

ကိုအောင်(VOM)

 



 

အချုပ်ကြနေတဲ့ အချုပ်တန်းစီး နောင်နောင်၊ ရဲဇော်၊ ဇော်ဇော်လိုင် သုံးဦးဟာ နံနက်၁နာရီ အချိန်က နယ်မြေစခန်း ရဲ့အချုပ်ကိုဖောက်ပီး ထွက်ပြေးလွှတ်မြောက်သွားခဲ့ကာ နာရီပိုင်းအတွင်းမှာ နောင်နောင်နဲ့ ရဲဇော်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

 


 


 


Unicode

ပုသိမ်မြို့မှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေး

ပုသိမ်၊ နိုဝင်ဘာ ၁၀-၂၀၁၉
ကိုအောင်(VOM)

ပုသိမ်မြို့ရှိ၊ ပုသိမ်နယ်မြေရဲစခန်းမှာ မနေ့ နိုဝင်ဘာ၉ရက်ညပိုင်းက
အချုပ်ခန်းဖောက်ပြီး အချုပ်သား(၃)ဦးထွက်ပြေးသွားတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်

အချုပ်ကြနေတဲ့ အချုပ်တန်းစီး နောင်နောင်၊ ရဲဇော်၊ ဇော်ဇော်လိူင် သုံးဦးဟာ နံနက်၁နာရီ အချိန်က နယ်မြေစခန်း ရဲ့အချုပ်ကိုဖောက်ပီး ထွက်ပြေးလွှတ်မြောက်သွားခဲ့ကာ နာရီပိုင်းအတွင်းမှာ နောင်နောင်နဲ့ ရဲဇော်ကို ပြန်လည်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

“ ခုကတစ်ယောက်လွှတ်နေတာ ဆိုင်ကယ်ခိုးမူပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ တရားခံပါ ဘယ်လိုထွက်ပြေးတာလဲဆိုတာ စုံစမ်းနေတုန်းပါ ” လို့ပုသိမ်နယ်မြေစခန်းက တာဝန်ကျ ရဲအရာရှိကပြောပါတယ်။

ခုလို တရားခံထွက်ပြေးလွှတ်မြောက်တဲ့အတွက် ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်တွေကို အချုပ်ပြစ်ဒဏ်ချထားပြီး လွှတ်မြောက်နေတဲ့သူကို ဖမ်းဆီးနိင်ရေး ဆောင်ရွက်နေတယ်လို့ ပုသိမ်နယ်မြေရဲစခန်းကနေ သိရပါတယ်။

#voiceofmyanmar #ပုသိမ် #အချုပ်ခန်းဖောက်

Related posts

Leave a Comment

VOM News

FREE
VIEW