ဒီမိုကေရစီပညာေရးသပိတ္(၅)ႏွစ္ျပည့္အခမ္းအနားကို ခြင့္ျပဳမိန႔္မရလည္း ျဖစ္ေအာင္လုပ္သြားမယ္

မႏၲေလး၊ႏိုဝင္ဘာ ၁၇-၂၀၁၉
ဟိန္းကို(VOM)

၂၀၁၅ခုႏွစ္က မႏၲေလးၿမိဳ႕ကေန ေနျပည္ေတာ္အထိ ခ်ီတက္လမ္းေလွ်ာက္ ဆႏၵျပခဲ့တဲ့ ဒီမိုကေရစီပညာေရးသပိတ္စစ္ေၾကာင္းကို သက္ဆိုင္ရာကအင္အားသုံးၿဖိဳခြဲခံရတာ (၅)ႏွစ္ျပည့္အေနနဲ႔ မႏၲေလးၿမိဳ႕မွာ က်င္းပသြားမယ္လို႔ ဒီကေန႔ေန႔လည္ပိုင္းက ျပဳလုပ္ခဲ့တဲ့ ဒီမိုကေရစီပညာေရးသပိတ္(၅)ႏွစ္ျပည့္က်င္းပေရးေကာ္မတီရဲ႕ အစည္းအေဝးကေနသိရပါတယ္။

(၅)ႏွစ္ျပည့္ပြဲကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြစီ ခြင့္ျပဳမိန႔္တင္သြားမွာျဖစ္ၿပီး ခြင့္ျပဳမိန႔္ကို သက္ဆိုင္ရာအဖြဲ႕အစည္းေတြက မေပးရင္လည္း ပြဲကိုျဖစ္ေျမာက္လုပ္သြားမယ္လို႔ ပြဲက်င္းပေရးေကာ္မတီဝင္ေတြက အစည္းအေဝးမွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယင္းပြဲကို ‌ဇန္နဝါရီ ၁၉ရက္နဲ႔ ၂၀ရက္ေန႔ မွာက်င္းပဖို႔ျပဳလုပ္ထားၿပီး သပိတ္စစ္ေၾကာင္းမွာျဖစ္ပ်က္ခဲ့တဲ့ပုံရိပ္ေတြကို ျပန္ေတြ႕ႏိုင္ဖို႔ သပိတ္စစ္ေၾကာင္းတစ္ေလွ်ာက္မွတ္တမ္းတင္ထားတဲ့ ဓာတ္ပုံေတြကိုလည္း ထည့္သြင္းျပသသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #မႏၲေလး #ဒီမိုကေရစီပညာေရးသပိတ္ #(၅)ႏွစ္ျပည့္

Unicode

ဒီမိုကရေစီပညာရေးသပိတ်(၅)နှစ်ပြည့်အခမ်းအနားကို ခွင့်ပြုမိန့်မရလည်း ဖြစ်အောင်လုပ်သွားမယ်

မန္တလေး၊နိုဝင်ဘာ ၁၇-၂၀၁၉
ဟိန်းကို(VOM)

၂၀၁၅ခုနှစ်က မန္တလေးမြို့ကနေ နေပြည်တော်အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို သက်ဆိုင်ရာကအင်အားသုံးဖြိုခွဲခံရတာ (၅)နှစ်ပြည့်အနေနဲ့ မန္တလေးမြို့မှာ ကျင်းပသွားမယ်လို့ ဒီကနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့တဲ့ ဒီမိုကရေစီပညာရေးသပိတ်(၅)နှစ်ပြည့်ကျင်းပရေးကော်မတီရဲ့ အစည်းအဝေးကနေသိရပါတယ်။

(၅)နှစ်ပြည့်ပွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေစီ ခွင့်ပြုမိန့်တင်သွားမှာဖြစ်ပြီး ခွင့်ပြုမိန့်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက မပေးရင်လည်း ပွဲကိုဖြစ်မြောက်လုပ်သွားမယ်လို့ ပွဲကျင်းပရေးကော်မတီဝင်တွေက အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းပွဲကို ‌ဇန်နဝါရီ ၁၉ရက်နဲ့ ၂၀ရက်နေ့ မှာကျင်းပဖို့ပြုလုပ်ထားပြီး သပိတ်စစ်ကြောင်းမှာဖြစ်ပျက်ခဲ့တဲ့ပုံရိပ်တွေကို ပြန်တွေ့နိုင်ဖို့ သပိတ်စစ်ကြောင်းတစ်လျှောက်မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ထည့်သွင်းပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #မန္တလေး #ဒီမိုကရေစီပညာရေးသပိတ် #(၅)နှစ်ပြည့်

Related posts

Leave a Comment

VOM News

FREE
VIEW