သီရိလကၤာသမၼတေရြးေကာက္ပြဲ ကာကြယ္ေရး၀န္ၾကီးေဟာင္း ရာဂ်ာပက္ဆာ အနုိင္ရ

ကိုလံဘို၊ နုိ၀င္ဘာ-၁၇-၂၀၁၉
မ်ိဳးဆက္ (VOM)

သီရိလကၤာသမၼတေရြးေကာက္ပြဲမွာ ျပည္တြင္းအစစ္အတြင္းက ကာကြယ္ေရးဝန္ၾကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ႔သူ ဂိုတာဘာရာ ရာဂ်ာပက္ဆာ အနုိင္ရရိွသြားပါတယ္။

တရားဝင္ရလဒ္ေတြကို အတည္မျပဳရေပမယ္႔ မစၥတာရာဂ်ာပက္ဆာက သူအနိုင္ရရိွေၾကာင္း အခိုင္အမာေျပာဆိုထားျပီး ျပိဳင္ဘက္ျဖစ္သူ ဆာဂ်စ္ပရီမာဒါဆာကလည္း သူရံႈးနိမ္႔ေၾကာင္း ဝန္ခံထားတာျဖစ္ပါတယ္။

ယခုသမၼတေရြးေကာက္ပြဲသည္ ဧျပီလအတြင္းက လူမ်ားစြာေသဆံုးခဲ႔သည္႔ အၾကမ္းဖက္တိုက္ခိုက္မႈျပီးေနာက္ ပထမဆံုးအၾကိမ္ က်င္းပျခင္းျဖစ္ၿပီး တိုက္ခိုက္မႈကို အိုင္အက္စ္အဖြဲ႔နဲ႔ ဆက္ႏြယ္တဲ႔စစ္ေသြးၾကြေတြက အဆင္႔ျမင္႔ဟိုတယ္ေတြနဲ႔ အီစတာပြဲေတာ္က်င္းပရာေနရာေတြကို တိုက္ခိုက္ခဲ႔တာေၾကာင္႔ လူ ၂၅၀ ေသဆံုးခဲ့ရတာျဖစ္ပါတယ္။

မဲရလဒ္တစ္ဝက္ေရတြက္ျပီးခ်ိန္မွာ ကာကြယ္ေရးဝန္ၾကီးေဟာင္း မစၥတာရာဂ်ာပက္ဆာဟာ ေထာက္ခံမဲ ၅၀ ရာခိုင္နႈန္းနဲ႔ ျပိဳင္ဘက္မစၥတာ ဆာဂ်စ္ပရီမာဒါဆာ ကေတာ႔ ေထာက္ခံမဲ ၄၃ ရာခိုင္နႈန္းရရိွထားတယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ေနာက္ဆံုးမဲေရတြက္ျပီးခ်ိန္မွာ ၅၃ ရာခိုင္နႈန္းကေန ၅၄ ရခိုင္နႈန္းနဲ႔ အနိုင္ရလိမ္႔မယ္လို႔ ေမွ်ာ္လင္႔ေၾကာင္း မစၥတာ ရာဂ်ာပက္ဆာရဲ႕ ေျပာေရးဆိုခြင္႔ရိွသူက ေျပာဆိုထားျပီး ျပိဳင္ဘက္ျဖစ္သူကလည္း ရံႈးနိမ္႔မယ္လို႔ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုပါတယ္။

ေနာက္ဆံုးမဲရလဒ္ေတြကိုေတာ႔ နိုဝင္ဘာ ၁၇ ရက္ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီမွာ ေၾကညာဖြယ္ရိွတယ္လို႔ ေရြးေကာက္ပြဲေကာ္မရွင္တာဝန္ရိွသူေတြက ေျပာပါတယ္။

လက္ရိွက်င္းပခဲ႔တဲ႔ သမၼတေရြးေကာက္ပြဲမွာ ကိုယ္စားလွယ္ေပါင္း ၃၅ ဦးဝင္ေရာက္ယွဥ္ျပိဳင္ခဲ႔ျပီး ၂၀၀၉ ခုနွစ္မွာ အဆံုးသတ္ခဲ႔တဲ႔ ဆယ္စုနွစ္ၾကာ ျပည္တြင္းစစ္ျပီးေနာက္ တတိယအၾကိမ္က်င္းပတဲ႔ သမၼတေရြးေကာက္ပြဲလည္းျဖစ္ပါတယ္။

Ref : BBC Photo :Reuters
#voiceofmyanmar #သီရိလကၤာ #သမၼတေရြးေကာက္ပြဲ

Unicode

သီရိလင်္ကာသမ္မတရွေးကောက်ပွဲ ကာကွယ်ရေးဝန်ကြီးဟောင်း ရာဂျာပက်ဆာ အနိုင်ရ

ကိုလံဘို၊ နိုဝင်ဘာ-၁၇-၂၀၁၉
မျိုးဆက် (VOM)

သီရိလင်္ကာသမ္မတရွေးကောက်ပွဲမှာ ပြည်တွင်းအစစ်အတွင်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂိုတာဘာရာ ရာဂျာပက်ဆာ အနိုင်ရရှိသွားပါတယ်။

တရားဝင်ရလဒ်တွေကို အတည်မပြုရပေမယ့် မစ္စတာရာဂျာပက်ဆာက သူအနိုင်ရရှိကြောင်း အခိုင်အမာပြောဆိုထားပြီး ပြိုင်ဘက်ဖြစ်သူ ဆာဂျစ်ပရီမာဒါဆာကလည်း သူရှုံးနိမ့်ကြောင်း ဝန်ခံထားတာဖြစ်ပါတယ်။

ယခုသမ္မတရွေးကောက်ပွဲသည် ဧပြီလအတွင်းက လူများစွာသေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွယ်တဲ့စစ်သွေးကြွတွေက အဆင့်မြင့်ဟိုတယ်တွေနဲ့ အီစတာပွဲတော်ကျင်းပရာနေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၅၀ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မဲရလဒ်တစ်ဝက်ရေတွက်ပြီးချိန်မှာ ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာရာဂျာပက်ဆာဟာ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းနဲ့ ပြိုင်ဘက်မစ္စတာ ဆာဂျစ်ပရီမာဒါဆာ ကတော့ ထောက်ခံမဲ ၄၃ ရာခိုင်နှုန်းရရှိထားတယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံးမဲရေတွက်ပြီးချိန်မှာ ၅၃ ရာခိုင်နှုန်းကနေ ၅၄ ရခိုင်နှုန်းနဲ့ အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ရာဂျာပက်ဆာရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပြီး ပြိုင်ဘက်ဖြစ်သူကလည်း ရှုံးနိမ့်မယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုပါတယ်။

နောက်ဆုံးမဲရလဒ်တွေကိုတော့ နိုဝင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ကြေညာဖွယ်ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ပေါင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဆယ်စုနှစ်ကြာ ပြည်တွင်းစစ်ပြီးနောက် တတိယအကြိမ်ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲလည်းဖြစ်ပါတယ်။

Ref : BBC Photo :Reuters
#voiceofmyanmar #သီရိလင်္ကာ #သမ္မတရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW