အစိုးရကို ပေးသွင်းထားတဲ့အာမခံကြေးများ ရက်(၉၀)အတွင်း လာမထုတ်ရင် နိုင်ငံပိုင်သိမ်းမယ်

ရန်ကုန် နိုဝင်ဘာ ၂-၂၀၁၉ သိဂီ င်္(VOM) တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ အစိုးရကိုပေးသွင်းထားတဲ့ ကြိုတင်အာမခံကြေး ၁၅ သိန်းကို ရက်ပေါင်း ၉၀ အတွင်းမှာ လာရောက်ထုတ်ယူမှုမရှိဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာလ ၃၀ရက်နေ့က အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံက ပြန်ရောက်လာပြီး ကြိုတင်အာမခံကြေး ထုတ်မယူရသေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ပြောဆိုလိုက်တာဖြစ်ပြီး အာမခံကြေးကို ထုတ်ယူဖို့အတွက် ခုလ နိုဝင်ဘာလ ၁ ရက်ကနေ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိအချိန် ၃ လပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ “ ကိုရီးယားက ပြန်လာရင် ပြန်လာတာနဲ့ အလုပ်သမားက ပြန်လာကြောင်း သတင်း ပို့ရမယ်။ အဲ့ဒီလိုသတင်းပို့…

Read More

ပါကစ္စတန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့ လူသိန်းချီဆန္ဒပြနေကြ

အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၂-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်ဝန်ကြီးချုပ် အိုင်မရန်ခန်းနှုတ်ထွက်ရေးအတွက် မြို့တော် အစ္စလာမ္မဘတ်မှာ ပြည်သူသိန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ပြီး တောင်းဆိုနေကြပါတယ်။ အစ္စလာမ်မစ်နိုင်ငံရေးပါတီတစ်ခုနဲ့ အခြားအတိုက်အခံအင်အားစုတွေက ဝန်ကြီးချုပ်နှုတ်ထွက်ပေးရေး ဆန္ဒပြနေကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ အတုအယောင်ဖြစ်တယ်လို့ ရှုတ်ချလိုက်ပါတယ်။ ဆန္ဒပြသူများသည် ဝန်ကြီးချုပ် အိုင်မရာခန်း နဲ့ သူ့ရဲ့စိုရအဖွဲ့ရာထူးကနေ နှုတ်ထွက်ရေးနဲ့ ပါလီမန်ဖျက်သိမ်း ရေးတို့ကို တောင်းဆိုနေကြပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ နှစ်ရက်အတွင်း ရာထူးကနေမနှုတ်ထွက်ဘူးဆိုရင် ဖြိုခွဲရခက်တဲ့ ပြင်းထန်တဲ့ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာအောင် မြို့တော် အစ္စလာမ္မာဘတ်တစ်လျှောက်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်ချထားနေပါတယ်။ Ref : NHK Photo : AP #voiceofmyanmar #ပါကစ္စတန် #ဝန်ကြီးချုပ်နှုတ်ထွက်ဖို့ ဆန္ဒပြ Unicode ပါကစ္စတန်ဝန်ကြီးချုပ် နှုတ်ထွက်ပေးဖို့…

Read More

မြဝတီမြို့က အထက်တန်းကျောင်းခွဲတစ်ခုမှာ တရုတ်နိုင်ငံသား‌တွေအပေါ့စွန့်လို့ လူစုလူဝေးဖြစ်ပွား

မြဝတီ၊ နိုဝင်ဘာ ၂-၂၀၁၉ သူရိန်(VOM) ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ အမှတ် (၄)ရပ်ကွက်၊ အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း ( ခွဲ ) ကျောင်းဝင်းအတွင်းမှာ နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက တရုတ်နိုင်ငံသားတွေ အုပ်စုလိုက်အပေါ့စွန့်တဲ့အတွက် လူစုလူဝေးဖြစ်ပွားခဲ့တယ်လို့ မြဝတီမြို့မ ရဲစခန်းကနေ သိရပါတယ်။ အောင်မြေရွှေဘုံ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အချိန်ပိုသင်ကြားနေတဲ့ ည ၆နာရီခွဲ အချိန်မှာ တရုတ်နိုင်ငံသားတွေဝင်လာပြီး ဘောင်းဘီ ချွတ် မဖွယ်မရာ အပေါ့စွန့်ခဲ့ ကြတဲ့အတွက် လူစုလူဝေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ “ အမှုဖွင့်ထားတယ် လက်ရှိတော့ထိန်းသိမ်းထားပါတယ်၊ အာမခံတော့ မပေးသေးပါဘူး” လို့ မြဝတီမြို့မရဲစခန်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒီလို မဖွယ်မရာ အပေါ့စွန့်နေတဲ့ တရုတ်နိုင်သားတွေကို ကျောင်းသားမိဘ၊ ရပ်ကွက်နေပြည်သူတွေက သက်ဆိုင်ကို အကြောင်းကြားခဲ့တဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေက…

Read More

ပြည်မြို့မှာ ဘုန်းကြီးချင်း လူသတ်မှုဖြစ်ပွား

ပြည်၊ နိုဝင်ဘာ၂ -၂၀၁၉ ဂျန်ကိုးလ်(VOM) ပဲခူးတိုင်း၊ ပြည်မြို့၊ ပုဗ္ဗာရုံကျောင်းတိုက်မှာ ဘုန်းတော်ကြီးတပါးက အတူနေဘုန်းကြီးတစ်ပါးကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တဲ့အမှုတခု နိုဝင်ဘာ၁ရက်နေ့လည်ပိုင်းက ဖြစ်ခဲ့တယ်လို့ ပြည်မြို့နယ် မြို့မရဲစခန်းကသိရပါတယ်။ ”သူတို့၂ပါးက ဆွမ်းဆောင်မှာအတူနေတာ ဆွမ်းချက်ကိုယ်တော်နဲ့စာချကိုယ်တော်ပေါ့ စာသင်တိုက်ဆိုတော့ အလုပ်ကိုယ်စီရှိတယ်၊ သူ့ကျောင်းပေါ်လည်းတပတ်နေလို့တခါမရောက်ဘူး မျက်မြင်နဲ့အကြားအရတော့ ၂ပါးကတောက်ကဆဖြစ်တာ မတည့်တာမတွေ့မိဘူး ရဲစခန်းမှာကိုယ်တိုင်သွားအဖမ်းခံတဲ့ ဦးစန္ဒာဝရ ကကိုယ်ရင်ကြီးနဲ့ ၅ဝါလောက်နေပြီးမှ ပဉ္ဇ္ဇင်းဝတ်တာတစ်ဝါဘဲရှိသေးတယ် ဆွမ်းချက်တာဝန်ပေါ့ ”လို့ စာချဆရာတော်ဦးဉာဏိက ဆရာတော်ကမိန့်ပါတယ်။ ပုဗ္ဗာရုံကျောင်းတိုက်ထဲက ဆွမ်းစားဆောင်အပေါ်ထပ်မှာ နေထိုင်တဲ့ ဦးစန္ဒာဝရ သက်တော်(၅၀)က ဦးအာဒိစ္စ သက်တော်(၃၃)နှစ်ကို လက်ကိုင်ရိုး၂ပေ၃လက်မ အသွားအနှောင့်၆လက်မ ပုဆိန်နဲ့ သုံးလေးချက်ခန့်ခုတ်လိုက်တဲ့အတွက် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာအပါအဝင် ဒဏ်ရာ၅ချက်နဲ့ အခင်းဖြစ်နေရာမှာတင် ပျံလွန်တော်မူသွားတယ်လို့ ရဲမှတ်တမ်းမှာဖော်ပြထားတာ ဖြစ်ပါတယ်။ ”ဦးစန္ဒာဝရ လူအမည်စံသောင်းက ကိုယ်တိုင်လာအဖမ်းခံပါတယ် သူတို့၂ပါးကလွန်ခဲ့တဲ့၂လခန့်ကတည်းက မပြေလည်မှု့လေးတွေရှိတယ်လို့သိရပါတယ်”လို့ ပြည်မြို့နယ်မြို့မရဲစခန်းက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းကပြောပါတယ်။ အမှုဖြစ်ပွားခဲ့တဲ့ စာသင်တိုက်ဟာ မူးယစ်သောက်စားမှုနဲ့…

Read More

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်းပြဖို့ လွှတ်တော်ကို ခွင့်တောင်းတာ မအားဘူးဆိုပြီး ပယ်ချခံရ

  Zawgyi ရန်ကုန်၊ နိုဝင်ဘာ ၂ – ၂၀၁၉ မင်းရန်နိုင်(VOM) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှင်းပြဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ် မြောက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဦးလှစောက လွှတ်တော်နာယကထံခွင့်တောင်းရာ မအားဘူးဆိုပြီး ပယ်ချခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်က ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ “ငြိမ်းချမ်းရေးသုံးသပ်ခြင်းဆွေးနွေးပွဲ”မှာ UPDJC ရဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှာ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဦးလှစောက ဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အနိုင်ရပါတီ ၂၄ ခုပါဝင်တဲ့ UPDJC အဖွဲ့ဟာ တိုင်းနဲ့ပြည်နယ်အနှံ့ကိုသွားပြီး Peace Process ကို ရှင်းပြတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ တွေ့တယ်။ နိုင်ငံရေးပါတီတွေနဲ့တွေ့တယ်။ အဲဒီတော့ လွှတ်တော်အတွင်းမှာရှိတဲ့ အမတ်တွေဟာ Peace Process မှာ စိတ်ဝင်စားမှု အင်မတန်အားနည်းတယ်လို့ မြင်တာကြောင့် လွှတ်တော်ထဲမှာလည်း Peace Process ကို ရှင်းပြသင့်တယ်ဆိုပြီး…

Read More

ကျောက်ကြီးမှာ အချုပ်နဲ့အမှုရင်ဆိုင်ရသူတဦး ရဲကရိုက်လို့ အရေးပေါ်ဆေးရုံတင်ရ

  Zawgyi ကျောက်ကြီး၊ နိုဝင်ဘာ ၂-၂၀၁၉ သူရိန်(VOM) ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မရဲစခန်းမှာ ရဲအချုပ်နဲ့ အမှုရင်ဆိုင်နေရတဲ့ ကိုသက်ခိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို အရေးပေါ် ပို့လိုက်ရတဲ့ ဖြစ်စဉ်တခု နိုဝင်ဘာ ၁ ရက် မနေ့က ဖြစ်ခဲ့ပါတယ်။ ပုဒ်မ ၃၇၉ ခိုးမှုနဲ့ ရင်ဆိုင်နေရတဲ့ ကိုသက်ခိုင် ကို ရဲတပ်ဖွဲ့ဝင်အချို့က အောက်တိုဘာ ၃၁ ရက် ညက ရိုက်နှက်ခဲ့လို့ နိုဝင်ဘာ ၁ရက်နေ့ တရားရုံးထုတ်အပြီးမှာ မူးမေ့လဲကျမှု ဖြစ်ပေါ်ရာကနေ ရန်ကုန်ဆေးရုံကြီးထိ ပို့လိုက်ရတဲ့ အထိဖြစ်သွားတာပါ။ ကျောက်ကြီးမြို့မရဲစခန်းမှာ ပုဒ်မ ၃၇၉ အမှုနဲ့ စက်တင်ဘာလ ၁၃ ရက်ကစပြီး အမှုရင်ဆိုင်နေရတဲ့ ကိုသက်ခိုင် ၂၇ နှစ်ကို ကျောက်ကြီးမြို့မရဲစခန်းက အမှုစစ်အရာရှိ ဒုရဲအုပ် အောင်သက်ဦး၊ ဂါတ်စာရေးအဖြစ်…

Read More
VOM News

FREE
VIEW