ျပည္ၿမိဳ႕မွာ ေတာင္းရမ္းခိုင္းတဲ့သူေတြကို အေရးယူဘို႔ျပင္ဆင္

ျပည္၊ ႏိုဝင္ဘာ ၁-၂၀၁၉
ဂ်န္ကိုးလ္ (VOM)

ပဲခူးတိုင္းျပည္ၿမိဳ႕မွာ ကေလးသူငယ္ေတြကိုေတာင္းရမ္းဖို႕ ေနာက္ကြယ္က ေစခိုင္းသူေတြကို အေရးယူေတာ့မယ္လို႔ ျပည္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးကသိရပါတယ္။

ျပည္ၿမိဳ႕မွာ ေတာင္းရမ္းစားေသာက္သူမ်ားျပားလာတဲ့အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္၊ဌာနဆိုင္ရာ၊ ရဲတပ္ဖြဲ၊ အရပ္ဘက္အဖြဲ႕အစည္းေတြ ပူးေပါင္းၿပီး ျပည္ၿမိဳ႕ကမ္းနားလမ္းပန္းၿခံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက အစည္းအေဝးလုပ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

“အစည္းအေဝးလုပ္ၿပီးၿပီ အားလုံးပူးေပါင္းၿပီးေတာ့ ကြင္းဆင္းမယ္ သူတို႔အသြားအလာမ်ားတဲ့ ကမ္းနားပန္းၿခံ၊ ညေစ်းတန္း၊ ၿမိဳ႕သစ္လူစည္ကားရာေနရာေတြမွာ ေတာင္းရမ္းစားေသာက္ေနတဲ့ ကေလးေတြကို ၾကည့္မယ္ သူတို႔ေနာက္ကခိုင္းေနတဲ့လူေတြကို စုံစမ္းၿပီးေတာ့ ေတြ႕တဲ့အခါမွာ ဒီလိုမ်ိဳးမခိုင္းဖို႔ အသိပညာေပးမယ္ေပါ့။ ေနာက္တစ္ႀကိမ္ေတြ႕ရင္ေတာ့ ဥပေဒအရ အေရးယူမႈေတြလုပ္ဖို႔လည္းရွိပါတယ္” လို႔ ျပည္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးျမတ္ေက်ာ္ကေျပာပါတယ္။

ေတာင္းရမ္းစားေသာက္ေနေတြဟာ အုပ္စုဖြဲ႕ၿပီး မိန္းကေလးငယ္မ်ားကို အိေျႏၵပ်က္ေအာင္ျပဳလုပ္ျခင္း၊ ေစ်းဆိုင္ေတြကအလစ္သုတ္ျခင္း၊ ေတာင္းရမ္းမရရင္ Spray(မွဳတ္ေဆးဘူး) နဲ႔မႈတ္တဲ့အထိ အေျခအေနဆိုးဝါးလာလို႔ ေနာက္ကြယ္ကေစခိုင္းသူေတြကို အေဝးေျပးဂိတ္၊ ဘူတာအပါအဝင္ လူစည္ကားရာေနရာေတြမွာ ေစာင့္ၾကည့္ေဖၚထုတ္ အေရးယူသြားမွာျဖစ္ၿပီး ရဲအေရးပိုင္ေသာကိစၥျဖစ္တယ္လို႔ သိရပါတယ္၊။

“ကေလးသူငယ္ကို ေတာင္းရမ္းေစရင္ အုပ္ထိန္းသူကို ျပစ္ဒဏ္ေပးတဲ့ဟာရွိတယ္ ရဲအေရးပိုင္တယ္ ကေလးကို ဗန္းျပၿပီး ေတာင္းရမ္းရင္လည္း ဒီပုဒ္မထဲမွာအက်ဳံးဝင္တယ္”လို႔ ျပည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး သန္းေဇာ္ဝင္းက ေျပာပါတယ္။

