREE
VIEW