သာသနာ့ေျမထဲ လူေနထိုင္မႈေတြ ရွိမရွိ ဆက္လက္စစ္ေဆး

မႏၲေလး ႏိုဝင္ဘာ ၄-၂၀၁၉
ျဖဴျဖဴ

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္းက
ဘုန္းႀကီးေက်ာင္းေတြထဲမွာ ရွိတဲ့လူေနထိုင္မႈေတြ ဖယ္ရွားေပးဖို႔ သတိေပးထားတာျဖစ္ၿပီး ဆက္လက္ေနထိုင္မႈ ရွိမရွိ ဒီေန႔ ႏိုဝင္ဘာ ၄ ရက္ ညေနပိုင္းက ၿမိဳ႕နယ္သံဃာ့နာယက ဆရာေတာ္နဲ႔ အဖြဲ႕ဟာ လိုက္လံ စစ္ေဆးခဲ့ပါတယ္။

ဘုန္းႀကီးေက်ာင္းေတြနဲ႔ သာသနာ့နယ္ေျမေတြထဲမွာ လူေနထိုင္တာေတြ၊ စီးပြားေရးလုပ္ငန္းလုပ္ကိုင္တာေတြကို သီတင္းကြၽတ္လျပည့္ေန႔(ေအာက္တိုဘာ ၁၃ ရက္) ေနာက္ဆုံးထားဖယ္ရွားေပးဖို႔ သတိေပးထားတာျဖစ္ပါတယ္။

“ဒီေန႔စစ္ေဆးမႈမွာ တကာတို႔လည္း ျမင္တဲ့အတိုင္းပဲ ၉၀ ရာခိုင္ႏႈနါးေလာက္ ေအာင္ျမင္တာ ေတြ႕ရပါတယ္။ သာသနာ့ေျမေတြျပန္ရတာဟာ အေတာ္လည္း ၾကည္ႏူးစရာေကာင္းပါတယ္။ “လို႔ခ်မ္းေအးသာစံၿမိဳ႕နယ္ သာသာနာေတာ္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕ ဥကၠ႒ ဆရာေတာ္ ဦးဝိဓူရက မိန္႔ပါတယ္။

မႏၲေလးတိုင္းအတြင္းမွာရွိတဲ့ သာသနာ့နယ္ေျမျဖစ္တဲ့ ဘုန္းႀကီးေက်ာင္းေတြနဲ႔ ဝုဒ္တကေျမ(မီးတားေျမ)ေတြထဲမွာ လူေနအေဆာက္အဦးေတြေဆာက္လုပ္ေနထိုင္တာ၊ စီးပြားေရးလုပ္ငန္းအတြက္ ငွားရမ္းတာ၊ ရာဇဝတ္မကင္းတဲ့ ေလာင္းကစားဝိုင္းေတြ လုပ္ေဆာင္တာေတြနဲ႔ အဲဒီအတြက္ ခြင့္ျပဳေပးထားတာေတြကို ရွင္းလင္းေဆာင္႐ြက္ဖို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕ကေန စက္တင္ဘာလက ေလွ်ာက္ထားခဲ့တာ ျဖစ္ပါတယ္။

ဘုန္းႀကီးေက်ာင္းေတြထဲမွာ ဝင္ေရာက္ေနထိုင္ေနတာေတြဟာ လူေတြကိုယ္တိုင္က က်ဴးေက်ာ္ဝင္ေရာက္တာ ရွိသလို ဆရာေတာ္ေတြကိုယ္တိုင္က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လက္ခံတာေတြလည္း ရွိေနတာ ျဖစ္ပါတယ္။

ခ်မ္းေအးသာစံၿမိဳ႕နယ္အတြင္း ေက်ာင္းေပါင္း ၄၃၇ ေက်ာင္းအနက္ ၆၅ ေက်ာင္းဟာ လူေနထိုင္တာေတြရွိသလို စီးပြားေရးလုပ္ကိုင္ေနတဲ့ေက်ာင္းေတြျဖစ္တယ္လို႔ သိရပါတယ္။ ဒီေန႔မွာ
ေက်ာင္းေပါင္း ၄၀ ေလာက္ကို စစ္ေဆးခဲ့ၿပီး က်န္တဲ့ေက်ာင္းေတြကိုလည္း ေနာက္ေန႔ေတြမွာ ဆက္လက္စစ္ေဆးသြားမယ္လို႔ ၿမိဳ႕နယ္သံဃာနာယကအဖြဲ႕က သိရပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ ခ႐ိုင္ ၇ ခုရွိၿပီး ေက်ာင္းေပါင္း ၉၈၇၆ ေက်ာင္း၊ သံဃာေပါင္း ၉ ေသာင္းေက်ာ္ရွိပါတယ္။

#voiceofmyanmar #မႏၲေလး #ဘုန္းႀကီးေက်ာင္း

Unicode

သာသနာ့မြေထဲ လူနေထိုင်မှုတွေ ရှိမရှိ ဆက်လက်စစ်ဆေး

မန္တလေး နိုဝင်ဘာ ၄-၂၀၁၉
ဖြူဖြူ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းက
ဘုန်းကြီးကျောင်းတွေထဲမှာ ရှိတဲ့လူနေထိုင်မှုတွေ ဖယ်ရှားပေးဖို့ သတိပေးထားတာဖြစ်ပြီး ဆက်လက်နေထိုင်မှု ရှိမရှိ ဒီနေ့ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက မြို့နယ်သံဃာ့နာယက ဆရာတော်နဲ့ အဖွဲ့ဟာ လိုက်လံ စစ်ဆေးခဲ့ပါတယ်။

ဘုန်းကြီးကျောင်းတွေနဲ့ သာသနာ့နယ်မြေတွေထဲမှာ လူနေထိုင်တာတွေ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာတွေကို သီတင်းကျွတ်လပြည့်နေ့(အောက်တိုဘာ ၁၃ ရက်) နောက်ဆုံးထားဖယ်ရှားပေးဖို့ သတိပေးထားတာဖြစ်ပါတယ်။

“ဒီနေ့စစ်ဆေးမှုမှာ တကာတို့လည်း မြင်တဲ့အတိုင်းပဲ ၉၀ ရာခိုင်နှုနါးလောက် အောင်မြင်တာ တွေ့ရပါတယ်။ သာသနာ့မြေတွေပြန်ရတာဟာ အတော်လည်း ကြည်နူးစရာကောင်းပါတယ်။ “လို့ချမ်းအေးသာစံမြို့နယ် သာသာနာတော်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးဝိဓူရက မိန့်ပါတယ်။

မန္တလေးတိုင်းအတွင်းမှာရှိတဲ့ သာသနာ့နယ်မြေဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ဝုဒ်တကမြေ(မီးတားမြေ)တွေထဲမှာ လူနေအဆောက်အဦးတွေဆောက်လုပ်နေထိုင်တာ၊ စီးပွားရေးလုပ်ငန်းအတွက် ငှားရမ်းတာ၊ ရာဇဝတ်မကင်းတဲ့ လောင်းကစားဝိုင်းတွေ လုပ်ဆောင်တာတွေနဲ့ အဲဒီအတွက် ခွင့်ပြုပေးထားတာတွေကို ရှင်းလင်းဆောင်ရွက်ဖို့ မန္တလေးတိုင်းအစိုးရအဖွဲ့ကနေ စက်တင်ဘာလက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းတွေထဲမှာ ဝင်ရောက်နေထိုင်နေတာတွေဟာ လူတွေကိုယ်တိုင်က ကျူးကျော်ဝင်ရောက်တာ ရှိသလို ဆရာတော်တွေကိုယ်တိုင်က အကြောင်းအမျိုးမျိုးကြောင့် လက်ခံတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းပေါင်း ၄၃၇ ကျောင်းအနက် ၆၅ ကျောင်းဟာ လူနေထိုင်တာတွေရှိသလို စီးပွားရေးလုပ်ကိုင်နေတဲ့ကျောင်းတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့မှာ
ကျောင်းပေါင်း ၄၀ လောက်ကို စစ်ဆေးခဲ့ပြီး ကျန်တဲ့ကျောင်းတွေကိုလည်း နောက်နေ့တွေမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ မြို့နယ်သံဃာနာယကအဖွဲ့က သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ခရိုင် ၇ ခုရှိပြီး ကျောင်းပေါင်း ၉၈၇၆ ကျောင်း၊ သံဃာပေါင်း ၉ သောင်းကျော်ရှိပါတယ်။

#voiceofmyanmar #မန္တလေး #ဘုန်းကြီးကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW