ရန်ကုန်- အောက်တိုဘာလ ၁၈ – ၂၀၁၉ ကိုးသက်စံ(VOM) ကလေးစစ်သားဟောင်း ဖြစ်သူ အောင်ကိုထွေးကို ဝန်းရံခဲ့သူတွေဖြစ်တဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ တွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ပုဒ်မ ၁၅၃ တို့နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက အောက်တိုဘာလ ၁၇ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ် ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နဲ့ ပုဒ်မ ၁၅၃ ရုန်းရင်းဆန်ခတ်ဖြစ်စေဖို့ သဘောနဲ့ကြံရွယ်ပြီး ရန်စမှုပုဒ်မနဲ့စွဲချက်တင်ခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဇော်နဲ့ ဒေါ်ခင်ချိုနိုင်တို့ကို ပုဒ်မ ၅၀၅(ခ)နဲ့ပုဒ်မ ၁၅၃ အပြင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဥပဒေပုဒ်မ ၇ နဲ့စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ် ။ “ညှိစွန်းတယ်ဆိုတာ အခုစစ်ဆေးပြီးတဲ့ တရားလိုပြသက်သေတွေရှိပါတယ်၊ တရားလိုပြ သက်သေတွေရဲ့ ထွက်ဆိုချက်မှာ တရားခံတွေက ဒီ ဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေကို ကျူးလွန်တယ်လို့…
Read MoreMonth: October 2019
ဆော်ဒီဘုရားဖူး ဘတ်စ်ကားတစ်စင်းတိမ်းမှောက် ၊ နိုင်ငံခြားသား ၃၅ ဦးသေဆုံး
ရီယတ်၊ အောက်တိုဘာ-၁၇-၂၀၁၉ မျိုးဆက် (VOM) ဆော်ဒီအာရေဗျရှိ မွတ်စလင်တွေ အထွဋ်အမြတ်ထားရာ မဒီနာမြို့အနီးမှာ ဘုရားဖူးဘတ်စ်ကားတစ်စင်း မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် နိုင်ငံခြားသား ၃၅ ဦးသေဆုံးပြီး လေးဦးဒါဏ်ရာရရှိသွားကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာ ၁၇ ရက်မှာ ဖော်ပြပါတယ်။ အဲဒီမတော်တဆမှုဟာ မဒီနာမြို့အနီးက လမ်းမပေါ်မှာ အောက်တိုဘာ ၁၆ ရက်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဂ္ဂလိကစင်းလုံးငှားဘတ်စ်ကားဟာ မော်တော်ယာဉ်ကြီးတစ်စင်းနဲ့ တိုက်မိခဲ့တာလို့ မဒီနာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ ဒေသတွင်းသတင်းဌနတွေရဲအဆိုအရ သေဆုံးသူတွေဟာ အာရပ်နဲ့ အာရှဘက်က ဘုရားဖူးတွေဖြစ်တယ်လို့ဆိုပါတယ်။ ဘတ်စ်ကားဟာ မီးလောင်ကျွမ်းခဲ့ပြီး ပြတင်းပေါက် မှန်တွေလည်းပျက်စီးနေတဲ့ ဓါတ်ပုံတွေကို ဖော်ပြထားကြပါတယ်။ ဒါဏ်ရာရရှိသူတွေကို အယ်လ်ဟားမားရှိ ဆေးရုံကိုတင်ပို့ထားကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပြီး ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ မက္ကာကိုသွားမယ့်လမ်းမှာ လောင်စာဆီကားတစ်စင်းနဲ့ ဘတ်စ်ကားတစ်စင်း တိုက်မိတာကြောင့် ၂၀၁၈ ခုနှစ်မှာ ဗြိတိန်ဘုရားဖူးလေးဦးသေဆုံးပြီး…
Read Moreနီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ နဲ့ ကိုယ်စားလှယ်များ နေပြည်တော်သမ္မတအိမ်တော်သို့ ပထမအကြိမ်လာရောက်
နေပြည်တော်၊ အောက်တိုဘာ ၁၇-၂၀၁၉ ကိုထွန်း(VOM) နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်ကို ဒီကနေ့မနက်ပိုင်းက နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi Bhandari နဲ့ ကိုယ်စားလှယ်များက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော်အကြီးအကဲများကို လာရောက်တွေ့ဆုံခဲ့ပါတယ်။ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတအနေနဲ့ မြန်မာနိုင်ငံကို ပထမအကြိမ်လာရောက်တာဖြစ်ပြီး ဒီကနေ့တွေ့ဆုံမှုမှာ (၂)နိုင်ငံ နားလည်လည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ယင်းစာချွန်လွှာတွင် အချက်(၁၃)ချက်ပါ အချက်အလက်များကို နှစ်နိုင်ငံအကြီးအကဲတွေရှေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi တို့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ RT.Hon.H,E.Mrs.Bidya Devi နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာ ၁၆ရက်နေ့က ညနေပိုင်းက နေပြည်တော်ကို ရောက်ရှိတာဖြစ်ပြီး အောက်တိုဘာ၁၈ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်ကနေ နီပေါနိုင်ငံကို ပြန်လည်ထွက်ခွာသွားမှာ ဖြစ်တယ်ယ်လို့…
Read Moreဆေးခြောက်နဲ့ ပြည့်တန်ဆာလုပ်ငန်း တရားဝင်ခွင့်ပြုမယ်လို့ သမ္မတရာထူးဝင်ပြိုင်မယ့် ပလေးဘွိုင်းမော်ဒယ် ကတိပေး
ဇာဂရက်၊ အောက်တိုဘာ-၁၆-၂၀၁၉ မျိုးဆက်(VOM) ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ခရိုအေးရှား သမ္မတရွေးကောက်ပွဲမှာ ပလေးဘွိုင်းမော်ဒယ်ဟောင်းနဲ့ ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ အေဗာကာရာဘာတစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံရှိလူငယ်တွေရဲ့ မဲတွေရရှိရေးပစ်မှတ်ထားနေပါတယ်။ အသက် ၃၁ နှစ်အရွယ် ပလေးဘွိုင်းမော်ဒယ်ဟောင်းဟာ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိစ္စကို သူ့ရဲ့ အင်စတာဂရမ်အကောင့်နဲ့ကိုယ်ပိုင်ဘလော့ဂ်တို့ကတစ်ဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ရွေးကောက်ပွဲဆိုင်ရာ အဓိကမူဝါဒတွေကတော့ ပို့ကုန်တိုးမြင့်ပြီး သွင်းကုန်လျှော့ချရေး၊ လူငယ်တွေအတွက် အလုပ်အကိုင်များဖန်တီးပေးခြင်းနဲ့ သီတင်းခြောက်ပတ်ကြာပြီဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ရေးဆိုတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဆေးခြောက် သုံးစွဲခွင့်နဲ့ လိင်အလုပ်သမားတွေအတွက် ဘေးကင်းလုံခြုံမှုရှိဖို့ တရားဝင်လုပ်ကိုင်ခွင့်ပြုရေးတို့အတွက် ကတိပြုထားပြီး အခွန်ဘဏ္ဍာတိုးမြှင့်ရရှိစေဖို့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေးက သူ့ရဲ့ ဒုတိယအနှစ်သက်ဆုံး အလုပ်ဖြစ်တာကြောင့် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပလေးဘွိုင်းမော်ဒယ်ဟောင်းက ဆိုပါတယ်။ နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့အရာတွေကို လက်ပိုက်ကြည့်မနေနိုင်တော့ကြောင်း၊ နိုင်ငံအတွင်းမှာ လူငယ်တွေပြည်ပထွက်ခွာသွားနေကြပြီး ကလေးမွေးဖွားမှုနှုန်းလည်း ကျဆင်းနေတယ်လို့ ကာရာဘာတစ်ကပြောပါတယ်။ ခရိုအေးရှားနိုင်ငံအတွက်…
Read Moreသိန်းပေါင်း(၂၉)သိန်းကျော်တန်ဖိုးရှိတဲ့ ICEဟုယူဆရသော မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ဖမ်းမိ
