အစိုးရကို ေပးသြင္းထားတဲ့အာမခံေႀကးမ်ား ရက္(၉၀)အတြင္း လာမထုတ္ရင္ နိုင္ငံပိုင္သိမ္းမယ္

ရန္ကုန္ နိုဝင္ဘာ ၂-၂၀၁၉
သိဂီ ၤ(VOM)

ေတာင္ကိုရီးယားနိုင္ငံမွာ အလုပ္လုပ္ျပီး ျမန္မာနိုင္ငံျပန္ေရာက္ေနတဲ့ အလုပ္သမားေတြအေနနဲ႕ အစိုးရကိုေပးသြင္းထားတဲ့ ႀကိဳတင္အာမခံေႀကး ၁၅ သိန္းကို ရက္ေပါင္း ၉၀ အတြင္းမွာ လာေရာက္ထုတ္ယူမႈမရွိဘူးဆိုရင္ နိုင္ငံေတာ္ဘ႑ာအျဖစ္ သိမ္းယူသြားမွာျဖစ္တယ္လို႕ အလုပ္သမားညႊန္ၾကားေရးဦးစီးဌာနက ေအာက္တိုဘာလ ၃၀ရက္ေန႔က အသိေပး ထုတ္ျပန္ထားတာျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၂၀၀၂ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အတြင္း ေတာင္ကိုရီးယားနိုင္ငံက ျပန္ေရာက္လာၿပီး ႀကိဳတင္အာမခံေႀကး ထုတ္မယူရေသးတဲ႕ ျမန္မာအလုပ္သမားေတြအတြက္ ေျပာဆိုလိုက္တာျဖစ္ၿပီး အာမခံေႀကးကို ထုတ္ယူဖို႕အတြက္ ခုလ နိုဝင္ဘာလ ၁ ရက္ကေန လာမယ့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီ ၃၁ ရက္ အထိအခ်ိန္ ၃ လေပးထားတာျဖစ္တယ္လို႔ သိရပါတယ္။

“ ကိုရီးယားက ျပန္လာရင္ ျပန္လာတာနဲ႔ အလုပ္သမားက ျပန္လာေၾကာင္း သတင္း ပို႔ရမယ္။ အဲ့ဒီလိုသတင္းပို႔ တာနဲ႔ EPS က ဌာနကို လူစာရင္းျပန္တင္ေပးတယ္၊ ၿပီးရင္ ကၽြန္ေတာ္တို႔ဌာနက သူတို႔ထြက္ခြာတဲ့ ခုႏွစ္၊ မွတ္ပုံတင္၊ ပတ္စ္ပို႔ အဲ့လိုအေထာက္အထားေတြ တိုက္စစ္ၿပီးေတာ့ ရန္ကုန္မွာပဲ အာမခံေငြေတြကိုျပန္ ထုတ္ေပးေနပါတယ္။ သတင္းပို႔ ၿပီးေတာ့ လာမထုတ္ တာေတြလည္း ရွိတဲ့အတြက္ လာထုတ္ၾကဖို႔ အသိ ေပးေနရတာျဖစ္ပါတယ္ ” လို႔ ရန္ကုန္တိုင္းအလုပ္သမားညႊန္ၾကားေရးဦးစီးဌာနမွ တိုင္းဦးစီးအရာရွိ ဦးခင္ေမာင္သြင္ က ေျပာပါတယ္။

အာမခံေၾကးထုတ္ယူမယ့္ လုပ္သားေတြအေနနဲ႔ ထုတ္ယူခြင့္တင္ျပစာ၊ ဘဏ္ေငြသြင္းခ်လံ၊ မူရင္းႏွင့္ မိတၱဴ တစ္ေစာင္၊ မွတ္ပုံတင္မူရင္းနဲ႔ မိတၱဴတစ္ေစာင္၊ နိုင္ငံကူးလက္မွတ္မူရင္းနဲ႔ မိတၱဴတစ္ေစာင္၊ ကိုရီးယားနိုင္ငံမွာ ေနထိုင္စဥ္ကာလက ၁၀ ရာခိုင္ႏႈန္း ဝင္ေငြအခြန္ ၃ႏွစ္ ေဆာင္ခဲ့တဲ့ ေျပစာမူရင္း၊ မိတၱဴ၊ သန္းေခါင္စာရင္း မူရင္း မိတၱဴ ကို ယူလာၿပီး သတ္မွတ္ကာလအတြင္း လာေရာက္ထုတ္ယူရမွာ ျဖစ္ပါတယ္။

အာမခံေႀကးထုတ္ေပးဖို႕ က်န္တဲ့အေရအတြက္ကိုေတာ့ စာရင္းျပဳစုေနဆဲျဖစ္ေႀကာင္းနဲ႕ လက္ရွိ ထုတ္ေပးေနတာေတြလည္းရွိတယ္လို႔လည္း သိရပါတယ္။

ျမန္မာလုပ္သားေတြ ေတာင္ကိုရီးယားနိုင္ငံကို အလုပ္သြားလုပ္ဖို႔အတြက္ အလုပ္သမားညႊန္ၾကား ေရးဦးစီးဌာနရဲ႕ အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီကေန EPS စနစ္နဲ႕ သြားေရာက္ရတာျဖစ္ၿပီး ကိုရီးယားနိုင္ငံကိုသြားေရာက္ခြင့္ရသူေတြဟာ အစိုးရ ျပည္ပအလုပ္အကိုင္ေအဂ်င္စီကို ေလယာဥ္လက္မွတ္ခ (၄၈၅) ေဒၚလာ၊ ဗီဇာေၾကး (၆၀) ေဒၚလာ၊ ဝန္ေဆာင္စရိတ္က်ပ္ ၈၅၀ဝ၀အပါအဝင္ အာမခံေၾကး ေငြ၁၅သိန္း ေပးသြင္းရတာျဖစ္တယ္လို႔ သိရပါတယ္။

ဒီထဲကမွ အာမခံေၾကးကို ေတာင္ကိုရီးယားနိုင္ငံကေန သတ္မွတ္စည္းကမ္းေတြနဲ႔အညီ အလုပ္လုပ္ကိုင္ၿပီး ျပန္ေရာက္လာတဲ့ အလုပ္သမားေတြကို အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီ က ျပန္လည္ထုတ္ေပးတာျဖစ္ပါတယ္။

အကယ္၍ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ over Stay လုပ္သားအျဖစ္ေရာက္ရွိတာနဲ႔ ျမန္မာနိုင္ငံကို သတ္မွတ္ခ်ိန္ အတြင္း တရားဝင္ျပန္မလာခဲ့သူေတြကေတာ့ အာမခံေၾကး ၁၅သိန္းအျပင္ ေနာက္ထပ္ ၁၅ သိန္း စုစုေပါင္း သိန္း ၃၀ ကို အလုပ္သမားဘက္က နိုင္ငံေတာ္ကို ေပးေလ်ာ္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

 

Photo-MLAK

#voiceofmyanmar #ရန္ကုန္ #အာမခံေၾကး

 

Unicode

အစိုးရကို ပေးသွင်းထားတဲ့အာမခံကြေးများ ရက်(၉၀)အတွင်း လာမထုတ်ရင် နိုင်ငံပိုင်သိမ်းမယ်

ရန်ကုန် နိုဝင်ဘာ ၂-၂၀၁၉
သိဂီ ၤ(VOM)

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံပြန်ရောက်နေတဲ့ အလုပ်သမားတွေအနေနဲ့ အစိုးရကိုပေးသွင်းထားတဲ့ ကြိုတင်အာမခံကြေး ၁၅ သိန်းကို ရက်ပေါင်း ၉၀ အတွင်းမှာ လာရောက်ထုတ်ယူမှုမရှိဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက အောက်တိုဘာလ ၃၀ရက်နေ့က အသိပေး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံက ပြန်ရောက်လာပြီး ကြိုတင်အာမခံကြေး ထုတ်မယူရသေးတဲ့ မြန်မာအလုပ်သမားတွေအတွက် ပြောဆိုလိုက်တာဖြစ်ပြီး အာမခံကြေးကို ထုတ်ယူဖို့အတွက် ခုလ နိုဝင်ဘာလ ၁ ရက်ကနေ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက် အထိအချိန် ၃ လပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

“ ကိုရီးယားက ပြန်လာရင် ပြန်လာတာနဲ့ အလုပ်သမားက ပြန်လာကြောင်း သတင်း ပို့ရမယ်။ အဲ့ဒီလိုသတင်းပို့ တာနဲ့ EPS က ဌာနကို လူစာရင်းပြန်တင်ပေးတယ်၊ ပြီးရင် ကျွန်တော်တို့ဌာနက သူတို့ထွက်ခွာတဲ့ ခုနှစ်၊ မှတ်ပုံတင်၊ ပတ်စ်ပို့ အဲ့လိုအထောက်အထားတွေ တိုက်စစ်ပြီးတော့ ရန်ကုန်မှာပဲ အာမခံငွေတွေကိုပြန် ထုတ်ပေးနေပါတယ်။ သတင်းပို့ ပြီးတော့ လာမထုတ် တာတွေလည်း ရှိတဲ့အတွက် လာထုတ်ကြဖို့ အသိ ပေးနေရတာဖြစ်ပါတယ် ” လို့ ရန်ကုန်တိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တိုင်းဦးစီးအရာရှိ ဦးခင်မောင်သွင် က ပြောပါတယ်။

အာမခံကြေးထုတ်ယူမယ့် လုပ်သားတွေအနေနဲ့ ထုတ်ယူခွင့်တင်ပြစာ၊ ဘဏ်ငွေသွင်းချလံ၊ မူရင်းနှင့် မိတ္တူ တစ်စောင်၊ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူတစ်စောင်၊ နိုင်ငံကူးလက်မှတ်မူရင်းနဲ့ မိတ္တူတစ်စောင်၊ ကိုရီးယားနိုင်ငံမှာ နေထိုင်စဉ်ကာလက ၁၀ ရာခိုင်နှုန်း ဝင်ငွေအခွန် ၃နှစ် ဆောင်ခဲ့တဲ့ ပြေစာမူရင်း၊ မိတ္တူ၊ သန်းခေါင်စာရင်း မူရင်း မိတ္တူ ကို ယူလာပြီး သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။

အာမခံကြေးထုတ်ပေးဖို့ ကျန်တဲ့အရေအတွက်ကိုတော့ စာရင်းပြုစုနေဆဲဖြစ်ကြောင်းနဲ့ လက်ရှိ ထုတ်ပေးနေတာတွေလည်းရှိတယ်လို့လည်း သိရပါတယ်။

မြန်မာလုပ်သားတွေ တောင်ကိုရီးယားနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် အလုပ်သမားညွှန်ကြား ရေးဦးစီးဌာနရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီကနေ EPS စနစ်နဲ့ သွားရောက်ရတာဖြစ်ပြီး ကိုရီးယားနိုင်ငံကိုသွားရောက်ခွင့်ရသူတွေဟာ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီကို လေယာဉ်လက်မှတ်ခ (၄၈၅) ဒေါ်လာ၊ ဗီဇာကြေး (၆၀) ဒေါ်လာ၊ ဝန်ဆောင်စရိတ်ကျပ် ၈၅၀ဝဝအပါအဝင် အာမခံကြေး ငွေ၁၅သိန်း ပေးသွင်းရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီထဲကမှ အာမခံကြေးကို တောင်ကိုရီးယားနိုင်ငံကနေ သတ်မှတ်စည်းကမ်းတွေနဲ့အညီ အလုပ်လုပ်ကိုင်ပြီး ပြန်ရောက်လာတဲ့ အလုပ်သမားတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ပြန်လည်ထုတ်ပေးတာဖြစ်ပါတယ်။

အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် over Stay လုပ်သားအဖြစ်ရောက်ရှိတာနဲ့ မြန်မာနိုင်ငံကို သတ်မှတ်ချိန် အတွင်း တရားဝင်ပြန်မလာခဲ့သူတွေကတော့ အာမခံကြေး ၁၅သိန်းအပြင် နောက်ထပ် ၁၅ သိန်း စုစုပေါင်း သိန်း ၃၀ ကို အလုပ်သမားဘက်က နိုင်ငံတော်ကို ပေးလျော်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Photo-MLAK

#voiceofmyanmar #ရန်ကုန် #အာမခံကြေး

Related posts

Leave a Comment

VOM News

FREE
VIEW