
နေလင်း(မိုးကုတ်)






Unicode

မိုးကုတ်မှာ ပထမဆုံးကျင်းပတဲ့ ပထမကျော် စာမေးပွဲနဲ့ စာအောင်သံဃာတွေ ဂုဏ်ပြုပွဲ

မိုးကုတ် -နိုဝင်ဘာ ၁၀- ၂၀၁၀
နေလင်း(မိုးကုတ်)

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ ညောင်သုံးပင်ပရိယတ္တိ ရှင်တစ်ထောင် သာမဏေကျော် ဓမ္မဗိမာန်တော်ကြီးဖွင့်ပွဲနဲ့(ပထမ)အကြိမ် ထာဝရသဒ္ဓမ္မာလင်္ကာရသာမဏေကျော် ဆုတံဆိပ်ဆက်ကပ်ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။

သာမဏေကျော်စာသင်တိုက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်)အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ အရှင်တေဇောသာရာဘိဝံသ (Ph.D)Doctor of Philosophy (India); Buddha Sasana Keerthi Sri Tripitaka Vagi Shwara Charya (Sri Lanka)
မိုးကုတ်မြို့၊ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက် ပဓာနနာယကဆရာတော်ဘုရားကြီး၏ ဦးဆောင်ဦးရွက်ပြုခဲ့တာပါ။

မြန်မာနိုင်ငံတစ်နိုင်မှာ (၁၆)ဌာနမြောက်ဖြစ်ပြီးမိုးကုတ်မှာ သာမဏေကျော်အသင်းဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ထာဝရ သဒ္ဓမ္မာလင်္ကာရ သာမဏေကျော် စာဖြေဌာနအဖြစ် မိုးကုတ်မြို့၊ညောင်သုံးပင်ပရိယတ္တိ သာမဏေကျော်စာသင်တိုက်မှာ ရှင်၊ ရဟန်း၊ သီလရှင် အပါး တစ်ထောင်ကျော် စာပြန်ဖြေဆိုပွဲနဲ့ ရှင်တထောင် သာမဏေကျော် ဓမ္မဗိမာန်တော်ကြီး ဖွင့်ပွဲမင်္ဂလာကို ဦးမောင်ကို +ဒေါ်ရွှေ ( သီရိသုဓမ္မသိင်္ဂီ(ထာဝရ ကုမ္ပဏီ) မန္တလေးမြို့ မိသားစုတို့ နဲ့ (၇)ရက်သားသမီး အလှူရှင်တွေ ပေါင်းစုလှူဒါန်းမှုဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #မိုးကုတ် #ညောင်သုံးပင် #သာမဏေကျော်

Related posts

Leave a Comment

VOM News

FREE
VIEW