ဖျာပုံ၊ အောက်တိုဘာ ၁၇-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ မှ ရေမိုင် ၁၅မိုင်အကွာ ပင်လယ်ပြင်အတွင်း ICEဟုယူဆရသော မူးယစ်ဆေးဝါးတွေကို ပုံဆောင်ခဲပုံစံပြုလုပ်ကာထည့်ထားတဲ့ ပီနံအိတ်၂၃အိတ် ရေထဲမျောနေတာကို အောက်တိုဘာ၁၆ရက်နေ့မနက်ပိုင်းက ရေလုပ်သားတွေကတွေ့ခဲ့တယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က သိရပါတယ်။ အရှေ့ဖျားကျေးရွာက ရေလုပ်ငန်းလုပ်ကိုင်တဲ့ ရေလုပ်သားတွေငါးဖမ်းထွက်နေတဲ့အချိန် ရေမိုင် ၁၅ မိုင်ခန့်အ ကွာ ပင်လယ်ပြင်မှာ မျောနေတဲ့အထုတ်တွေ တွေ့ရတာကြောင့်ငါးဖမ်းစက်လှေပေါ်ကို သယ်ယူခဲ့ကြပြီး ရေလုပ်ငန်းရှင်ထံအပ်နှံခဲ့ကာ ပီနံအိတ်တွေကို ဖွင့်ဖောက်စစ်ဆေးရာ မင်္သကာဖွယ် ပုံဆောင်ခဲအ ထုတ်တွေတွေ့ရတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ” iceလို့ယူဆရတဲ့အခဲအိတ်အပြည့် (၃၀)ထုတ်ပါ ပီနံအိတ်(၁၆)အိတ်နဲ့ အိတ်မပြည့် ပီနံအိတ်(၇) အိတ်ကို သိမ်းဆည်းထားပီး ဖျာပုံမူးယစ်တပ်ဖွဲ့၅၀က ဆက်လက်စုံစမ်းနေပါတယ်” လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမူးကြီးထွန်းရွှေကပြောပါတယ်။ ပီနံအိတ်တွေအတွင်းမှာ ပလပ်စတစ်အမဲနဲ့ပတ်ထားတဲ့ Refined(Chinese Tea စာတန်းနှင့်တရုတ်စာများပါရှိ)…
Read Moreဆီးရီးယားထိုးစစ် အဆုံးသတ်ရေး အမေရိကန်ရဲ့တောင်းဆိုမှု တူရကီသမ္မတပယ်ချ
အန်ကာရာ၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ တူရကီရဲ့ ထိုးစစ်ဆင်နွှဲနေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့အတွက် အမေရိကန်ရဲ့ တောင်းဆိုချက်ကို တူရကီသမ္မတ အာဒိုဂန်က ပယ်ချလိုက်ပါတယ်။ အမေရိကန်ဒုသမ္မတ မိုက်ပင့်စ်နဲ့ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့ရဲ့ တူရကီခရီးစဉ်မတိုင်မီမှပဲ သမ္မတအာဒိုဂန်ရဲ့ မှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဆီးရီးယားနယ်စပ်မှာရှိတဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေရဲ့ မဟာမိတ် အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းပြီးနောက် ကာ့ဒ်တွေကို နယ်စပ်ကနေမောင်းထုတ်ဖို့ ရည်ရွယ်ပြီး တူရကီက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ တူရကီထိုးစစ်ကို တုံပြန်ဖို့အတွက် ကာ့ဒ်တွေနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့တို့အကြား သဘောတူညီချက်ရရှိသွားပြီးနောက် အဲဒီဒေသကို အစိုးရတပ်ဖွဲ့တွေ ဖြန်ကြက်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆီးရီးယားအစိုးရကို ကျောထောက်နောက်ခံပေးထားတဲ့ ရုရှားကတော့ တူရကီနဲ့ ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲမဖြစ်အောင် ကာကွယ်တားဆီးမယ်လို့ ပြောပါတယ်။ လက်ရှိတွင် တူရကီရှိ ဆီးရီးယားဒုက္ခသည် နှစ်သန်းကျော်ကို ပြန်လည်နေရာချထားရန် ဆီးရီးယားနိုင်ငံအတွင်း မိုင် ၂၀ ပမာဏရှိ ဘေးကင်းဇုန်တစ်ခုတည်ဆောက်ဖို့ တူရကီက ဆန္ဒရှိနေတာဖြစ်ပါတယ်။…
Read Moreဟောင်ကောင်ပြည်သူတွေကို ထောက်ခံတဲ့ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု
ဝါရှင်တန်၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) အမေရိကန် လွှတ်တော်အမတ်တွေဟာ ဟောင်ကောင်ရှိ လူ့အခွင့်အရေးအခြေအနေများကို ထောက်ခံဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံလိုက်ပါတယ်။ အထက်လွှတ်တော်က အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အဲဒီဥပဒေကြမ်းမှာ ဟောင်ကောင်ရဲ့ အထူးကုန်သွယ်ခွင့်ကို တရုတ်နိုင်ငံကပေးအပ်ထားတာ ဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမရှိကို သိရှိနိုင်ဖို့ အမေရိကန် ဆီးနိတ်က နှစ်စဉ်ပြန်လည်သုံးသပ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒါ့အပြင် ဟောင်ကောင်ကို မျက်ရည်ယိုဗုံးတွေ တင်ပို့တာကို ရပ်တန့်ဖို့အတွက်လည်း အောက်လွှတ်တော်က အတည်ြ့ပုခဲ့ပါတယ်။ ဟောင်ကောင်ဆန္ဒပြသူတွေဟာ အမေရိကန်ရဲ့ ဥပဒေကြမ်းကို ထောက်ခံဖို့ အောက်တိုဘာ ၁၄ ရက်က လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။ ဟောင်ကောင်ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတဲ့ ဇွန်လမှာ တင်သွင်းခဲ့တဲ့ အဲဒီဥပဒေကြမ်းကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံအတည်ပြုခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ဥပဒေအရ ဟောင်ကောင်မှာ အကျိုးထူးခံစားရမယ်လို့ဆိုပါတယ်။ ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ပေမယ့်လည်း ဥပဒေနဲ့ စီးပွားရေးစနစ်တွေကတော့…
Read Moreပဲခူးတိုင်းဝန်ကြီးချုပ်ပြောစကားနဲ့ပက်သက်ပြီး ရှင်းလင်းပွဲမှာ ဟန့်တားထိုးကြိတ်သူ ပြည်ခိုင်ဖြိုးပါတီဝင်ဆိုသူကို နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်
နတ္တလင်း အောက်တိုဘာ ၁၆-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ဒမငယ်ကျေးရွာမှာ မနေ့အောက်တိုဘာ၁၅ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြားချက်ကို ဒေသခံများက ရှင်းလင်းနေစဉ် ဝင်ရောက်ဟန့်တားထိုးကြိတ်သူဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မကြီးမငယ်ဘုရားဝန်းအတွင်းက ဓမ္မရုံမှာရှင်းလင်းပွဲပြုလုပ်နေစဉ် ဂေါပကအတွင်းရေးမှူး ဦးသန်းထွန်းက ပွဲဦးဆောင်ပြုလုပ်သူ ကိုချစ်ကို ကို ဓမ္မာရုံအပြင်ဘက်ခေါ်ဆောင်ပြီး ကိုတာတာဦး(ပြည်ခိုင်ဖြိုးပါတီဝင်)ဆိုသူမှ ကိုချစ်ကိုရဲ့ နောက်စေ့ကို လက်သီးနဲ့ထိုးခဲ့တဲ့အတွက် နိုင်လွတ်လုံပုဒ်မနဲ့အမှုဖွင့်ခံထားရတယ်လို့ တောင်ညိုရဲကင်းစခန်းကသိရပါတယ်။ “ သူတို့က ကျနော်ရှင်းလင်းပွဲလုပ်နေတာကို နောက်ယောင်ခံလိုက်လာတယ်၊ ပြောစရာရှိလို့ဆိုပြီး ကျနော့ကိုခေါ်တော့ ကျနော်ကသဘောရိုးနဲ့ထွက်တယ်၊ ဒါကိုတစ်ယောက်ကခေါ်တယ် တစ်ယောက်က နောက်ကထိုးတယ် လူပေါင်း နှစ်ရာ၊သုံးရာကြားထဲမှာ၊ကျနော့ဂုဏ်သိက္ခာကျဆင်းတဲ့အတွက် နိုင်လွတ်လုံ၁၀နဲ့ အမှုဖွင့်လိုက်တာပါသူတို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေပါလို” ကိုချစ်ကိုကပြောပါတယ်။ ကိုတာတာဦးနဲ့ဦးသန်းထွန်းတို့ကို ဒေသခံတစ်ချို့က ပြည်ခိုင်ဖြိုးပါတီဝင်တွေလို့ ပြောဆိုတာနဲ့ပတ်သက်ပြီး နတ္တလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြတ်စိုးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ “ သူတို့နှစ်ဦးက ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ပါဘူး၊ ကိုတာတာဦးဆိုရင် အရင်၂၀၁၅မှာNLDကပါ…
Read Moreမြန်မာနိုင်ငံပြန်ပို့မယ့် ရိုဟင်ဂျာငါးသောင်း စာရင်းသစ် ဘင်္ဂလားဒေ့ရှ်ပေးအပ်
ဒါကာ၊ အောက်တိုဘာ ၁၆-၂၀၁၉ မျိုးဆက် (VOM) ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ် ဆက်လက်နှောင့်နှေးနေချိန်မှာ မြန်မာနိုင်ငံက စီစစ်ဖို့အတွက် ပြန်ပို့မယ့် ရိုဟင်ဂျာဒုက္ခသည် ငါးသောင်းရဲ့စာရင်းကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးလိုက်ပါတယ်။ ဒီလို စာရင်းသစ်ထပ်ပြီးပေးပို့လိုက်တာနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က အောက်တိုဘာ ၁၅ ရက်မှာ သတင်းထောက်တွေကို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ “ လက်ရှိအချိန်ထိတော့ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနှစ်နိုင်ငံ သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် ပြန်ပို့မယ့် ရိုဟင်ဂျာ တစ်သိန်းကျော်ရဲ့ စာရင်းတွေကို မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်က ပေးအပ်ထားပြီးဖြစ်ပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ဒါကာမှာပြုလုပ်တဲ့ မြန်မာနိုင်ငံနဲ့ ဆွေးနွေးပွဲမှာလည်း ပြန်ပို့မယ့်သူတွေစာရင်းကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က အာမခံချက်တွေပေးထားပေမယ့်လည်း ရိုဟင်ဂျာဒုက္ခသည်တွေအနေနဲ့ ပြန်လိုတဲ့အရိပ်အယောင်မတွေ့ရပါဘူး။ မြန်မာနိုင်ငံကို ဒီလိုစာရင်းတွေ လွှဲပြောင်းပေးအပ်ရတဲ့အကြောင်းကတော့ နေရပ်ပြန်ရေး အားထုတ်မှုတွေအတွက် စီစစ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လုပ်ဆောင်လိုတာကြောင့်လို့ ” နိုင်ငံခြားရေးဝန်ကြီး မိုမန်ကပြောပါတယ်။…
Read Moreပညာရေးနဲ့ နိုင်ငံရေးလောကမှာ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
နေပြည်တော်၊ အောက်တိုဘာ ၁၆-၂၀၁၉ ကိုထွန်း(VOM) ပညာရေးလောက နဲ့ နိုင်ငံရေးလောကမှာ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားပဲ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်တယ်၊ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မယ် လို့ ဒီကနေ့မနက်ပိုင်းက နေပြည်တော် MICC-2ခန်းမမှာ ကျင်းပြုလုပ်တဲ့ ၂၀၁၉ခုနှစ် တက္ကသိုလ်များဖွံ့ ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မတို့ အားလုံးအတွက်အရေးကြီးတာက ပူးပေါင်းဆောင်ရွက်မှုဘဲ ဖြစ်ပါတယ်၊ ဒါမှ ပညာရေးလောကမှာရော နိုင်ငံရေးလောကမှာရော အခု သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုကို အလေးမထားဘဲနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်၊ စုပေါင်းပြီးတော့ ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာပါ “လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ထောင်ရာမှာ ပြည်ထောင်စုကြီး အဖက်ဖက်က ဖွံ့ ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစစ်ငြိမ်းချမ်းရေး၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်နိုင်ရေး နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက်…
Read More