ႏိုင္ငံေတာ္က အခြန္ႏႈန္းထားေလ်ာ့ခ်ေနခ်ိန္ ယာဥ္ပိုင္ရွင္အမည္ေပါက္ေျပာင္းလဲဖို႔ တိုက္တြန္းထား

ရန္ကုန္ ၊ ႏိုဝင္ဘာ ၁-၂၀၁၉
သူရိန္(VOM)

ႏိုင္ငံေတာ္ကလက္ရွိမွာ အခြန္ႏႈန္းထား‌ေတြေလ်ာ့ခ်ေနခ်ိန္ ေမာ္ေတာ္ယာဥ္ပိုင္ရွင္ေတြအ‌ေနနဲ႔ မိမိယာဥ္ေတြကို အမည္ေပါက္ အျမန္ဆုံးေျပာင္းလဲဖို႔လိုတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီးဌာန ေအာက္တိုဘာလ ေနာက္ဆံုးအပတ္က တိုက္တြန္းထားတယ္လို႔ သိရပါတယ္။

“ ႏိုင္ငံေတာ္ကေနၿပီးေတာ့ အခြန္ႏႈန္းထားေလ်ာ့ခ်တဲ့အခ်ိန္မွာ အမည္ေျပာင္းဖို႔ ယာဥ္ပိုင္ရွင္ေတြကိုတင္ျပခ်င္ပါတယ္။ ၂၀၂၀ ေအာက္တိုဘာ ဟိုဘက္အပိုင္းမွာ ဒီအခြန္ႏႈန္းထားေတြေလ်ာ့ခ် မယ္ ၊ မေလ်ာ့ခ်ဘူးဆိုတာမသိႏိုင္ဘူး။ ၂၀၂၀ စက္တင္ဘာ ၃၀ မတိုင္မီ အခြန္ႏႈန္းထားသက္သာတဲ့အခ်ိန္ ပိုင္ရွင္ေနရပ္လိပ္စာ မွန္ကန္ေအာင္ လာေရာက္ေဆာင္႐ြက္ေပးေစခ်င္တယ္။ ကားတစ္စီးလုံးေတာင္ပိုင္ေနၿပီဘဲ။ ကိုယ့္အမည္နဲ႔ပိုင္တယ္ဆိုရင္ ကိုယ့္အမည္ေပါက္ျဖစ္ေတာ့ ယုံၾကည္စိတ္ခ်မႈရွိတာေပါ့။ နာမည္မေျပာင္းဘူးဆိုရင္ သူမ်ားတခုခုလုပ္သြားရင္ စိုးရိမ္ရတယ္။ ပိုင္ ရွင္သက္တမ္းတိုးရင္လဲ သူမ်ားအားကိုးေနရမယ္။ ကိုယ္ပိုင္တဲ့ကားကို သူမ်ားၾကည့္ေနရမယ္။ ကိုယ့္အမည္ေပါက္ဆိုရင္ ကိုယ့္ကိုယုံၾကည္မႈရွိတာေပါ့။ တရားဥပေဒစိုးမိုးေရး၊ လုံၿခဳံေရးအတြက္ လည္းအေထာက္အကူျပဳတယ္” လို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန ၊ ကုန္းလမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီးဌာနမွ ၫြန္ၾကားေရးမႉး ဦးလ်န္က်င့္မန္ ကေျပာပါတယ္။

ႏိုင္ငံေတာ္ကလက္ရွိအခြန္ႏႈန္းထားေတြကို ၂၀၁၉ ေအာက္တိုဘာ ၁ ရက္ကေန ၂၀၂၀ စက္တင္ဘာ ၃၀ ရက္အထိ ၂၀၁၉ အခြန္ေကာက္ဥပေဒအရ စည္းၾကပ္မႈလြတ္ကင္းေနတဲ့ဝင္ေငြအေပၚ သိန္း ၁၀၀၀ ကို ၁၅ ရာခိုင္ႏႈန္း ေကာက္ခံေနရာက ၃ ရာခိုင္ႏႈန္းသာ ေကာက္ခံဖို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။

ကုန္းလမ္းပို႔ေဆာင္ေရး ၫြန္ၾကားမႈဦးစီးဌာနမွာ မွတ္ပုံတင္ထား တဲ့ အခ်ိဳ႕ေမာ္ေတာ္ယာဥ္ေတြက ေနရပ္လိပ္စာ ၊ ပိုင္ရွင္အမည္မမွန္ကန္တာေတြေၾကာင့္ ယာဥ္တိုက္မႈျဖစ္တာ ၊ အမႈအခင္း ျဖစ္တာ ၊ ရာဇဝတ္မႈေတြမွာ အခ်ိန္ၾကန႔္ၾကာမႈ ၊ မလိုလား အပ္တဲ့ျပသနာ ၊ ပိုင္ရွင္အဆက္ဆက္လိုက္ၿပီး စာခ်ဳပ္ စာတမ္းေတြလိုက္လံေဆာင္႐ြက္ေနရတာေၾကာင့္အခက္အခဲေတြ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ေမာ္ေတာ္ယာဥ္ပိုင္ရွင္ေတြအေနနဲ႔ ျပည္တြင္းအခြန္ဦးစီးဌာနက ေကာက္ခံတဲ့အခြန္ေတြကို ေရွာင္ရင္းက လက္ရွိမွတ္ပုံတင္ထားတဲ့ ယာဥ္ပိုင္ရွင္ေတြရဲ႕ ေနရပ္လိပ္စာက ၂၀ ရာခိုင္ႏႈန္းသာမွန္ကန္မႈရွိၿပီး က်န္တဲ့၈၀ ရာခိုင္ႏႈန္းက မွန္ကန္မႈမရွိေတာ့ဘဲ အဆင့္ဆင့္ဝယ္ယူထားကာ အမည္ ၊ေနရပ္လိပ္စာမေျပာင္းလဲေသးတဲ့ ယာဥ္ပိုင္ရွင္ေတြလည္း ရွိေနေသးတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ကညန #အမည္ေျပာင္း

 

Unicode

နိုင်ငံတော်က အခွန်နှုန်းထားလျော့ချနေချိန် ယာဉ်ပိုင်ရှင်အမည်ပေါက်ပြောင်းလဲဖို့ တိုက်တွန်းထား

ရန်ကုန် ၊ နိုဝင်ဘာ ၁-၂၀၁၉
သူရိန်(VOM)

နိုင်ငံတော်ကလက်ရှိမှာ အခွန်နှုန်းထား‌တွေလျော့ချနေချိန် မော်တော်ယာဉ်ပိုင်ရှင်တွေအ‌နေနဲ့ မိမိယာဉ်တွေကို အမည်ပေါက် အမြန်ဆုံးပြောင်းလဲဖို့လိုတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန အောက်တိုဘာလ နောက်ဆုံးအပတ်က တိုက်တွန်းထားတယ်လို့ သိရပါတယ်။

“ နိုင်ငံတော်ကနေပြီးတော့ အခွန်နှုန်းထားလျော့ချတဲ့အချိန်မှာ အမည်ပြောင်းဖို့ ယာဉ်ပိုင်ရှင်တွေကိုတင်ပြချင်ပါတယ်။ ၂၀၂၀ အောက်တိုဘာ ဟိုဘက်အပိုင်းမှာ ဒီအခွန်နှုန်းထားတွေလျော့ချ မယ် ၊ မလျော့ချဘူးဆိုတာမသိနိုင်ဘူး။ ၂၀၂၀ စက်တင်ဘာ ၃၀ မတိုင်မီ အခွန်နှုန်းထားသက်သာတဲ့အချိန် ပိုင်ရှင်နေရပ်လိပ်စာ မှန်ကန်အောင် လာရောက်ဆောင်ရွက်ပေးစေချင်တယ်။ ကားတစ်စီးလုံးတောင်ပိုင်နေပြီဘဲ။ ကိုယ့်အမည်နဲ့ပိုင်တယ်ဆိုရင် ကိုယ့်အမည်ပေါက်ဖြစ်တော့ ယုံကြည်စိတ်ချမှုရှိတာပေါ့။ နာမည်မပြောင်းဘူးဆိုရင် သူများတခုခုလုပ်သွားရင် စိုးရိမ်ရတယ်။ ပိုင် ရှင်သက်တမ်းတိုးရင်လဲ သူများအားကိုးနေရမယ်။ ကိုယ်ပိုင်တဲ့ကားကို သူများကြည့်နေရမယ်။ ကိုယ့်အမည်ပေါက်ဆိုရင် ကိုယ့်ကိုယုံကြည်မှုရှိတာပေါ့။ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးအတွက် လည်းအထောက်အကူပြုတယ်” လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးလျန်ကျင့်မန် ကပြောပါတယ်။

နိုင်ငံတော်ကလက်ရှိအခွန်နှုန်းထားတွေကို ၂၀၁၉ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်အထိ ၂၀၁၉ အခွန်ကောက်ဥပဒေအရ စည်းကြပ်မှုလွတ်ကင်းနေတဲ့ဝင်ငွေအပေါ် သိန်း ၁၀၀၀ ကို ၁၅ ရာခိုင်နှုန်း ကောက်ခံနေရာက ၃ ရာခိုင်နှုန်းသာ ကောက်ခံဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထား တဲ့ အချို့မော်တော်ယာဉ်တွေက နေရပ်လိပ်စာ ၊ ပိုင်ရှင်အမည်မမှန်ကန်တာတွေကြောင့် ယာဉ်တိုက်မှုဖြစ်တာ ၊ အမှုအခင်း ဖြစ်တာ ၊ ရာဇဝတ်မှုတွေမှာ အချိန်ကြန့်ကြာမှု ၊ မလိုလား အပ်တဲ့ပြသနာ ၊ ပိုင်ရှင်အဆက်ဆက်လိုက်ပြီး စာချုပ် စာတမ်းတွေလိုက်လံဆောင်ရွက်နေရတာကြောင့်အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံတဲ့အခွန်တွေကို ရှောင်ရင်းက လက်ရှိမှတ်ပုံတင်ထားတဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ နေရပ်လိပ်စာက ၂၀ ရာခိုင်နှုန်းသာမှန်ကန်မှုရှိပြီး ကျန်တဲ့၈၀ ရာခိုင်နှုန်းက မှန်ကန်မှုမရှိတော့ဘဲ အဆင့်ဆင့်ဝယ်ယူထားကာ အမည် ၊နေရပ်လိပ်စာမပြောင်းလဲသေးတဲ့ ယာဉ်ပိုင်ရှင်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ကညန #အမည်ပြောင်း

Related posts

Leave a Comment

VOM News

FREE
VIEW