ကေမၻာဒီးယားအတုိက္အခံေခါင္းေဆာင္ ေနအိမ္အက်ယ္ခ်ဳပ္မွလြတ္ေျမာက္

ဖႏြမ္းပင္၊ နိုဝင္ဘာ-၁၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ကေမၻာဒီးယား အတိုက္အခံေခါင္းေဆာင္ ကင္ဆိုခါဟာ နုိင္ငံေတာ္ပုန္ကန္မႈေၾကာင္႔ အဖမ္းခံရျပီး နွစ္နွစ္အၾကာ နိုဝင္ဘာ ၁၀ ရက္ေန႔က ေနအိမ္အက်ယ္ခ်ဳပ္ကေန ျပန္လည္လြတ္ေျမာက္လာခဲ႔ပါတယ္။

ဒါေပမယ္႔ သူဟာ နုိင္ငံေရးလုပ္တာတာေတြအျပင္ နိုင္ငံအတြင္းမွ ထြက္ခြာခြင္႔ကို တားျမစ္ခံထားရဆဲျဖစ္တယ္လို႔တရားရံုးက ေျပာပါတယ္။

ျပည္ပကို ကိုယ္႔သေဘာနဲ႔ကိုယ္ထြက္ခြာသြားျပီး လက္ရိွမွာ ျပည္ဝင္ခြင္႔တားျမစ္ခံထားရတဲ႔ သူတို႔ပါတီရဲ႕ ပူးတြဲတည္ေထာင္သူဆန္ရိန္ဆဟာ ဝန္ၾကီးခ်ဳပ္ဟြန္ဆနကို ဆန္႔က်င္သူေတြကို စုရံုးဖို႔ နိုင္ငံအတြင္းကို ျပန္လာဖို႔ ရည္ရြယ္ထားတယ္လို႔ ေျပာဆိုျပီး ေနာက္တစ္ရက္အၾကာမွာ ကင္ဆိုခါကို ေနအိမ္အက်ယ္ခ်ဳပ္ကေန လြတ္ေပးလိုက္တာျဖစ္ပါတယ္။

ကင္ဆိုခါအေနနဲ႔ ေနအိမ္ကေနထြက္ခြာသြားလာနိုင္ေၾကာင္း ၊ ဒါေပမယ္႔သူဟာ နုိင္ငံေရးလႈပ္ရွားမႈေတြ သို႔မဟုတ္ နို္င္ငံအတြင္းမွ ထြက္ခြာသြားလို႔မရေၾကာင္း ဖႏြမ္းပင္ရိွ တရားရံုးကထုတ္ျပန္တဲ႔ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

သူဟာ အာဏာပိုင္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈရိွတာေၾကာင္႔ ကေမၻာဒီးယားနုို္င္ငံအနွံ သြားလာနုိင္ေပမယ္႔လည္း နုိင္ငံအတြင္းက ထြက္ခြာလို႔မရေသးေၾကာင္း ကေမၻာဒီးယား တရားေရးဝန္ၾကီးဌာနေျပာေရးဆိုခြင္႔ရိွသူ ခ်င္မာလင္က ရိုက္တာသတင္းဌာနကို ေျပာပါတယ္။

ဥေရာပသမဂၢအေနနဲ႔ ကေမၻာဒီးယားနိုင္ငံကိုေပးအပ္ထားတဲ႔ ကုန္သြယ္ေရးဦးစားေပးမႈေတြကို ထိခိုက္နစ္နာ ေစတဲ႔ျဖတ္ေတာက္မႈေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ သင္႔မသင္႔ စဥ္းစားေနခ်ိန္မွာ နိုင္ငံေရးျဖိဳခြင္းတာေတြကို ေလွ်ာ႔ခ်ဖို႔ ဖိအားေတြနဲ႔ ကေမၻာဒီးယားနုိင္ငံ ရင္ဆိုင္ေနရပါတယ္။

Ref : CNA Photo : Reuters
#voiceofmyanmar #ကေမၻာဒီးယား #အတုိက္အခံေခါင္းေဆာင္

Unicode

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်

ဖနွမ်းပင်၊ နိုဝင်ဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ကင်ဆိုခါဟာ နိုင်ငံတော်ပုန်ကန်မှုကြောင့် အဖမ်းခံရပြီး နှစ်နှစ်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမယ့် သူဟာ နိုင်ငံရေးလုပ်တာတာတွေအပြင် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို တားမြစ်ခံထားရဆဲဖြစ်တယ်လို့တရားရုံးက ပြောပါတယ်။

ပြည်ပကို ကိုယ့်သဘောနဲ့ကိုယ်ထွက်ခွာသွားပြီး လက်ရှိမှာ ပြည်ဝင်ခွင့်တားမြစ်ခံထားရတဲ့ သူတို့ပါတီရဲ့ ပူးတွဲတည်ထောင်သူဆန်ရိန်ဆဟာ ဝန်ကြီးချုပ်ဟွန်ဆနကို ဆန့်ကျင်သူတွေကို စုရုံးဖို့ နိုင်ငံအတွင်းကို ပြန်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုပြီး နောက်တစ်ရက်အကြာမှာ ကင်ဆိုခါကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးလိုက်တာဖြစ်ပါတယ်။

ကင်ဆိုခါအနေနဲ့ နေအိမ်ကနေထွက်ခွာသွားလာနိုင်ကြောင်း ၊ ဒါပေမယ့်သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေ သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာသွားလို့မရကြောင်း ဖနွမ်းပင်ရှိ တရားရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတာကြောင့် ကမ္ဘောဒီးယားနိုင်ငံအနှံ သွားလာနိုင်ပေမယ့်လည်း နိုင်ငံအတွင်းက ထွက်ခွာလို့မရသေးကြောင်း ကမ္ဘောဒီးယား တရားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ချင်မာလင်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ ကမ္ဘောဒီးယားနိုင်ငံကိုပေးအပ်ထားတဲ့ ကုန်သွယ်ရေးဦးစားပေးမှုတွေကို ထိခိုက်နစ်နာ စေတဲ့ဖြတ်တောက်မှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ သင့်မသင့် စဉ်းစားနေချိန်မှာ နိုင်ငံရေးဖြိုခွင်းတာတွေကို လျှော့ချဖို့ ဖိအားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံ ရင်ဆိုင်နေရပါတယ်။

Ref : CNA Photo : Reuters
#voiceofmyanmar #ကမ္ဘောဒီးယား #အတိုက်အခံခေါင်းဆောင်

Related posts

Leave a Comment

VOM News

FREE
VIEW