ကဒ္ကုမၸဏီေတြက ဝန္ေဆာင္မႈစရိတ္ေတာင္းခံလွ်င္ ဘတ္စ္ကားကုမၸဏီမ်ားရပ္တည္ဖို႔ ခက္ခဲႏိုင္

ရန္ကုန္ ၊ ႏိုဝင္ဘာ ၁-၂၀၁၉
သူရိန္(VOM)

YBS ယာဥ္လိုင္းေတြမွာ ကဒ္စနစ္ကိုအသုံးျပဳဖို႔ ကဒ္ကုမၸဏီ‌ေတြက ဝန္ေဆာင္မႈစရိတ္ထပ္ဆင့္ေတာင္းခံလာ လွ်င္ လက္ရွိယာဥ္စီးခႏႈန္းထား အတိုင္း‌ေကာက္ခံေနတဲ့ ဘတ္စ္ကားကုမၸဏီေတြအေနနဲ႔ ေရရွည္ရပ္တည္ဖို႕ ခက္ခဲလာႏိုင္တယ္လို႔ ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရးကုမၸဏီလီမိတက္ကေန သိရပါတယ္။

“ လက္ရွိယာဥ္စီးခ ၂ဝဝက်ပ္ ထက္ပိုလာႏိုင္မလား။ ေလ်ာ့သြား မလားဆိုရင္ ခန္႔မွန္းေစ်းႏႈန္းေျပာ ရရင္ေတာ့ ႏိုင္ငံတကာမွာေတာ့ ေငြသားထည့္စီးတာထက္စာရင္ ကဒ္နဲ႔စီးရတာက ပိုၿပီးသက္သာပါတယ္။ ယာဥ္စီးခေစ်းႏႈန္းကေတာ့ Asia Stama က ဝန္ေဆာင္မႈရယူမွာလား၊မယူဘူးလား၊ ရယူရင္ေကာ ဘယ္လိုယူမွာလဲ၊ဘယ္ေလာက္ယူမယ္ဆိုတဲ့အေပၚ မူတည္ေနပါတယ္။ ရန္ကုန္မွာေန႔စဥ္ ဘတ္စ္ ကားကိုအသုံးျပဳတဲ့ျပည္သူ က ၂၅ သိန္းေလာက္ရွိတယ္။ ကြၽန္ေတာ့္ အျမင္ကိုေျပာရရင္ လက္ရွိအစိုးရ အေနနဲ႔လည္း ေ႐ြးေကာက္ပြဲကာလနီးခ်ိန္မို႔ ယာဥ္စီးခႏႈန္းထားေၾကာင့္ ျပည္သူလူထုမေက် နပ္မႈႀကီးထြားလာမွာကိုလိုလားမယ္လို႔ေတာ့ မထင္ဘူး” လို႔ ဗႏၶဳလ သယ္ယူပို႔ေဆာင္ေရးကုမၸဏီလီမိတက္ ဒါ႐ိုက္တာဦးမင္းႏိုင္ကေျပာပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနဟာ အစစအရာရာျမင့္တက္ေနတဲ့ ကုန္ေစ်းႏႈန္းနဲ႔တိုးျမင့္လာ တဲ့အခြန္အခေတြေၾကာင့္ ဘတ္စ္ကားကုမၸဏီေတြရဲ႕ေန႔စဥ္ကုန္က်စရိတ္လည္း ျမင့္တက္ေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယာဥ္စီးခႏႈန္းထားေကာက္ခံမယ့္စနစ္နဲ႔ပတ္သက္ၿပီးး Asia Starma အေနနဲ႔ ရွစ္ခ်က္တင္ျပထားၿပီး Bus company ေတြအေနနဲ႔ ကဒ္ေတြေရာင္းခ်ဖို႔နဲ႔ေငြျဖည့္ဖို႔အတြက္ Agent ယူႏိုင္သလို အလကား ကဒ္တစ္သိန္းေပမွာျဖစ္ၿပီး ကနဦးအေနနဲ့ ကဒ္သုံးေသာင္းခြဲကို ေဆး႐ုံ၊ ေဆးခန္း၊ ေက်ာင္း၊ တကၠသိုလ္နဲ႔ဌာနဆိုင္ ရာကဝန္ထမ္းေတြကို ေဝေပးသြားမွာျဖစ္ပါတယ္။

“ Public Trans-portation မွာ အစိုးရကလည္းအျခားႏိုင္ငံေတြလို Subsidize လုပ္ ဖို႔ကလည္းခက္ခဲေနတာမို႔ Busကုမၸဏီေတြကပဲ Public Transportation မွာ ဝင္ေရာက္လုပ္ကိုင္ေနရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ယာဥ္စီးခႏႈန္းထားကိုလည္း Win – Win Situation အေနနဲ႔ပဲသြားမယ္လို႔ ယူဆပါတယ္။ တစ္ဆက္တည္း ေကာက္ခံမယ့္စနစ္ကိုေျပာရရင္ ေလာေလာဆယ္ ပုံေသႏႈန္းစနစ္နဲ႔ပိုင္းျဖတ္စနစ္ဆိုၿပီး ႏွစ္မ်ိဳးရွိပါတယ္။Asia Starma ကေတာ့ နည္းပညာပိုင္းကအခက္အခဲမရွိဘဲ Busကုမၸဏီေတြနဲ႔ ေတာင္းဆိုမႈအတိုင္း လုပ္ေပးႏိုင္ပါတယ္ ” လို႔ ယာဥ္ပိုင္ရွင္တစ္ဦးကေျပာပါတယ္။
ယာဥ္စီးခႏႈန္းထားနဲ႔ေကာက္ခံမယ့္စနစ္ေတြကို ကုမၼဏီနဲ႔ အေက်အလည္ေဆြးေႏြးၿပီးမွသာ သင့္တင့္မွ်တတဲ့ ယာဥ္စီးခႏႈန္းထားကို တိုင္းေဒသႀကီးအစိုးရထံ အတည္ျပဳခ်က္ရဖို႔ တင္ျပသြားမယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ဘတ္စ္ကားကဒ္ကိစၥ

Unicode

ကဒ်ကုမ္ပဏီတွေက ဝန်ဆောင်မှုစရိတ်တောင်းခံလျှင် ဘတ်စ်ကားကုမ္ပဏီများရပ်တည်ဖို့ ခက်ခဲနိုင်

ရန်ကုန် ၊ နိုဝင်ဘာ ၁-၂၀၁၉
သူရိန်(VOM)

YBS ယာဉ်လိုင်းတွေမှာ ကဒ်စနစ်ကိုအသုံးပြုဖို့ ကဒ်ကုမ္ပဏီ‌တွေက ဝန်ဆောင်မှုစရိတ်ထပ်ဆင့်တောင်းခံလာ လျှင် လက်ရှိယာဉ်စီးခနှုန်းထား အတိုင်း‌ကောက်ခံနေတဲ့ ဘတ်စ်ကားကုမ္ပဏီတွေအနေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာနိုင်တယ်လို့ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်ကနေ သိရပါတယ်။

“ လက်ရှိယာဉ်စီးခ ၂ဝဝကျပ် ထက်ပိုလာနိုင်မလား။ လျော့သွား မလားဆိုရင် ခန့်မှန်းဈေးနှုန်းပြော ရရင်တော့ နိုင်ငံတကာမှာတော့ ငွေသားထည့်စီးတာထက်စာရင် ကဒ်နဲ့စီးရတာက ပိုပြီးသက်သာပါတယ်။ ယာဉ်စီးခဈေးနှုန်းကတော့ Asia Stama က ဝန်ဆောင်မှုရယူမှာလား၊မယူဘူးလား၊ ရယူရင်ကော ဘယ်လိုယူမှာလဲ၊ဘယ်လောက်ယူမယ်ဆိုတဲ့အပေါ် မူတည်နေပါတယ်။ ရန်ကုန်မှာနေ့စဉ် ဘတ်စ် ကားကိုအသုံးပြုတဲ့ပြည်သူ က ၂၅ သိန်းလောက်ရှိတယ်။ ကျွန်တော့် အမြင်ကိုပြောရရင် လက်ရှိအစိုးရ အနေနဲ့လည်း ရွေးကောက်ပွဲကာလနီးချိန်မို့ ယာဉ်စီးခနှုန်းထားကြောင့် ပြည်သူလူထုမကျေ နပ်မှုကြီးထွားလာမှာကိုလိုလားမယ်လို့တော့ မထင်ဘူး” လို့ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် ဒါရိုက်တာဦးမင်းနိုင်ကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အစစအရာရာမြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့တိုးမြင့်လာ တဲ့အခွန်အခတွေကြောင့် ဘတ်စ်ကားကုမ္ပဏီတွေရဲ့နေ့စဉ်ကုန်ကျစရိတ်လည်း မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယာဉ်စီးခနှုန်းထားကောက်ခံမယ့်စနစ်နဲ့ပတ်သက်ပြီးး Asia Starma အနေနဲ့ ရှစ်ချက်တင်ပြထားပြီး Bus company တွေအနေနဲ့ ကဒ်တွေရောင်းချဖို့နဲ့ငွေဖြည့်ဖို့အတွက် Agent ယူနိုင်သလို အလကား ကဒ်တစ်သိန်းပေမှာဖြစ်ပြီး ကနဦးအနေနဲ့ ကဒ်သုံးသောင်းခွဲကို ဆေးရုံ၊ ဆေးခန်း၊ ကျောင်း၊ တက္ကသိုလ်နဲ့ဌာနဆိုင် ရာကဝန်ထမ်းတွေကို ဝေပေးသွားမှာဖြစ်ပါတယ်။

“ Public Trans-portation မှာ အစိုးရကလည်းအခြားနိုင်ငံတွေလို Subsidize လုပ် ဖို့ကလည်းခက်ခဲနေတာမို့ Busကုမ္ပဏီတွေကပဲ Public Transportation မှာ ဝင်ရောက်လုပ်ကိုင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် ယာဉ်စီးခနှုန်းထားကိုလည်း Win – Win Situation အနေနဲ့ပဲသွားမယ်လို့ ယူဆပါတယ်။ တစ်ဆက်တည်း ကောက်ခံမယ့်စနစ်ကိုပြောရရင် လောလောဆယ် ပုံသေနှုန်းစနစ်နဲ့ပိုင်းဖြတ်စနစ်ဆိုပြီး နှစ်မျိုးရှိပါတယ်။Asia Starma ကတော့ နည်းပညာပိုင်းကအခက်အခဲမရှိဘဲ Busကုမ္ပဏီတွေနဲ့ တောင်းဆိုမှုအတိုင်း လုပ်ပေးနိုင်ပါတယ် ” လို့ ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
ယာဉ်စီးခနှုန်းထားနဲ့ကောက်ခံမယ့်စနစ်တွေကို ကုမ္မဏီနဲ့ အကျေအလည်ဆွေးနွေးပြီးမှသာ သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို တိုင်းဒေသကြီးအစိုးရထံ အတည်ပြုချက်ရဖို့ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ဘတ်စ်ကားကဒ်ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW