လြန္ခဲ႔တဲ႔နွစ္ ၃၀၀၀ ကေရွးေဟာင္းမာမီရုပ္အေလာင္းအမ်ားအျပား အီဂ်စ္မွာေတြ႔ရိွ

ကိုင္ရို၊ ေအာက္တိုဘာ -၂၁-၂၀၁၉
မ်ိဳးဆက္ (VOM)

အီဂ်စ္ေရွးေဟာင္း သုေတသနပညာရွင္ေတြဟာ ယခုသီတင္းပတ္အေစာပိုင္းက ေတြ႔ရိွခဲ႔သည္႔ ေရွးေဟာင္းမာမီရုပ္အေလာင္းေတြထည္႔သြင္းထားတဲ႔ ေခါင္းတလားေတြကို ထုတ္ေဖာ္ျပသလိုက္ပါတယ္။

ဒီေခါင္းတလားေတြကုိ ဖြင့္ၾကည္႔ရာမွာေတာ့ အထဲမွာ အမ်ိဳးသား၊ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြရဲ႕ ရုပ္အေလာင္းမ်ားကို ေတြ႔ရိွခဲ႔ရျပီး ပံုစံမပ်က္ပဲ ေကာင္းမြန္တဲ႔ အေျခအေနမွာရိွတယ္လို႔ ဆိုပါတယ္။

စုစုေပါင္း မာမီရုပ္အေလာင္း ၃၀ ကို နုိင္းျမစ္ရဲ႕အေနာက္ဘက္ကမ္းရိွ အာဆာဆစ္နက္ခရိုပိုလစ္ အေနာက္ရိွ ေတာင္ကုန္းတစ္ခုမွာ ေရွးေဟာင္းသုေတသန ပညာရွင္ေတြက မေတာ္တဆ ရွာေဖြေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

သုေတသနပညာရွင္တစ္ဦးတစ္ဦးဟာ သဲေတြထဲမွ တစ္စံုတစ္ရာကို သတိထားမိျပီးေနာက္ ဆက္လက္တူးေဖာ္ရာမွာ ေရာင္စံုပန္းခ်ီေတြေရးဆြဲထားျပီး ေက်ာက္ေတြနဲ႔ အလွဆင္ထားတဲ႔ ေရွးေဟာင္းမာမီရုပ္အေလာင္းေတြထည္႔ထားတဲ႔ ေခါင္းတလားေတြကို ေတြ႔ရိွခဲ႔တာျဖစ္ပါတယ္။

ဒီေတြ႔ရိွမႈဟာ ၁၉ ရာစုအကုန္ကတည္းက မာမီရုပ္အေလာင္းအမ်ားအျပား အစုအေဝးလိုက္ ေတြ႔ရိွမႈတစ္ခုျဖစ္တယ္လို႔ အီဂ်စ္ေရွးေဟာင္းသုေတသန၀န္ၾကီး ခါလက္အယ္လ္အန္နီက ေျပာပါတယ္။

၂၂ ဦးေျမာက္ဖာရိုမင္းဆက္ အုပ္ခ်ဳပ္စဥ္ ဘီစီ ၁၀ ရာစုက ရုပ္အေလာင္းေတြျဖစ္ၿပီး
အဲဒီ မာမီရုပ္အေလာင္းေတြကို လာမယ္႔နွစ္မွာ ဂီဇာရိွ အိီဂ်စ္ေရွးေဟာင္းျပတိုက္မွာ ျပဳလုပ္မယ္႔ အထူးျပပြဲမလုပ္ေဆာင္မီ ျပန္လည္ျပဳျပင္မႈအခ်ိဳ႕ျပဳလုပ္သြားမယ္လို႔ အီဂ်စ္ေရွးေဟာင္း သုေတသနပညာရွင္ေတြက ေျပာပါတယ္။

Ref :RT
Photo : AFP/ Egypt Antiquities Ministry
#voiceofmyanmar #လြန္ခဲ႔တဲ႔နွစ္၃၀၀၀က #ေရွးေဟာင္းမာမီရုပ္အေလာင္းအမ်ားအျပား #အီဂ်စ္မွာေတြ႔ရိွ

Unicode

လွန်ခဲ့တဲ့နှစ် ၃၀၀၀ ကရှေးဟောင်းမာမီရုပ်အလောင်းအများအပြား အီဂျစ်မှာတွေ့ရှိ

ကိုင်ရို၊ အောက်တိုဘာ -၂၁-၂၀၁၉
မျိုးဆက် (VOM)

အီဂျစ်ရှေးဟောင်း သုတေသနပညာရှင်တွေဟာ ယခုသီတင်းပတ်အစောပိုင်းက တွေ့ရှိခဲ့သည့် ရှေးဟောင်းမာမီရုပ်အလောင်းတွေထည့်သွင်းထားတဲ့ ခေါင်းတလားတွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ဒီခေါင်းတလားတွေကို ဖွင့်ကြည့်ရာမှာတော့ အထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရပြီး ပုံစံမပျက်ပဲ ကောင်းမွန်တဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။

စုစုပေါင်း မာမီရုပ်အလောင်း ၃၀ ကို နိုင်းမြစ်ရဲ့အနောက်ဘက်ကမ်းရှိ အာဆာဆစ်နက်ခရိုပိုလစ် အနောက်ရှိ တောင်ကုန်းတစ်ခုမှာ ရှေးဟောင်းသုတေသန ပညာရှင်တွေက မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သုတေသနပညာရှင်တစ်ဦးတစ်ဦးဟာ သဲတွေထဲမှ တစ်စုံတစ်ရာကို သတိထားမိပြီးနောက် ဆက်လက်တူးဖော်ရာမှာ ရောင်စုံပန်းချီတွေရေးဆွဲထားပြီး ကျောက်တွေနဲ့ အလှဆင်ထားတဲ့ ရှေးဟောင်းမာမီရုပ်အလောင်းတွေထည့်ထားတဲ့ ခေါင်းတလားတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ရှိမှုဟာ ၁၉ ရာစုအကုန်ကတည်းက မာမီရုပ်အလောင်းအများအပြား အစုအဝေးလိုက် တွေ့ရှိမှုတစ်ခုဖြစ်တယ်လို့ အီဂျစ်ရှေးဟောင်းသုတေသနဝန်ကြီး ခါလက်အယ်လ်အန်နီက ပြောပါတယ်။

၂၂ ဦးမြောက်ဖာရိုမင်းဆက် အုပ်ချုပ်စဉ် ဘီစီ ၁၀ ရာစုက ရုပ်အလောင်းတွေဖြစ်ပြီး
အဲဒီ မာမီရုပ်အလောင်းတွေကို လာမယ့်နှစ်မှာ ဂီဇာရှိ အီဂျစ်ရှေးဟောင်းပြတိုက်မှာ ပြုလုပ်မယ့် အထူးပြပွဲမလုပ်ဆောင်မီ ပြန်လည်ပြုပြင်မှုအချို့ပြုလုပ်သွားမယ်လို့ အီဂျစ်ရှေးဟောင်း သုတေသနပညာရှင်တွေက ပြောပါတယ်။

Ref :RT
Photo : AFP/ Egypt Antiquities Ministry
#voiceofmyanmar #လွန်ခဲ့တဲ့နှစ်၃၀၀၀က #ရှေးဟောင်းမာမီရုပ်အလောင်းအများအပြား #အီဂျစ်မှာတွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW