Star War Style ေလဆာလက္နက္ေတြ အေမရိကန္စစ္ဘက္မွာ အသံုးျပဳေတာ႔မည္

အေမရိကန္၊ နိုဝင္ဘာ-၁၀-၂၀၁၉
မ်ိဳးဆက္ (VOM)

ရန္သူ၏ ေလေၾကာင္းတိုက္ခိုက္မႈေတြကို ျပန္လည္တံု႕ျပန္တိုက္ခိုက္ဖို႔အတြက္ Star War ရုပ္ရွင္ကားထဲကလို ေလဆာလက္နက္တပ္ဆင္ထားေသာ စစ္ဘက္သံုးယာဥ္ေတြကို လာမယ္႔သံုးနွစ္အတြင္း ျဖန္႔ၾကက္သြားမယ္လို႔ အေမရိကန္စစ္ဘက္က ေျပာပါတယ္။

အဲဒီေလဆာလက္နက္ေတြဟာ ရန္သူရဲ႕ ေမာင္းသူမဲ႔ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ ဒံုးပ်ံေတြကို ပစ္မွတ္ထားျပီး တိုက္ခိုက္ဖ်က္စီးပစ္နုိင္မွာျဖစ္ပါတယ္။

ေလဆာလက္နက္ တပ္ဆင္ထားတဲ႔ စစ္ဘက္သံုးယာဥ္ေတြကို ေလးစီးတစ္အုပ္စု ပံုစံနဲ႔ ၂၀၂၂ ခုနွစ္မွာ စစ္ေျမျပင္ေတြမွာ ျဖန္႔ၾကက္သြားမယ္လို႔ စစ္ဘက္အစီရင္ခံစာတစ္ခုမွာ ေဖာ္ျပထားပါတယ္။

လက္ရိွအခ်ိန္ဟာ စြမ္းအင္သံုးစစ္လက္နက္ေတြကို စစ္ေျမျပင္မွာအသံုးျပဳဖို႔အခ်ိန္ေရာက္ျပီလို႔ Hypersonics, Directed Energy, Space and Rapid Acquisition ရဲ႕ညႊန္ၾကားေရးမွဴး ဒုဗိုလ္ခ်ဳပ္ၾကီး အယ္လ္ေနးသာဂြတ္က အစီရင္ခံစာမွာ ေျပာဆိုထားပါတယ္။

ၾကည္းတပ္ကိုေခတ္မီစြမ္းရည္ရိွေရး အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ေလဆာလက္နက္ေတြ အသံုးျပဳဖို႔လိုအပ္တယ္ဆိုတာကို စစ္ဘက္က အသိအမွတ္ျပဳထားျပီး ယင္းကိစၥမွာ သုေတသနၾကိဳးပမ္းမႈ သို႔မဟုတ္ သရုပ္ျပမႈမဟုတ္ေတာ႔ပဲ စစ္ေျမျပင္တြင္ မဟာဗ်ဴဟာေျမာက္ တိုက္ခိုက္ေရးစြမ္းအင္ျဖစ္ကာ တပ္ဖြဲ႔၀င္ေတြကို တပ္ဆင္ေပးဖို႔ မွန္ကန္တဲ႔လမ္းေၾကာင္းေပၚေရာက္ေနျပီလို႔ သူကထုတ္ေဖာ္ေျပာဆိုပါတယ္။

Stryker လို႔အမည္ရတဲ႔ယာဥ္ေတြမွာ တပ္ဆင္ထားတဲ႔ ေလဆာလက္တစ္ခုခ်င္းစီအတြက္ စြမ္းအင္အေနနဲ႔ ၅၀ ကီလိုဝပ္လိုအပ္ျပီ အလင္းရဲ႕ျမန္နႈန္းအတိုင္းပစ္ခတ္နို္င္ျပီး ရန္သူ႔ရဲ႕ ေမာင္းသူမဲ႔ေလယာဥ္ေတြနဲ႔ ေလယာဥ္ေတြကို အရည္ေပ်ာ္သြားေစမယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

Ref : Metro
#voiceofmyanmar #အေမရိကန္ #ေလဆာလက္နက္

Unicode

Star War Style လေဆာလက်နက်တွေ အမေရိကန်စစ်ဘက်မှာ အသုံးပြုတော့မည်

အမေရိကန်၊ နိုဝင်ဘာ-၁၀-၂၀၁၉
မျိုးဆက် (VOM)

ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုတွေကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ဖို့အတွက် Star War ရုပ်ရှင်ကားထဲကလို လေဆာလက်နက်တပ်ဆင်ထားသော စစ်ဘက်သုံးယာဉ်တွေကို လာမယ့်သုံးနှစ်အတွင်း ဖြန့်ကြက်သွားမယ်လို့ အမေရိကန်စစ်ဘက်က ပြောပါတယ်။

အဲဒီလေဆာလက်နက်တွေဟာ ရန်သူရဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒုံးပျံတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်ဖျက်စီးပစ်နိုင်မှာဖြစ်ပါတယ်။

လေဆာလက်နက် တပ်ဆင်ထားတဲ့ စစ်ဘက်သုံးယာဉ်တွေကို လေးစီးတစ်အုပ်စု ပုံစံနဲ့ ၂၀၂၂ ခုနှစ်မှာ စစ်မြေပြင်တွေမှာ ဖြန့်ကြက်သွားမယ်လို့ စစ်ဘက်အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ဟာ စွမ်းအင်သုံးစစ်လက်နက်တွေကို စစ်မြေပြင်မှာအသုံးပြုဖို့အချိန်ရောက်ပြီလို့ Hypersonics, Directed Energy, Space and Rapid Acquisition ရဲ့ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး အယ်လ်နေးသာဂွတ်က အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ကြည်းတပ်ကိုခေတ်မီစွမ်းရည်ရှိရေး အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လေဆာလက်နက်တွေ အသုံးပြုဖို့လိုအပ်တယ်ဆိုတာကို စစ်ဘက်က အသိအမှတ်ပြုထားပြီး ယင်းကိစ္စမှာ သုတေသနကြိုးပမ်းမှု သို့မဟုတ် သရုပ်ပြမှုမဟုတ်တော့ပဲ စစ်မြေပြင်တွင် မဟာဗျူဟာမြောက် တိုက်ခိုက်ရေးစွမ်းအင်ဖြစ်ကာ တပ်ဖွဲ့ဝင်တွေကို တပ်ဆင်ပေးဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့ သူကထုတ်ဖော်ပြောဆိုပါတယ်။

Stryker လို့အမည်ရတဲ့ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ လေဆာလက်တစ်ခုချင်းစီအတွက် စွမ်းအင်အနေနဲ့ ၅၀ ကီလိုဝပ်လိုအပ်ပြီ အလင်းရဲ့မြန်နှုန်းအတိုင်းပစ်ခတ်နိုင်ပြီး ရန်သူ့ရဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ လေယာဉ်တွေကို အရည်ပျော်သွားစေမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

Ref : Metro
#voiceofmyanmar #အမေရိကန် #လေဆာလက်နက်

Related posts

Leave a Comment

VOM News

FREE
VIEW