ေဆာ္ဒီဘုရားဖူး ဘတ္စ္ကားတစ္စင္းတိမ္းေမွာက္ ၊ နိုင္ငံျခားသား ၃၅ ဦးေသဆံုး

ရီယတ္၊ ေအာက္တိုဘာ-၁၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ေဆာ္ဒီအာေရဗ်ရိွ မြတ္စလင္ေတြ အထြဋ္အျမတ္ထားရာ မဒီနာျမိဳ႕အနီးမွာ ဘုရားဖူးဘတ္စ္ကားတစ္စင္း မေတာ္တဆမႈျဖစ္ပြားခဲ႔တာေၾကာင္႔ နိုင္ငံျခားသား ၃၅ ဦးေသဆံုးျပီး ေလးဦးဒါဏ္ရာရရိွသြားေၾကာင္း ေဆာ္ဒီနိုင္ငံပိုင္ သတင္းဌာနက ေအာက္တိုဘာ ၁၇ ရက္မွာ ေဖာ္ျပပါတယ္။

အဲဒီမေတာ္တဆမႈဟာ မဒီနာျမိဳ႕အနီးက လမ္းမေပၚမွာ ေအာက္တိုဘာ ၁၆ ရက္ကျဖစ္ပြားခဲ႔တာျဖစ္ျပီး ပုဂၢလိကစင္းလံုးငွားဘတ္စ္ကားဟာ ေမာ္ေတာ္ယာဥ္ၾကီးတစ္စင္းနဲ႔ တိုက္မိခဲ႔တာလို႔ မဒီနာရဲတပ္ဖြဲ႔ ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးကေျပာပါတယ္။

ေဒသတြင္းသတင္းဌနေတြရဲအဆိုအရ ေသဆံုးသူေတြဟာ အာရပ္နဲ႔ အာရွဘက္က ဘုရားဖူးေတြျဖစ္တယ္လို႔ဆိုပါတယ္။ ဘတ္စ္ကားဟာ မီးေလာင္ကြ်မ္းခဲ႔ျပီး ျပတင္းေပါက္ မွန္ေတြလည္းပ်က္စီးေနတဲ႔ ဓါတ္ပံုေတြကို ေဖာ္ျပထားၾကပါတယ္။

ဒါဏ္ရာရရိွသူေတြကို အယ္လ္ဟားမားရိွ ေဆးရံုကိုတင္ပို႔ထားေၾကာင္း ေဆာ္ဒီနုိင္ငံပိုင္ သတင္းဌာနက ေဖာ္ျပထားျပီး ဒီမေတာ္တဆမႈနဲ႔ ပတ္သက္ျပီး အာဏာပိုင္ေတြက စံုစမ္းစစ္ေဆးမႈေတြ လုပ္ေဆာင္ေနပါတယ္။

မကၠာကိုသြားမယ္႔လမ္းမွာ ေလာင္စာဆီကားတစ္စင္းနဲ႔ ဘတ္စ္ကားတစ္စင္း တိုက္မိတာေၾကာင္႔ ၂၀၁၈ ခုနွစ္မွာ ျဗိတိန္ဘုရားဖူးေလးဦးေသဆံုးျပီး ၁၂ ဦးေသဆံုးခဲ႔ရသလို ၂၀၁၇ ခုနွစ္ကလည္း မကၠာကိုဘုရားဖူးျပီးေနာက္ မဒီနာကိုျပန္တဲ႔လမ္းမွာ မီနီဘတ္စ္တစ္စင္းတိမ္းေမွာက္သြားလို႔ လူေျခာက္ဦးေသဆံုးခဲ႔ရပါတယ္။

Ref : CNA , Photo : Getty Images
#voiceofmyanmar#ေဆာ္ဒီ#ဘုရားဖူးဘတ္စ္ကားတစ္စင္းတိမ္းေမွာက္#နိုင္ငံျခားသား၃၅ဦးေသဆံုး

Unicode

ဆော်ဒီဘုရားဖူး ဘတ်စ်ကားတစ်စင်းတိမ်းမှောက် ၊ နိုင်ငံခြားသား ၃၅ ဦးသေဆုံး

ရီယတ်၊ အောက်တိုဘာ-၁၇-၂၀၁၉
မျိုးဆက် (VOM)

ဆော်ဒီအာရေဗျရှိ မွတ်စလင်တွေ အထွဋ်အမြတ်ထားရာ မဒီနာမြို့အနီးမှာ ဘုရားဖူးဘတ်စ်ကားတစ်စင်း မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားသား ၃၅ ဦးသေဆုံးပြီး လေးဦးဒါဏ်ရာရရှိသွားကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။

အဲဒီမတော်တဆမှုဟာ မဒီနာမြို့အနီးက လမ်းမပေါ်မှာ အောက်တိုဘာ ၁၆ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဂ္ဂလိကစင်းလုံးငှားဘတ်စ်ကားဟာ မော်တော်ယာဉ်ကြီးတစ်စင်းနဲ့ တိုက်မိခဲ့တာလို့ မဒီနာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။

ဒေသတွင်းသတင်းဌနတွေရဲအဆိုအရ သေဆုံးသူတွေဟာ အာရပ်နဲ့ အာရှဘက်က ဘုရားဖူးတွေဖြစ်တယ်လို့ဆိုပါတယ်။ ဘတ်စ်ကားဟာ မီးလောင်ကျွမ်းခဲ့ပြီး ပြတင်းပေါက် မှန်တွေလည်းပျက်စီးနေတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားကြပါတယ်။

ဒါဏ်ရာရရှိသူတွေကို အယ်လ်ဟားမားရှိ ဆေးရုံကိုတင်ပို့ထားကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပြီး ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

မက္ကာကိုသွားမယ့်လမ်းမှာ လောင်စာဆီကားတစ်စင်းနဲ့ ဘတ်စ်ကားတစ်စင်း တိုက်မိတာကြောင့် ၂၀၁၈ ခုနှစ်မှာ ဗြိတိန်ဘုရားဖူးလေးဦးသေဆုံးပြီး ၁၂ ဦးသေဆုံးခဲ့ရသလို ၂၀၁၇ ခုနှစ်ကလည်း မက္ကာကိုဘုရားဖူးပြီးနောက် မဒီနာကိုပြန်တဲ့လမ်းမှာ မီနီဘတ်စ်တစ်စင်းတိမ်းမှောက်သွားလို့ လူခြောက်ဦးသေဆုံးခဲ့ရပါတယ်။

Ref : CNA , Photo : Getty Images
#voiceofmyanmar#ဆော်ဒီ#ဘုရားဖူးဘတ်စ်ကားတစ်စင်းတိမ်းမှောက်#နိုင်ငံခြားသား၃၅ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW