အၾကီးစားဒံုးပ်ံ ပစ္လႊတ္တဲ႔စနစ္ စမ္းသပ္ေအာင္ျမင္ျပီလုိ႔ ေျမာက္ကိုရီးယားထုတ္ျပန္

ျပံဳးယမ္း၊ နိုဝင္ဘာ-၁-၂၀၁၉
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားဟာ အလြန္ၾကီးမားတဲ႔ ဒံုးပ်ံပစ္လႊတ္စနစ္သစ္ကို ေအာင္ျမင္စြာ စမ္းသပ္နုိင္ခဲ႔ျပီလို႔ ေျမာက္ကိုရီးယား နုိင္ငံပိုင္သတင္းဌာနက နို၀င္ဘာ ၁ ရက္မွာ ထုတ္ေဖာ္ေၾကညာလိုက္ပါတယ္။

ျပံဳးဂန္ျပည္နယ္ေတာင္ပိုင္းကေန တာတိုပစ္ဒံုးပ်ံနွစ္စင္းကို ေျမာက္ကိုရီးယားက စမ္းသပ္ ပစ္ခတ္ခဲ႔တယ္လို႔ ေတာင္ကိုရီးယား စစ္ဘက္ကလည္း ေအာက္တိုဘာ ၃၁ ရက္မွာ ထုတ္ျပန္ထားျပီး ဒံုးပ်ံေတြဟာ ခန္႔မွန္းေျခ ၃၇၀ ကီလိုမီတာအထိ ပ်ံသန္းခဲ႔တယ္လုိ႔ဆိုပါတယ္။

ဒီပစ္လႊတ္မႈဟာ ေျမာက္ကိုရီးယားရဲ႕ ဒံုးပ်ံေတြ ဆက္တိုက္ပစ္ခတ္မႈေတြထဲက ေနာက္ဆံုးတစ္ခုျဖစ္ပါတယ္။ ဒါေပမယ္႔ သူ႔ရဲ႕ ေရငုပ္သေဘၤာေပၚကေန ဒံုးပ်ံပစ္လႊတ္ခဲ႔တဲ႔ ေအာက္တိုဘာ ၂ ရက္ေနာက္ပိုင္း ပထမဆံုး ဒံုးပ်ံပစ္စမ္းသပ္မႈျဖစ္ပါတယ္။ တကယ္လို႔ အဲဒီသတင္းသာ အတည္ျဖစ္မယ္ဆိုရင္ ေရငုပ္သေဘၤာေပၚကေန ဒံုးပ်ံပစ္ခတ္နိုင္စြမ္းဟာ ကိုရီးယားကြ်န္းဆြယ္ရဲ႕ စစ္ေရး ခ်ိန္ခြင္လွ်ာကို ေျပာင္းလဲသြားမွာျဖစ္ပါတယ္။

ေအာက္တိုဘာ ၃၁ ရက္ကျပဳလုပ္ခဲ႔တဲ႔ ဒံုးပ်ံပစ္ခတ္မႈဟာ စဥ္ဆက္မျပတ္ပစ္ခတ္တဲ႔ ဒံုးပ်ံပစ္စနစ္ရဲ႕ လံုျခံဳေရးကို အတည္ျပဳဖို႔ လုပ္ေဆာင္ခဲ႔တာလို႔ ေျမာက္ကိုရီးယားနုိင္ငံပိုင္ ေကစီအင္န္ေအ သတင္းဌာနက ေဖာ္ျပထားပါတယ္။

ဒီစမ္းသပ္မႈကို ေျမာက္ကိုရီးယားေခါင္းေဆာင္ ပင္ဂ်ံဳအန္ကိုယ္တိုင္ၾကီးၾကပ္ကြပ္ကဲခဲ႔ျပီး စမ္းသပ္မႈကို စိတ္တိုင္းက်ေၾကာင္းနဲ႔ ပါဝင္လုပ္ေဆာင္ခဲ႔တဲ႔ အဖြဲ႔ကို ေအာင္ျမင္မႈအတြက္ ဂုဏ္ယူဝမ္းေျမာက္ ေၾကာင္းေျပာဆိုခဲ႕ပါတယ္။ လက္ရိိွအခ်ိန္ထိေတာ႔ ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားစြန္႔လႊတ္ေရးအတြက္ အေမရိကန္နဲ႔ ေဆြးေႏြးပြဲေတြ ရပ္တန္႔လို႔ေနပါတယ္။

Ref : CNA Photo :AFP
#voiceofmyanmar #ေျမာက္ကိုရီးယား #အႀကီးစားဒံုးပ်ံေအာင္ျမင္

Unicode

အကြီးစားဒုံးပျံ ပစ်လွှတ်တဲ့စနစ် စမ်းသပ်အောင်မြင်ပြီလို့ မြောက်ကိုရီးယားထုတ်ပြန်

ပြုံးယမ်း၊ နိုဝင်ဘာ-၁-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားဟာ အလွန်ကြီးမားတဲ့ ဒုံးပျံပစ်လွှတ်စနစ်သစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီလို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက နိုဝင်ဘာ ၁ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ပြုံးဂန်ပြည်နယ်တောင်ပိုင်းကနေ တာတိုပစ်ဒုံးပျံနှစ်စင်းကို မြောက်ကိုရီးယားက စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်ဘက်ကလည်း အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပြီး ဒုံးပျံတွေဟာ ခန့်မှန်းခြေ ၃၇၀ ကီလိုမီတာအထိ ပျံသန်းခဲ့တယ်လို့ဆိုပါတယ်။

ဒီပစ်လွှတ်မှုဟာ မြောက်ကိုရီးယားရဲ့ ဒုံးပျံတွေ ဆက်တိုက်ပစ်ခတ်မှုတွေထဲက နောက်ဆုံးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးပျံပစ်လွှတ်ခဲ့တဲ့ အောက်တိုဘာ ၂ ရက်နောက်ပိုင်း ပထမဆုံး ဒုံးပျံပစ်စမ်းသပ်မှုဖြစ်ပါတယ်။ တကယ်လို့ အဲဒီသတင်းသာ အတည်ဖြစ်မယ်ဆိုရင် ရေငုပ်သင်္ဘောပေါ်ကနေ ဒုံးပျံပစ်ခတ်နိုင်စွမ်းဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ စစ်ရေး ချိန်ခွင်လျှာကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။

အောက်တိုဘာ ၃၁ ရက်ကပြုလုပ်ခဲ့တဲ့ ဒုံးပျံပစ်ခတ်မှုဟာ စဉ်ဆက်မပြတ်ပစ်ခတ်တဲ့ ဒုံးပျံပစ်စနစ်ရဲ့ လုံခြုံရေးကို အတည်ပြုဖို့ လုပ်ဆောင်ခဲ့တာလို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီစမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ပင်ဂျုံအန်ကိုယ်တိုင်ကြီးကြပ်ကွပ်ကဲခဲ့ပြီး စမ်းသပ်မှုကို စိတ်တိုင်းကျကြောင်းနဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ကို အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက် ကြောင်းပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားစွန့်လွှတ်ရေးအတွက် အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ ရပ်တန့်လို့နေပါတယ်။

Ref : CNA Photo :AFP
#voiceofmyanmar #မြောက်ကိုရီးယား #အကြီးစားဒုံးပျံအောင်မြင်

Related posts

Leave a Comment

VOM News

FREE
VIEW