ေအာက္တိုဘာလအတြင္း လူကုန္ကူးမႈ ၁၈ မႈရွိၿပီး ရန္ကုန္မွာ အမႈအမ်ားဆုံးျဖစ္ေပၚ

ရန္ကုန္၊ ႏိုဝင္ဘာ ၄-၂၀၁၉
မင္းရန္ႏိုင္(VOM)

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့တဲ့ လူကုန္ကူးမႈစာရင္းကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၄ ရက္(ဒီကေန႔)မွာ ထုတ္ျပန္လုိက္ပါတယ္။

လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ထုတ္ျပန္တဲ့စာရင္းအရ ေအာက္တိုဘာလအတြင္း လူကုန္ကူးမႈ ၁၈ မႈ ျဖစ္ပြားခဲ့ၿပီး တရားခံ က်ား ၂၁ ဦး၊ မ ၃၃ ဦး စုစုေပါင္းတရားခံ ၅၄ ဦး ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

လူကုန္ကူးခံရသူစာရင္းမွာေတာ့ က်ား တစ္ဦး၊ မ ၁၉ ဦးနဲ႔ ကေလးသူငယ္ မ ႏွစ္ဦး စုစုေပါင္း ၂၂ ဦးရွိတယ္လို႔ ေဖာ္ျပထားၿပီး ေအာက္တိုဘာလအတြင္း တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အလိုက္ လူကုန္ကူးမႈ ျဖစ္ပြားမႈအေျခအေနမွာေတာ့ ရန္ကုန္တိုင္းေဒသႀကီးမွာ ၆ မႈ(၃၃ ရာခိုင္ႏႈန္း)နဲ႔ ပထမေနရာမွာ ရပ္တည္ေနပါတယ္။

မႏၲေလးတိုင္းေဒသႀကီးနဲ႔ ဧရာဝတီတိုင္းေဒသႀကီးက ၃ မႈ(၁၇ ရာခိုင္ႏႈန္း) နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ ပဲခူးတိုင္းေဒသႀကီးတို႔ကေတာ့ ၂ မႈ(၁၁ ရာခိုင္ႏႈန္း) နဲ႔ အစဥ္လိုက္ရပ္တည္ေနပါတယ္။

ေအာက္တိုဘာလအတြင္းျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈအမ်ိဳးအစားနဲ႔ ဦးတည္ႏိုင္ငံေတြကေတာ့ တ႐ုတ္ႏိုင္ငံကို အဓမၼလက္ထပ္မႈ ၁၄ မႈနဲ႔ အျမင့္ဆုံးမွာရပ္တည္ေနၿပီး ျပည္တြင္းမွာေတာ့ ျပည့္တန္ဆာမႈ ႏွစ္မႈနဲ႔ အဓမၼေစခိုင္းမႈ ႏွစ္မႈရွိခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

#voiceofmyanmar #လူကုန္ကူးမွဳစာရင္း #ရန္ကုန္

Unicode

အောက်တိုဘာလအတွင်း လူကုန်ကူးမှု ၁၈ မှုရှိပြီး ရန်ကုန်မှာ အမှုအများဆုံးဖြစ်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၄-၂၀၁၉
မင်းရန်နိုင်(VOM)

၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တဲ့ လူကုန်ကူးမှုစာရင်းကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်(ဒီကနေ့)မှာ ထုတ်ပြန်လိုက်ပါတယ်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့စာရင်းအရ အောက်တိုဘာလအတွင်း လူကုန်ကူးမှု ၁၈ မှု ဖြစ်ပွားခဲ့ပြီး တရားခံ ကျား ၂၁ ဦး၊ မ ၃၃ ဦး စုစုပေါင်းတရားခံ ၅၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံရသူစာရင်းမှာတော့ ကျား တစ်ဦး၊ မ ၁၉ ဦးနဲ့ ကလေးသူငယ် မ နှစ်ဦး စုစုပေါင်း ၂၂ ဦးရှိတယ်လို့ ဖော်ပြထားပြီး အောက်တိုဘာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် လူကုန်ကူးမှု ဖြစ်ပွားမှုအခြေအနေမှာတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ၆ မှု(၃၃ ရာခိုင်နှုန်း)နဲ့ ပထမနေရာမှာ ရပ်တည်နေပါတယ်။

မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ၃ မှု(၁၇ ရာခိုင်နှုန်း) နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးတို့ကတော့ ၂ မှု(၁၁ ရာခိုင်နှုန်း) နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

အောက်တိုဘာလအတွင်းဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုအမျိုးအစားနဲ့ ဦးတည်နိုင်ငံတွေကတော့ တရုတ်နိုင်ငံကို အဓမ္မလက်ထပ်မှု ၁၄ မှုနဲ့ အမြင့်ဆုံးမှာရပ်တည်နေပြီး ပြည်တွင်းမှာတော့ ပြည့်တန်ဆာမှု နှစ်မှုနဲ့ အဓမ္မစေခိုင်းမှု နှစ်မှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

#voiceofmyanmar #လူကုန်ကူးမှုစာရင်း #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW