ေညာင္ပင္ဝန္း႐ြာ ၾကက္ဝိုင္းအား ရဲဝင္ဖမ္း တရားခံ(၁၀)ဦး။ဆိုင္ကယ္မ်ိဳးစုံ(၄၉)စီး ဖမ္းဆီးရမိ

စစ္ကိုင္း၊ ႏုိဝင္ဘာ ၁-၂၀၁၉
ေမာင္တာရာ (VOM)

စစ္ကိုင္းၿမိဳ႕နယ္၊ေညာင္ပင္ဝန္း႐ြာက ၾကက္ဝိုင္းေလာင္းကစားကို ေအာက္တိုဘာလ ၃၁ ရက္ေန႔၊ေန႔လယ္ပိုင္းက ရဲတပ္ဖြဲ႕ဝင္ေရာက္ဖမ္းဆီးရာ ေလာင္းကစားျပဳလုပ္ေနသူ (၁၀)ဦး၊ ဆိုင္ကယ္မ်ိဳးစုံ (၄၉)စီးနဲ႔ ေလာင္းကစားျပဳလုပ္တဲ့ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉးရံုးကေန သိရပါတယ္။

”သတင္းရလို႔ ဝင္ဖမ္းေတာ့ တရားခံက ၁၀ ေယာက္၊ဆိုင္ကယ္မ်ိဳးစုံက ၄၉ စီး၊ စက္ဘီးတစ္စီး၊ တိုက္ၾကက္ကႏွစ္ေကာင္၊ ေငြက ႏွစ္သိန္းေက်ာ္ နဲ႔ ေလာင္းကစားျပဳလုပ္ရာမွာ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိပါတယ္။ အခု အဲ့ဒါေတြ စီစစ္သိမ္းဆည္ၿပီး အမႈဖြင့္ဖို႔ ေဆာင္႐ြက္ေနပါတယ္။႐ြာသစ္ႀကီးနယ္ေျမရဲစခန္းမွာ ဖြင့္မွာပါဗ် ”လို႔ စစ္ကိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉးရံုးမွ ဒုတိယရဲမႉးႀကီး ခင္ေမာင္စိန္ ကေျပာပါတယ္။

ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဖမ္းဆီးရမိတဲ့ ပစၥည္းေတြကို စီစစ္သိမ္းဆည္းၿပီး ဖမ္းဆီးရမိခဲ့တဲ့ ၾကက္တိုက္ေလာင္းကစားျပဳလုပ္သူ ေမာင္ျမင့္ပါ (၁၀)ဦးကုိ ရြာသစ္ႀကီးနယ္ေၿမရဲစခန္းက (ပ) ၁၄၀/၂၀၁၉၊ ေလာင္းကစားဥပေဒပုဒ္မ ၁၅(က) ျဖင့္ အမႈဖြင့္စစ္ေဆး ေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #စစ္ကိုင္း #ၾကက္ဝိုင္းဖမ္းမိ

Unicode

ညောင်ပင်ဝန်းရွာ ကြက်ဝိုင်းအား ရဲဝင်ဖမ်း တရားခံ(၁၀)ဦး။ဆိုင်ကယ်မျိုးစုံ(၄၉)စီး ဖမ်းဆီးရမိ

စစ်ကိုင်း၊ နိုဝင်ဘာ ၁-၂၀၁၉
မောင်တာရာ (VOM)

စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းရွာက ကြက်ဝိုင်းလောင်းကစားကို အောက်တိုဘာလ ၃၁ ရက်နေ့၊နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီးရာ လောင်းကစားပြုလုပ်နေသူ (၁၀)ဦး၊ ဆိုင်ကယ်မျိုးစုံ (၄၉)စီးနဲ့ လောင်းကစားပြုလုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

”သတင်းရလို့ ဝင်ဖမ်းတော့ တရားခံက ၁၀ ယောက်၊ဆိုင်ကယ်မျိုးစုံက ၄၉ စီး၊ စက်ဘီးတစ်စီး၊ တိုက်ကြက်ကနှစ်ကောင်၊ ငွေက နှစ်သိန်းကျော် နဲ့ လောင်းကစားပြုလုပ်ရာမှာ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိပါတယ်။ အခု အဲ့ဒါတွေ စီစစ်သိမ်းဆည်ပြီး အမှုဖွင့်ဖို့ ဆောင်ရွက်နေပါတယ်။ရွာသစ်ကြီးနယ်မြေရဲစခန်းမှာ ဖွင့်မှာပါဗျ ”လို့ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်စိန် ကပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို စီစစ်သိမ်းဆည်းပြီး ဖမ်းဆီးရမိခဲ့တဲ့ ကြက်တိုက်လောင်းကစားပြုလုပ်သူ မောင်မြင့်ပါ (၁၀)ဦးကို ရွာသစ်ကြီးနယ်မြေရဲစခန်းက (ပ) ၁၄၀/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က) ဖြင့် အမှုဖွင့်စစ်ဆေး နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #ကြက်ဝိုင်းဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW