ဒေလီ၊ အောက်တိုဘာ-၂၁-၂၀၁၉ မျိုးဆက် (VOM) အငြင်းပွားဖွယ် ကတ်ရှမီးယားဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေ အောက်တိုဘာ ၂၀ ရက်က အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်သေဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ပါကစ္စတန်တပ်ဖွဲ့ဝင်တွေဟာ အပစ်အခတ်ရပ်စဲရေးမျဉ်းတစ်လျှောက် အောက်တိုဘာ ၂၀ ရက်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးသွားတယ်လို့ အိန္ဒိယစစ်ဘက်က ပြောပါတယ်။ ပါကစ္စတန်ဘက်ခြမ်းရှိ နေရာလေးခုကို လက်နက်ကြီးတွေနဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်သမားနဲ့ ပါကစ္စတန်တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသွားတယ်လို့ အိန္ဒိယစစ်ဘက်က ထုတ်ပြန်ထားပါတယ်။ အိန္ဒိယစစ်ဘက်ဟာ အဲဒီဒေသတွေဟာ အကြမ်းဖက်သမားတွေ ခြေကုပ်ယူထားရာ ဒေသတွေအဖြစ် ရှုမြင်ထားပါတယ်။ ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေဟာ ပါကစ္စတန်ရဲ့အကူအညီနဲ့ နယ်စပ်အပစ်အခတ်ရပ်စဲရေး မျဉ်းကိုဖြတ်ပြီး အိန္ဒိယဘက်ခြမ်းကို မကြာခဏ ဖြတ်ကျော်ဝင်ရောက်တယ်လို့ အိန္ဒိယနိုင်ငံက အခိုင်အမာပြောဆိုပါတယ်။ အိန္ဒိစစ်ဘက်ရဲ့ တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သား ငါးဦးသေဆုံးသွားကြောင်း ပါကစ္စတန်စစ်ဘက်က ထုတ်ပြန်ပါတယ်။…
Read MoreMonth: October 2019
ဘူးသီးတောင်မှာ ကျေးရွာအတွင်း လက်နက်ကြီးကျ အမျိုးသမီးတစ်ဦးဒဏ်ရာရ
ဘူးသီးတောင်၊ အောက်တိုဘာ ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ အောက်တိုဘာ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်အချိန်က ထိပ်ထူးပေါက် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ပေါကက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နွားတစ်ကောင်နဲ့ ခွေးတစ်ကောင်လည်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလက်နက်ကြီးကျည်ဟာ ညနေပိုင်းအချိန်မှာ ကျောက်ရံကျေးရွာအုပ်စုအတွင်းရှိ ထိပ်ထူးပေါက်ကျေးရွာက ဦးဆီရာဇူးရဲ့နေအိမ်ခြံဝင်းအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးဆီရာဇူးရဲ့ ဇနီးသည် ဒေါ်အာယေရှား ၄၅ နှစ်မှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ “ မနေ့က ညနေပိုင်းမှာ လက်နက်ကြီးကျည်က ရွာထဲကိုကျတာပါ။ အမျိုးသမီးတစ်ဦးဒဏ်ရာရတယ်။ ခွေးတစ်ကောင်နဲ့ နွားတစ်ကောင်သေတယ်။ ခြေထောက်တစ်ဖက် ဒဏ်ရာပြင်းတယ်။ ထိတာက တော်တော်များများထိသွားတယ်။ သူ့ကို ဘူးသီးတောင်ဆေးရုံကို ပို့ဆောင်ပေးထားပါတယ် ”လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။ မနေ့ကညနေပိုင်းမှာ အဲ့ဒီထိပ်ထူးပေါက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တာမရှိပေမယ့် လက်နက်ကြီးပစ်ခတ်သံတွေကို ကြားရပြီး အခုလိုမျိုး ကျေးရွာအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့…
Read Moreတူမအရင်းနဲ့ဖခင်ကို ဓါးနဲ့ခုတ်တဲ့သား ဖခင်လက်ချက်နဲ့သေဆုံး
ပေါင်းတည်၊ အောက်တိုဘာ ၂၁-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို (၂)ရပ်ကွက် အနောက်လမ်းမှာ အောက်တိုဘာ၂၀ရက်နေ့ မနက်ပိုင်းက အသက်(၃၃)နှစ်ရှိ သက်နိုင်စိုး(ခ)အာဘိ ဆိုသူဟာ အရက်ကြောင်ကြောင်ပြီး စိတ်ဖောက်ပြန်ကာ အသက်နှစ်နှစ်ခွဲရှိ တူမကို အရိုး၈လက်မ အသွား၁ပေ၂လက်မ ရှိတဲ့ဓားမနဲ့ခုတ်နေလို့ အာဘိရဲ့ဖခင်ဦးမြင့်စိုး က ဝင်ရောက်တားမြစ်ခဲ့ပါတယ်။ တားတဲ့ဖခင်ကိုပါ ဓားနဲ့လိုက်ခုတ်တဲ့အတွက် ဖခင်က အရှည်၇ပေ လုံးပတ်၇လက်မရှိ သစ်သားတုတ်နဲ့ပြန်လည်ခုခံခဲ့ရာ အာဘိရဲ့ဦးခေါင်းကိုရိုက်မိလို့နေရာတင် သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့မရဲစခန်းကသိရပါတယ်။ “ မနက်က ကျနော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီး သွားကြည့်တော့ အာဘိသေနေတဲ့အလောင်းတွေ့ပါတယ်၊ ကလေးကို သူ့ဦးလေးကဓားနဲ့ခုတ်လို့ သူ့အဖေကမခံနိုင်လို့ ခလေးကိုဆွဲရင်းနဲ့ ပြန်ပြီးခုခံကာကွယ်ရင်းဖြစ်တာလို့သိရပါတယ်၊ခလေးကတော့ အခုရန်ကုန်ဆေးရုံမှာ ဆေးကုသမှုခံယူနေတာ အခြေအနေကောင်းတယ်လို့သိရပါတယ်၊ အခုသေဆုံးသွားတဲ့ဦးလေးကတော့ အမြဲတမ်းတော့ အရက်ကြောင်မကြောင်ပါဘူး၊ အခုမှဆိုးသွားတာပါ ”လို့ နွယ်ချို (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က…
Read Moreဘင်္ဂလားပင်လယ်အော်မှာရှိတဲ့ ကျွန်းတကျွန်းမှာ ပြောင်းနေဖို့ ရိုဟင်ဂျာတွေ သဘောတူ
ကော့ဘဇား၊ အောက်တိုဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေဟာ ဘင်္ဂလားပင်လယ်အော်ရှိ ကျွန်းတစ်ကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သဘောတူလိုက်ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။ ဘာရှန်ချာလို့အမည်ရတဲ့ အဲဒီကျွန်းဟာ ဝေးလံခေါင်သီပြီး ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားလေ့ရှိပါတယ်။ ရိုဟင်ဂျာတွေကို ဒီကျွန်းမှာ ပြောင်းရွှေ့နေရာချထားရေးအတွက် ကြီးကြပ်မယ့်တာဝန်ရှိသူတွေကို လာမယ့်ရက်အနည်းငယ်အတွင်း ကျွန်းပေါ်ကို ပို့ဆောင်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီး အလမ်က ပြောပါတယ်။ ဒုက္ခသည် ၆၀၀၀ မှ ၇၀၀၀ လောက်အထိက ဘာရှန်ချာကျွန်းမှာ ပြောင်းရွှေ့နေထိုင်ဖို့ သူတို့ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပြီးဖြစ်တယ်လို့ အလမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောဆိုပြီး ပြောင်းရွှေ့နေထိုင်လိုသူ အရေအတွက် တိုးမြင့်လာနေတယ်လို့ဆိုပါတယ်။ ဒုက္ခသည်တွေကို ဘယ်အချိန်မှာ ပြောင်းရွှေ့နေရာချထားမယ်ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့်…
Read Moreကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲကို မန္တလေး ၁၁မိုင် (MX Bike Park) မှာ ပထမဆုံး ကျင်းပမည်
မန္တလေး အောက်တိုဘာ ၂၀-၂၀၁၉ ရဲရင့်မင်းခန့်(VOM) မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ကွင်းတွင်းလမ်းကြမ်းဆိုင်ကယ်ပြိုင်ပွဲ MYANMAR MOTOCROSS 2019 (MMX 2019)ကို ၇မိုင်ကမ်းခြေ နဲ့ ဒီးဒုတ်ရေပြာအိုင်သွား လမ်းဘေး 11 Miles (MX Bike Park)မှာ (၂၀၁၉)ခုနှစ် အောက်တိုဘာ(၂၆)ရက် မှ (၂၇)ရက်နေ့ထိ ကျင်းပမယ်လို့ အောက်တိုဘာ ၂၀ရက် ဒီကနေ့ မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြောလိုက်ပါတယ်။ ပြိုင်ပွဲမှာ MMX-A (Senior) 231cc နှင့် 231cc အထက် (Pro)၊ ကွင်း ( ၁၀ ) ပတ် MMX-A (Junior) 231 cc နှင့် 231cc အထက် (Pro)၊ ကွင်း(၁၀)ပတ်l MMX-B (Senior) 125cc မှ 230cc…
Read Moreရုရှားမှာ သတ္တုတွင်းသုံး ရေကာတာကျိုးပေါက်မှုကြောင့် လူ ၁၅ ဦးသေဆုံး
မော်စကို၊ အောက်တိုဘာ-၂၀-၂၀၁၉ မျိုးဆက် (VOM) ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသအတွင်းရှိ ရွှေ့မိုင်းတွင်းတစ်ခုမှာ အသုံးပြုတဲ့ ရေကာတာ တစ်ခုကျိုးပေါက်မှုကြောင့် လူပေါင်း ၁၅ဦးထက်မနည်း သေဆုံးပြီး အခြားလူ၁၃ဦး ပျောက်ဆုံးနေပါတယ်။ ခရက်စနိုယာစ်ဒေသအတွင်း ဆိုက်ဘာမြစ်ပေါ်မှာတည်ရှိတဲ့ ရေကာတာဟာ အောက်တိုဘာ၁၉ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးပေါက်သွားပြီး အလုပ်သမားတွေနေထိုင်တဲ့ အခန်းတွေကို ရေလွှမ်းမိုးခဲ့ပါတယ်။ ဒါဏ်ရာအပြင်းအထန်ရရှိသွားတဲ့ လူသုံးဦးအပါအဝင် မိုင်းအလုပ်သမား၁၄ဦးကို ဆေးရုံသို့ပို့လိုက်ရကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။ အဲဒီ ရေကာတာသည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ သွေဖီနေကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကယ်ဆယ်ရေးသမား ဒါဇင်ပေါင်းများစွာကတော့ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြသလို ဒါဏ်ရာရရှိသူတွေကိုလည်း ကူညီမှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒါ့အပြင် ဆိုက်ဘာမြစ်ရေ တက်လာတာနဲ့ ဒေသအတွင်းရေကြီးမြင့်မှုတွေကြောင့် သတ္တုတွင်းရဲ့ အနီးမှာရှိတဲ့ ကူရာဂီနိုကျေးရွာကလူတွေကို…
Read Moreထိုင်း-မြန်မာနယ်စပ်မှာ ဘတ်သန်း ၅၀၀ တန်ဖိုးရှိမူးယစ်ဆေးတွေ ဖမ်းမိ
ဘန်ကောက်၊ အောက်တိုဘာ-၁၉ မျိုးဆက်(VOM) ထိုင်-မြန်မာနယ်စပ်အနီးတွင် မက်သာဖက်တမင်း မူးယစ်ဆေးဝါး ၁၅၀၀ ကီလိုဂရမ်သယ်ဆောင်လာတဲ့ နောက်တွဲယာဉ်တစ်စီးကို ထိုင်းအာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးခဲ့ပါတယ်။ မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ ၁၈ ဘီးကားကို တာ့ခ်-မဲဆောက် ကားလမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်တစ်ခုမှာ အောက်တိုဘာ၁၈ ရက်က ရပ်တန့်စေပြီး ရှာဖွေမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ကနဦးရှာဖွေရာမှာတော့ မော်တော်ယာဉ်ပေါ်မှာ ဘာမှမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အာဏာပိုင်တွေက ဆက်လက်စစ်ဆေးရာမှာတော့ မော်တော်ယာဉ်ရဲ့ကြမ်းခင်းမှာ လျို့ဝှက်အပေါက်တွေ ဖန်တီးပြီး နိုင်ငံခြားဘာသာစကားနဲ့ရေးထားတဲ့ မူးယစ်ဆေးဝါးအိတ်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေရဲ့ ခန့်မှန်းတန်ဖိုးဟာ ဘတ်သန်းပေါင်း ၅၀၀ ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေကို ဖို့ဖရာခရိုင်ကနေ နာ့ခွန်ပါသွန်က ဖောက်သည်တစ်ဦးဆီကိုပို့ဖို့အတွက် ငှားရမ်းခံရတဲ့ ကားသမားနှစ်ဦးကို ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။ ဒါပေမယ့် ဒီနောက်တွဲယာဉ်ထဲမှာ မူးယစ်ဆေးဝါးတွေ ပါရှိတာကို မသိဘူးလို့ ကားသမားနှစ်ဦးစလုံးက…
Read Moreအာဖဂန်ရှိ ဗလီတစ်ခုတွင် ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်သေဆုံး
ကဘူး၊ အောက်တိုဘာ-၁၉-၂၀၁၉ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ရှိ ဗလီတစ်ခုမှာ အောက်တိုဘာ ၁၈ ရက်က ၀တ်ပြုဆုတောင်းနေကြချိန်မှာ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၆၀ ကျော်သေဆုံးသွားတယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃၆ ဦးလည်းဒါဏ်ရာရရှိသွားပါတယ်။ အသေခံဖောက်ခွဲရေးသမားတွေဟာ ဗုံးနှစ်လုံးကို ဗလီအတွင်းမှာ ဖောက်ခွဲခဲ့တာလို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို တာလီဘန်နဲ့ သူ့အပေါင်းအပါ အကြမ်းဖက်သမားတွေလုပ်တာလို့ အာဖဂန်သမ္မတရုံး ပြောရေးဆိုခွင့်ရှ်ိသူက ပြောပါတယ်။ ဒါပေမယ့် စွပ်စွဲချက်ကို တာလီဘန်အဖွဲ့က ငြင်းဆိုထားပါတယ်။ အာဖဂန်နစ္စတန်မှာ ယခုနှစ်အတွင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၅၀၀ ကျော်သေဆုံးသွားပြီး ၅၇၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၀၁ ခုနှစ်မှာစတင်ခဲ့တဲ့ အာဖဂန်စစ်မြေပြင်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းရေးအတွက် တာလီဘန်အဖွဲ့နဲ့ အမေရိကန်တို့အကြား…
Read Moreသဟဇာတဖြစ်ရေးနှင့် လူတိုင်းအကျုံးဝင်မှု ဆွေးနွေးပွဲပြုလုပ်
Read Moreသတင်းကောင်းတပုဒ်နဲ့ သတင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့
zawgyi VOM ( Voice Of Myanmar ) မှာ သတင်းထောက်လုပ်တော့မယ့် သတင်းထောက်တွေအတွက် ရုံးတွင်းသင်တန်းလေးနဲ့ သိသင့်သိထိုက်တာတွေကို အရင်ဆုံးမျှဝေဖလှယ်ဖြစ်ပါတယ်။ သတင်းသမားတွေအတွက် အခြေခံသင်ခန်းစာဖြစ်သလို သတင်းဖတ်သူတွေလည်း ဘယ်ဟာကိုသတင်းလို့ခေါ်တယ် သတင်းတပုဒ်မှာ ဘယ်လို အရာတွေ ပါသင့်တယ် ၊ ဘယ်လိုလူကို သတင်းသမားလို့ခေါ်တယ်ဆိုတာ သိသင့်သိထိုက်တယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်။ သတင်းဆိုတာဘာလဲ? သတင်းဆိုတာ အရှေ့၊ အနောက်၊ တောင်၊ မြောက် က လာတဲ့ ထူးခြားတဲ့ ဖြစ်စဉ်မှန်သမျှ သတင်းလို့ခေါ်တယ်လို့ အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ ဆရာ့ဆရာတွေက ပြောခဲ့တာကို မှတ်သားခဲ့ဘူးပါတယ်။ ဘယ်အရာတွေက သတင်းဖြစ်မလဲ ? သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခ၊ နည်းပညာ၊ တိုက်ပွဲ၊ ဖျော်ဖြေရေး၊ နိုင်ငံရေး၊ မိုးလေဝသ၊ အားကစား၊ ပညာရေး၊ လူအခွင့်အရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေအပြင်…
Read More