ဖက္ဒရယ္နဲ႔ပတ္သက္ၿပီး တိက်တဲ့မူေဘာင္ ရွိဖို႔လိုတယ့္လို႔ KNU ေျပာ

ရန္ကုန္၊ ႏိုဝင္ဘာ ၁-၂၀၁၉
မင္းရန္ႏိုင္(VOM)

ဖက္ဒရယ္နဲ႔ပတ္သက္ၿပီး တိက်တဲ့မူေဘာင္ရွိဖို႔လိုအပ္တယ္လို႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU) မွ
အတြင္းေရးမႉး(၂) ပဒိုေစာလွထြန္းက ေအာက္တိုဘာ၃၁ရက္ေန႔က ရန္ကုန္ၿမိဳ႕ ကမာၻေအးဘုရားလမ္းေပၚက Mecure ဟိုတယ္မွာ Review and Imagine for Nation and State လို႔ အမည္ေပးထားတဲ့ အလုပ္႐ုံေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ စိန္ေခၚမႈေတြရွိေနတဲ့အတြက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္က ရပ္တန႔္သြားတဲ့ သေဘာရွိေနတာ။ အခုလက္ရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ရဲ႕အေ႐ြ႕မွာ တစ္ဆို႔မႈကို ေက်ာ္လႊားသြားႏိုင္ဖို႔က ႏိုင္ငံေရးေဆြးေႏြးပြဲရဲ႕ ဖက္ဒရယ္အေျခခံမူရရွိေရးလမ္းေၾကာင္းက လိုအပ္တယ္။ Framework ထဲမွာ ႏိုင္ငံေရးေဆြးေႏြးပြဲဆိုင္ရာမူေဘာင္ကို ခ်ထားေပမယ့္ ဖက္ဒရယ္အေျခခံမူကို ရရွိမယ္ဆိုတဲ့လုပ္ငန္းစဥ္နဲ႔ ဖက္ဒရယ္မူကို ခ်ထားတာမရွိတဲ့အတြက္ သူတို႔ေဆြးေႏြးခဲ့တဲ့ UPC မွာ အခ်က္(၅၁)ခ်က္ရခဲ့ေပမယ့္လည္း တကယ္ဖက္ဒရယ္တည္ေဆာက္မယ့္မူေတြ ပါလားဆိုေတာ့ စဥ္းစားမႈေတြက ျဖစ္လာတယ္ ” လို႔ ပဒိုေစာလွထြန္းက ေျပာပါတယ္။

ဖက္ဒရယ္အေျခခံမူကို ရရွိဖို႔အတြက္ Framework ထဲမွာ မူေဘာင္ကို တိတိက်က် ထည့္ထားမယ္ဆိုရင္ ေဆြးေႏြးမယ့္လမ္းေၾကာင္းက ေပၚလာမွာျဖစ္ၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ဆိုင္တဲ့ကိစၥရပ္ေတြအျပင္ အပစ္အခတ္ရပ္စဲေရးနဲ႔ဆိုင္တဲ့ကိစၥရပ္ေတြ၊ NCAစာခ်ဳပ္ထဲမွာပါဝင္တဲ့ ၾကားကာလအတြင္း ေဆာင္႐ြက္ရမယ့္ကိစၥရပ္ေတြကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

အဲဒီေဆြးေႏြးပြဲကို တက္ေရာက္လာတဲ့ ကခ်င္လက္နက္ကိုင္အဖြဲ႕(KIO) ရဲ႕ နည္းပညာအေထာက္အကူျပဳအဖြဲ႕မွ လဖိုင္ဇန္ျမတ္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ အစိုးရရဲ႕မာန္ကိုမေတြ႕ရဘဲ တပ္မေတာ္ရဲ႕မာန္ကိုပဲ ပိုေတြ႕ေနရတာမို႔ အစိုးရအေနနဲ႔ ရဲရဲတင္းတင္း မာန္အျပည့္နဲ႔ ဦးေဆာင္ေစခ်င္တယ္လို႔ ေဆြးေႏြးပြဲမွာ ေျပာၾကားခဲ့ပါတယ္။

#voiceofmyanmar #ရန္ကုန္ #KNU #ဖယ္ဒရယ္

 

Unicode

ဖက်ဒရယ်နဲ့ပတ်သက်ပြီး တိကျတဲ့မူဘောင် ရှိဖို့လိုတယ့်လို့ KNU ပြော

ရန်ကုန်၊ နိုဝင်ဘာ ၁-၂၀၁၉
မင်းရန်နိုင်(VOM)

ဖက်ဒရယ်နဲ့ပတ်သက်ပြီး တိကျတဲ့မူဘောင်ရှိဖို့လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မှ
အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက အောက်တိုဘာ၃၁ရက်နေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က Mecure ဟိုတယ်မှာ Review and Imagine for Nation and State လို့ အမည်ပေးထားတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ စိန်ခေါ်မှုတွေရှိနေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်သွားတဲ့ သဘောရှိနေတာ။ အခုလက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့အရွေ့မှာ တစ်ဆို့မှုကို ကျော်လွှားသွားနိုင်ဖို့က နိုင်ငံရေးဆွေးနွေးပွဲရဲ့ ဖက်ဒရယ်အခြေခံမူရရှိရေးလမ်းကြောင်းက လိုအပ်တယ်။ Framework ထဲမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို ချထားပေမယ့် ဖက်ဒရယ်အခြေခံမူကို ရရှိမယ်ဆိုတဲ့လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်မူကို ချထားတာမရှိတဲ့အတွက် သူတို့ဆွေးနွေးခဲ့တဲ့ UPC မှာ အချက်(၅၁)ချက်ရခဲ့ပေမယ့်လည်း တကယ်ဖက်ဒရယ်တည်ဆောက်မယ့်မူတွေ ပါလားဆိုတော့ စဉ်းစားမှုတွေက ဖြစ်လာတယ် ” လို့ ပဒိုစောလှထွန်းက ပြောပါတယ်။

ဖက်ဒရယ်အခြေခံမူကို ရရှိဖို့အတွက် Framework ထဲမှာ မူဘောင်ကို တိတိကျကျ ထည့်ထားမယ်ဆိုရင် ဆွေးနွေးမယ့်လမ်းကြောင်းက ပေါ်လာမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲနဲ့ဆိုင်တဲ့ကိစ္စရပ်တွေအပြင် အပစ်အခတ်ရပ်စဲရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေ၊ NCAစာချုပ်ထဲမှာပါဝင်တဲ့ ကြားကာလအတွင်း ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကချင်လက်နက်ကိုင်အဖွဲ့(KIO) ရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့မှ လဖိုင်ဇန်မြတ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရရဲ့မာန်ကိုမတွေ့ရဘဲ တပ်မတော်ရဲ့မာန်ကိုပဲ ပိုတွေ့နေရတာမို့ အစိုးရအနေနဲ့ ရဲရဲတင်းတင်း မာန်အပြည့်နဲ့ ဦးဆောင်စေချင်တယ်လို့ ဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

#voiceofmyanmar #ရန်ကုန် #KNU #ဖယ်ဒရယ်

Related posts

Leave a Comment

VOM News

FREE
VIEW