ရွေ့လျားပညာရေးစီမံကိန်းနဲ့ ပညာသင်ကြားနေသော ကျောင်းသား/သူတွေကို လက်ဝှေ့ချန်ပီယံအောင်လ လာရောက်ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ ၁၀-၂၀၁၉ မိုးယံ (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၈) အင်ဂါပတ် ဆွမ်းလောင်းဓမ္မာရုံမှာ ဒီကနေ့မနက်ပိုင်းက ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံ အောင်လအန်ဆန်းမှ မြန်မာရွေ့လျားပညာရေးစီမံကိန်းနဲ့ ပညာသင်ကြားနေသော ကျောင်းသား/သူတွေကို လာရောက်ကြည့်ရှုပြီး အားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။ ‟ကျမတို့ ပညာသင်ကြားရေးက Mobile Education (ရွေ့လျားပညာသင်ကြားရေး)ပါ၊ အဲဒီက ဒါရိုက်တာအဖွဲ့ထဲကတစ်ယောက်နဲ့က အောင်လနဲ့ကျောင်းနေဘက်သူငယ်ချင်းတွေဆိုတော့ အရင်ကလည်း စာရေးကိရိယာတွေလှူထားပါတယ်၊ အခုလည်း ကလေးတွေနဲ့ကစားချင်တယ် တွေ့ချင်တယ်ဆိုပြီး လာတာပါ၊ ကလေးတွေနဲ့ကစားတယ် ကလေးတွေကိုစိတ်ဓာတ်ခွန်အားမြှင့်တင်ပေးပါတယ်၊ အခုချိန်မှာ ပညာသင်တယ်ဆိုပေမယ့် ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်လို့ ပြောဆိုသွားပါတယ်၊ ဒီနေ့က သူကလေးတွေဘာလိုအပ်လည်းလာကြည့်တာပါလို့” မြန်မာရွေ့လျားပညာရေးစီမံကိန်းက တာဝန်ခံဆရာမ ဒေါ်နိုင်နိုင်အေးကပြောပါတယ်။ ၂၀၁၇ခုနှစ် ဇွန်လ ၁၅ရက်နေ့မှစတင်ကာ ရွှေပြည်သာမြို့နယ်အတွင်းက ကျောင်းသား/သူ (၇၅)ယောက်ကို Mobile Educationနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။ အောင်လအန်ဆန်းကလည်း ကလေးတွေနဲ့ တွေ့ဆုံနေချိန် ကလေးတွေကို ‟ဘာအရေးကြီးဆုံးလဲ…

Read More

Star War Style လေဆာလက်နက်တွေ အမေရိကန်စစ်ဘက်မှာ အသုံးပြုတော့မည်

အမေရိကန်၊ နိုဝင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့အတွက် Star War ရုပ်ရှင်ကားထဲကလို လေဆာလက်နက်တပ်ဆင်ထားသော စစ်ဘက်သုံးယာဉ်တွေကို လာမယ့်သုံးနှစ်အတွင်း ဖြန့်ကြက်သွားမယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။ အဲဒီလေဆာလက်နက်တွေဟာ ရန်သူရဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒုံးပျံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်စီးပစ်နိုင်မှာဖြစ်ပါတယ်။ လေဆာလက်နက် တပ်ဆင်ထားတဲ့ စစ်ဘက်သုံးယာဉ်တွေကို လေးစီးတစ်အုပ်စု ပုံစံနဲ့ ၂၀၂၂ ခုနှစ်မှာ စစ်မြေပြင်တွေမှာ ဖြန့်ကြက်သွားမယ်လို့ စစ်ဘက်အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်ဟာ စွမ်းအင်သုံးစစ်လက်နက်တွေကို စစ်မြေပြင်မှာအသုံးပြုဖို့အချိန်ရောက်ပြီလို့ Hypersonics, Directed Energy, Space and Rapid Acquisition ရဲ့ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး အယ်လ်နေးသာဂွတ်က အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။ ကြည်းတပ်ကိုခေတ်မီစွမ်းရည်ရှိရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေဆာလက်နက်တွေ အသုံးပြုဖို့လိုအပ်တယ်ဆိုတာကို စစ်ဘက်က အသိအမှတ်ပြုထားပြီး ယင်းကိစ္စမှာ သုတေသနကြိုးပမ်းမှု သို့မဟုတ် သရုပ်ပြမှုမဟုတ်တော့ပဲ…

Read More


ပုသိမ်၊ နိုဝင်ဘာ ၁၀-၂၀၁၉ ကိုအောင်(VOM)   ပုသိမ်မြို့ရှိ၊ ပုသိမ်နယ်မြေရဲစခန်းမှာ မနေ့ နိုဝင်ဘာ၉ရက်ညပိုင်းက အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေးသွားတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်   အချုပ်ကြနေတဲ့ အချုပ်တန်းစီး နောင်နောင်၊ ရဲဇော်၊ ဇော်ဇော်လိုင် သုံးဦးဟာ နံနက်၁နာရီ အချိန်က နယ်မြေစခန်း ရဲ့အချုပ်ကိုဖောက်ပီး ထွက်ပြေးလွှတ်မြောက်သွားခဲ့ကာ နာရီပိုင်းအတွင်းမှာ နောင်နောင်နဲ့ ရဲဇော်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။   “ ခုကတစ်ယောက်လွှတ်နေတာ ဆိုင်ကယ်ခိုးမူပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ တရားခံပါ ဘယ်လိုထွက်ပြေးတာလဲဆိုတာ စုံစမ်းနေတုန်းပါ ” လို့ပုသိမ်နယ်မြေစခန်းက တာဝန်ကျ ရဲအရာရှိကပြောပါတယ်။   ခုလို တရားခံထွက်ပြေးလွှတ်မြောက်တဲ့အတွက် ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို အချုပ်ပြစ်ဒဏ်ချထားပြီး လွှတ်မြောက်နေတဲ့သူကို ဖမ်းဆီးနိင်ရေး ဆောင်ရွက်နေတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်။   #voiceofmyanmar #ပုသိမ် #အချုပ်ခန်းဖောက် Unicode ပုသိမ်မြို့မှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေး ပုသိမ်၊…

Read More

မိုးကုတ်မှာ ပထမဆုံးကျင်းပတဲ့ ပထမကျော် စာမေးပွဲနဲ့ စာအောင်သံဃာတွေ ဂုဏ်ပြုပွဲ

မိုးကုတ် -နိုဝင်ဘာ ၁၀- ၂၀၁၀ နေလင်း(မိုးကုတ်) မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ ရှင်တစ်ထောင် သာမဏေကျော် ဓမ္မဗိမာန်တော်ကြီးဖွင့်ပွဲနဲ့(ပထမ)အကြိမ် ထာဝရသဒ္ဓမ္မာလင်္ကာရသာမဏေကျော် ဆုတံဆိပ်ဆက်ကပ်ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ သာမဏေကျော်စာသင်တိုက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်)အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ အရှင်တေဇောသာရာဘိဝံသ (Ph.D)Doctor of Philosophy (India); Buddha Sasana Keerthi Sri Tripitaka Vagi Shwara Charya (Sri Lanka) မိုးကုတ်မြို့၊ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက် ပဓာနနာယကဆရာတော်ဘုရားကြီး၏ ဦးဆောင်ဦးရွက်ပြုခဲ့တာပါ။ မြန်မာနိုင်ငံတစ်နိုင်မှာ (၁၆)ဌာနမြောက်ဖြစ်ပြီးမိုးကုတ်မှာ သာမဏေကျော်အသင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ထာဝရ သဒ္ဓမ္မာလင်္ကာရ သာမဏေကျော် စာဖြေဌာနအဖြစ် မိုးကုတ်မြို့၊ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက်မှာ ရှင်၊ ရဟန်း၊ သီလရှင် အပါး တစ်ထောင်ကျော် စာပြန်ဖြေဆိုပွဲနဲ့ ရှင်တထောင် သာမဏေကျော် ဓမ္မဗိမာန်တော်ကြီး ဖွင့်ပွဲမင်္ဂလာကို…

Read More

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်

ဖနွမ်းပင်၊ နိုဝင်ဘာ-၁၀-၂၀၁၉ မျိုးဆက် (VOM) ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ကင်ဆိုခါဟာ နိုင်ငံတော်ပုန်ကန်မှုကြောင့် အဖမ်းခံရပြီး နှစ်နှစ်အကြာ နိုဝင်ဘာ ၁၀ ရက်နေ့က နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံရေးလုပ်တာတာတွေအပြင် နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို တားမြစ်ခံထားရဆဲဖြစ်တယ်လို့တရားရုံးက ပြောပါတယ်။ ပြည်ပကို ကိုယ့်သဘောနဲ့ကိုယ်ထွက်ခွာသွားပြီး လက်ရှိမှာ ပြည်ဝင်ခွင့်တားမြစ်ခံထားရတဲ့ သူတို့ပါတီရဲ့ ပူးတွဲတည်ထောင်သူဆန်ရိန်ဆဟာ ဝန်ကြီးချုပ်ဟွန်ဆနကို ဆန့်ကျင်သူတွေကို စုရုံးဖို့ နိုင်ငံအတွင်းကို ပြန်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောဆိုပြီး နောက်တစ်ရက်အကြာမှာ ကင်ဆိုခါကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ပေးလိုက်တာဖြစ်ပါတယ်။ ကင်ဆိုခါအနေနဲ့ နေအိမ်ကနေထွက်ခွာသွားလာနိုင်ကြောင်း ၊ ဒါပေမယ့်သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေ သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာသွားလို့မရကြောင်း ဖနွမ်းပင်ရှိ တရားရုံးကထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ သူဟာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတာကြောင့် ကမ္ဘောဒီးယားနို်င်ငံအနှံ သွားလာနိုင်ပေမယ့်လည်း နိုင်ငံအတွင်းက ထွက်ခွာလို့မရသေးကြောင်း ကမ္ဘောဒီးယား တရားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ…

Read More
VOM News

FREE
VIEW