ယခုရက္ပိုင္းအတြင္း ေတာင္းရမ္းသူမ်ားကိုေခၚယူၿပီး ပညာေပးေဟာေျပာျခင္း ကေလးသူငယ္ဆိုင္ရာဥပေဒမ်ားရွင္းလင္းျပသၿပီး စည္း႐ုံးလႈံ႕ေဆာ္သြားမယ္လို႔သိရပါတယ္။

“ ၿမိဳ႕တိုင္းမွာေတာ့ မရွိဘူးမဟုတ္ဘူး ရွိတယ္ သို႔ေသာ္ ဒီမွာက ႏွစ္လသုံးလအတြင္းမွာ အုပ္စုေလးေတြက ပိုမ်ားလာတယ္ မ်က္ႏွာသစ္ေလးေတြကမ်ားလာတယ္ ကိုယ့္ကေလးမဟုတ္ပဲနဲ႔ နာရီပိုင္းနဲ႔ အခ်ိန္ပိုင္းနဲ႔ ငွားစားတာေတြေတာင္ရွိလာတယ္၊ အခ်က္အလက္ေတြ က်ေနာ္တို႔ဆီမွာရွိတယ္ ကေလးေတြရဲ႕ မိဘအုပ္ထိန္းသူေတြ ဥပဒကို နားမလည္မွာစိုးတဲ့အတြက္ သူတို႔နားလည္းႏိုင္တဲ့ အသုံးအႏႈန္းေလးေတြနဲ႔ ဒီေန႔အသိပညာေပးတယ္ ထပ္ၿပီးေတာ့ ဆိုးဆိုး႐ြား႐ြားျဖစ္လာရင္ေတာ့ ပညာေပးတဲ့အပိုင္းၿပီးရင္ ဥပေဒအေၾကာင္းအရ အေရးယူရပါေတာ့မယ္ ” လို႔ ျပည္ၿမိဳ႕နယ္အခ်ဳပ္ခ်ဳပ္ေရးမႉး ဦးျမတ္ေက်ာ္ကဆိုပါတယ္

ပညာေပးအစီစဥ္အျဖစ္ ကမ္းနားလမ္းပန္းၿခံမွာ အသိပညာေပးမႈမ်ားအျပင္ ၂၀၁၉ ခုႏွစ္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒမွာပါဝင္တဲ့ ကေလးသူငယ္ေတြကို ေတာင္းရမ္းခိုင္းပါက မည္ကဲ့သို႔ ျပစ္မႈျပစ္ဒဏ္မ်ား ရွိေၾကာင္း စာသားမ်ားပါ၀င္သည့္ ဗီႏိုင္းပိုစတာ စိုက္ထူျခင္းမ်ားကိုလည္း ျပဳလုပ္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #ျပည္ #ေတာင္းရမ္းသူေတြကို #အေရးယူမယ္

 

Unicode

ပြည်မြို့မှာ တောင်းရမ်းခိုင်းတဲ့သူတွေကို အရေးယူဘို့ပြင်ဆင်

ပြည်၊ နိုဝင်ဘာ ၁-၂၀၁၉
ဂျန်ကိုးလ် (VOM)

ပဲခူးတိုင်းပြည်မြို့မှာ ကလေးသူငယ်တွေကိုတောင်းရမ်းဖို့ နောက်ကွယ်က စေခိုင်းသူတွေကို အရေးယူတော့မယ်လို့ ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။

ပြည်မြို့မှာ တောင်းရမ်းစားသောက်သူများပြားလာတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်၊ဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြည်မြို့ကမ်းနားလမ်းပန်းခြံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

“အစည်းအဝေးလုပ်ပြီးပြီ အားလုံးပူးပေါင်းပြီးတော့ ကွင်းဆင်းမယ် သူတို့အသွားအလာများတဲ့ ကမ်းနားပန်းခြံ၊ ညဈေးတန်း၊ မြို့သစ်လူစည်ကားရာနေရာတွေမှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေကို ကြည့်မယ် သူတို့နောက်ကခိုင်းနေတဲ့လူတွေကို စုံစမ်းပြီးတော့ တွေ့တဲ့အခါမှာ ဒီလိုမျိုးမခိုင်းဖို့ အသိပညာပေးမယ်ပေါ့။ နောက်တစ်ကြိမ်တွေ့ရင်တော့ ဥပဒေအရ အရေးယူမှုတွေလုပ်ဖို့လည်းရှိပါတယ်” လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြတ်ကျော်ကပြောပါတယ်။

တောင်းရမ်းစားသောက်နေတွေဟာ အုပ်စုဖွဲ့ပြီး မိန်းကလေးငယ်များကို အိန္ဒြေပျက်အောင်ပြုလုပ်ခြင်း၊ ဈေးဆိုင်တွေကအလစ်သုတ်ခြင်း၊ တောင်းရမ်းမရရင် Spray(မှုတ်ဆေးဘူး) နဲ့မှုတ်တဲ့အထိ အခြေအနေဆိုးဝါးလာလို့ နောက်ကွယ်ကစေခိုင်းသူတွေကို အဝေးပြေးဂိတ်၊ ဘူတာအပါအဝင် လူစည်ကားရာနေရာတွေမှာ စောင့်ကြည့်ဖေါ်ထုတ် အရေးယူသွားမှာဖြစ်ပြီး ရဲအရေးပိုင်သောကိစ္စဖြစ်တယ်လို့ သိရပါတယ်၊။

“ကလေးသူငယ်ကို တောင်းရမ်းစေရင် အုပ်ထိန်းသူကို ပြစ်ဒဏ်ပေးတဲ့ဟာရှိတယ် ရဲအရေးပိုင်တယ် ကလေးကို ဗန်းပြပြီး တောင်းရမ်းရင်လည်း ဒီပုဒ်မထဲမှာအကျုံးဝင်တယ်”လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်းက ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း တောင်းရမ်းသူများကိုခေါ်ယူပြီး ပညာပေးဟောပြောခြင်း ကလေးသူငယ်ဆိုင်ရာဥပဒေများရှင်းလင်းပြသပြီး စည်းရုံးလှုံ့ဆော်သွားမယ်လို့သိရပါတယ်။

“ မြို့တိုင်းမှာတော့ မရှိဘူးမဟုတ်ဘူး ရှိတယ် သို့သော် ဒီမှာက နှစ်လသုံးလအတွင်းမှာ အုပ်စုလေးတွေက ပိုများလာတယ် မျက်နှာသစ်လေးတွေကများလာတယ် ကိုယ့်ကလေးမဟုတ်ပဲနဲ့ နာရီပိုင်းနဲ့ အချိန်ပိုင်းနဲ့ ငှားစားတာတွေတောင်ရှိလာတယ်၊ အချက်အလက်တွေ ကျနော်တို့ဆီမှာရှိတယ် ကလေးတွေရဲ့ မိဘအုပ်ထိန်းသူတွေ ဥပဒကို နားမလည်မှာစိုးတဲ့အတွက် သူတို့နားလည်းနိုင်တဲ့ အသုံးအနှုန်းလေးတွေနဲ့ ဒီနေ့အသိပညာပေးတယ် ထပ်ပြီးတော့ ဆိုးဆိုးရွားရွားဖြစ်လာရင်တော့ ပညာပေးတဲ့အပိုင်းပြီးရင် ဥပဒေအကြောင်းအရ အရေးယူရပါတော့မယ် ” လို့ ပြည်မြို့နယ်အချုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကဆိုပါတယ်

ပညာပေးအစီစဉ်အဖြစ် ကမ်းနားလမ်းပန်းခြံမှာ အသိပညာပေးမှုများအပြင် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမှာပါဝင်တဲ့ ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းပါက မည်ကဲ့သို့ ပြစ်မှုပြစ်ဒဏ်များ ရှိကြောင်း စာသားများပါဝင်သည့် ဗီနိုင်းပိုစတာ စိုက်ထူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #ပြည် #တောင်းရမ်းသူတွေကို #အရေးယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW