ေအာင္လအန္ဆန္း လက္ေဝွ႔ပြဲၾကည္႔ရင္း အသက္(၇၀)အရြယ္ အဘိုးအိုတစ္ဦး ေသဆံုး

ဧရာဝတီ၊ ေအာက္တိုဘာ ၁၄-၂၀၁၉
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ေဒးဒရဲၿမိဳ႕နယ္၊ ေမွာ္ဘီစုေက်း႐ြာအုပ္စု၊ ထနိပါတ္ေက်း႐ြာမွာေနထိုင္တဲ့ ႏွလုံးေရာဂါအခံရွိ အသက္(၇၀)အ႐ြယ္အဘိုးအိုတစ္ဦးဟာ မေန႔ကက်င္းပတဲ့ One Championship Century လက္ေဝွ႔ပြဲမွာ ေအာင္လအန္ဆန္း နဲ႔ဘရန္ဒန္ဗီရာတို႔ပြဲအၿပီး ေအာ္ဟစ္အားေပးရာကေန ေသဆုံးခဲ့တယ္လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕႐ုံးကေန သိရပါတယ္။

ေသဆုံးသြားသူဟာ ဦးလွေအာင္ ဆိုသူျဖစ္ၿပီး လက္ေဝွ႔ပြဲကို သမီးျဖစ္သူနဲ႔အတူ အိမ္အနားမွာရွိတဲ့ေဈးဆိုင္ မွာ ေအာင္လအန္ဆန္းပြဲကိုသြားေရာက္ၾကည့္ရာက ေအာင္လအန္ဆန္းအနိင္ရရွိတာကို ေအာ္ဟစ္ထခုန္အားေပးရင္း အသက္အ႐ြယ္နဲ႔နလုံးေရာဂါအခံရွိတဲ့အတြက္ လဲက်ေသဆုံးသြားခဲ့ကာ သမီးျဖစ္သူပါ ခဏေမ့ေမ်ာသြားခဲ့ပါေသးတယ္။

” ေသဆုံးသူက အဲ့ေန႔ကဥပုသ္ေစာင့္ထားတယ္သမီးျဖစ္သူနဲ႔အတူသြားၾကည့္တာ ေအာင္လလညး္နိင္ေရာ ျမန္မာကြလို႔ေအာ္ၿပီးလဲက်သြားတာ ႏွလုံးေလဟပ္သြားတယ္ထင္တယ္ ျဖစ္စဥ္ကိုေတာ့ ကြၽန္ေတာ့္အေနနဲ႔ ေဒးဒရဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမူး႐ုံးကို ထူးျခားျဖစ္စဥ္အေနနဲ႔တင္ျပထားပါတယ္ “လို႔ ေမွာ္ဘီစုေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမူး ဦးေက်ာ္ဆန္းက ေျပာပါတယ္။

ရဲတပ္ဖြဲ႕အေနနဲ႔ကလည္း ခုျဖစ္စဥ္ဟာနလုံး ေရာဂါအခံနဲ႔စိတ္လူပ္ရွားမူေၾကာင့္ ေသဆုံးတာျဖစ္ၿပီး ထူးျခားသတင္းအေနနဲ႔အတည္ျပဳထားကာ ေသမူေသခင္းအျဖစ္ အမူဖြင့္ထားတာမရွိေသးဘူးလို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မူး႐ုံးကေန သိရပါတယ္။

Photo – Min Thu
#voiceofmyanmar#ဧရာဝတီတိုင္း#ေအာင္လအန္ဆန္းလက္ေဝွ႔ပြဲၾကည့္ရင္း#အသက္(၇၀)အ႐ြယ္ အဘိုးအိုတစ္ဦးေသဆုံး#

Unicode

အောင်လအန်ဆန်း လက်ဝှေ့ပွဲကြည့်ရင်း အသက်(၇၀)အရွယ် အဘိုးအိုတစ်ဦး သေဆုံး

ဧရာဝတီ၊ အောက်တိုဘာ ၁၄-၂၀၁၉
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်၊ မှော်ဘီစုကျေးရွာအုပ်စု၊ ထနိပါတ်ကျေးရွာမှာနေထိုင်တဲ့ နှလုံးရောဂါအခံရှိ အသက်(၇၀)အရွယ်အဘိုးအိုတစ်ဦးဟာ မနေ့ကကျင်းပတဲ့ One Championship Century လက်ဝှေ့ပွဲမှာ အောင်လအန်ဆန်း နဲ့ဘရန်ဒန်ဗီရာတို့ပွဲအပြီး အော်ဟစ်အားပေးရာကနေ သေဆုံးခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

သေဆုံးသွားသူဟာ ဦးလှအောင် ဆိုသူဖြစ်ပြီး လက်ဝှေ့ပွဲကို သမီးဖြစ်သူနဲ့အတူ အိမ်အနားမှာရှိတဲ့ဈေးဆိုင် မှာ အောင်လအန်ဆန်းပွဲကိုသွားရောက်ကြည့်ရာက အောင်လအန်ဆန်းအနိင်ရရှိတာကို အော်ဟစ်ထခုန်အားပေးရင်း အသက်အရွယ်နဲ့နလုံးရောဂါအခံရှိတဲ့အတွက် လဲကျသေဆုံးသွားခဲ့ကာ သမီးဖြစ်သူပါ ခဏမေ့မျောသွားခဲ့ပါသေးတယ်။

” သေဆုံးသူက အဲ့နေ့ကဥပုသ်စောင့်ထားတယ်သမီးဖြစ်သူနဲ့အတူသွားကြည့်တာ အောင်လလဲနိင်ရော မြန်မာကွလို့အော်ပီးလဲကျသွားတာ နှလုံးလေဟပ်သွားတယ်ထင်တယ် ဖြစ်စဉ်ကိုတော့ ကျွန်တော့်အနေနဲ့ ဒေးဒရဲမြို့နယ်အုပ်ချုပ်ရေးမူးရုံးကို ထူးခြားဖြစ်စဉ်အနေနဲ့တင်ပြထားပါတယ် “လို့ မှော်ဘီစုကျေးရွာအုပ်စုအုပ်ချုပ်ရေးမူး ဦးကျော်ဆန်းက ပြောပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ကလည်း ခုဖြစ်စဉ်ဟာနလုံး ရောဂါအခံနဲ့စိတ်လူပ်ရှားမူကြောင့် သေဆုံးတာဖြစ်ပြီး ထူးခြားသတင်းအနေနဲ့အတည်ပြုထားကာ သေမူသေခင်းအဖြစ် အမူဖွင့်ထားတာမရှိသေးဘူးလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မူးရုံးကနေ သိရပါတယ်။

Photo – Min Thu
#voiceofmyanmar#ဧရာဝတီတိုင်း#အောင်လအန်ဆန်းလက်ဝှေ့ပွဲကြည့်ရင်း#အသက်(၇၀)အရွယ် အဘိုးအိုတစ်ဦးသေဆုံး#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW