ေတာင္/ေျမာက္နဝင္းဆည္ ေရဝင္နည္းလို႔ ေႏြစပါးစိုက္ပ်ိဳးေရမေပးႏိုင္

ေတာင္/ေျမာက္နဝင္းဆည္ ေရဝင္နည္းလို႔ ေႏြစပါးစိုက္ပ်ိဳးေရမေပးႏိုင္

 

ျပည္-ႏိုဝင္ဘာ-၁၇-၂၀၁၉

 

ဂ်န္ကိုးလ္(VOM)

 

ပဲခူးတိုင္း၊ ျပည္ၿမိဳ႕၊ ေတာင္နဝင္းဆည္ဟာ၂၀၁၉ မိုးရာသီမွာ မိုုးနည္းလိုု႕ ေရဝင္ေရာက္မႈ႕နည္းပါးတဲ႕အတြက္ ေႏြစပါးစိုက္ေတာင္သူေတြဖိုု႕ ေရေပးမႈ႕ေလ်ာ့ခ်ေနရေၾကာင္း ျပည္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက သိရပါတယ္။

 

 

ျပည္ၿမိဳ႕နယ္အတြင္းေႏြစပါးစိုက္ဧက၁၆၀၀၀ေက်ာ္ရွိရာဧက၉၀၀၀ေက်ာ္အတြက္သာေရးေပးႏိုင္ေတာ့မွာျဖစ္ၿပီးဧကေပါင္း၆၅၀၀ေက်ာ္အတြက္ေရမေပးႏိုင္ေတာ့ဘူးလို႔သိရပါတယ္။

 

“ဒီႏွစ္ကေတာ့ေတာင္န၀င္းဆည္ကလုံး၀ေရမရႏိုင္တဲ့အပိုင္းေတြရွိသလိုျပည္ၿမိဳ႕မွာရွိတဲ့ေျမာက္န၀င္းဆည္ကလည္းမႏွစ္ကေရအမွတ္ကိုမျပည့္ဘူးမျပည့္တဲ့အတြက္ေရေပးေဝႏိုင္မႈမွာလည္းေလ်ာ့မွာျဖစ္ပါတယ္”တယ္လို႔ျပည္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးျမတ္ေက်ာ္ကေျပာပါတယ္။

 

 

ေတာင္သူေတြကေတာ့စပါးစိုက္ဘို႔ေရမရရင္မတ္ပဲစိုက္ဖိုု႕ အားသန္ေနၾကၿပီး စိုက္ပ်ိဳးေရး႒ာနအေနနဲ႔လည္း အကူေပးသြားမယ္လို႔ ျပည္ၿမိဳ႕နယ္စိုက္ပ်ိဳးေရးဦးစီး႒ာနၿမိဳ႕နယ္မန္ေနဂ်ာဦးေအာင္ဆန္း၀င္းက

 

“ေႏြစပါးကိုမစိုက္ပ်ိဳးႏိုင္တဲ့ေရနည္းတဲ့ဧကေတြအတြက္ေႏြႏွမ္းတို႔မတ္ပဲကုလားပဲသီးႏွံေတြကိုေျပာင္းလဲစိုက္ပ်ိဳးႏိုင္ေအာင္ေက်း႐ြာေတြအေရာက္ပညာေပးတာေတြလုပ္သြားမယ္”လိုု႕ ဆိုုပါတယ္။

 

ျပည္ၿမိဳ႕နယ္မွာအရင္ႏွစ္ကမိုးေရခ်ိန္၅၈လက္မထိရရွိခဲ့ေသာ္လည္းဒီႏွစ္မွာမိုးေရခ်ိန္၃၆လက္မ သာရရွိခဲ့လို႔ ဆည္ေရသိုေလွာင္မႈမွာလည္းေလ်ာ့နည္းခဲ့ရေၾကာင္းသိရွိရပါတယ္။

 

#voiceofmyanmar  #ပဲခူးတုုိင္း  #ျပည္ျမိဳ႕နယ္ #ေျမာက္နဝင္းဆည္

Unicode

 

တောင်/မြောက်နဝင်းဆည် ရေဝင်နည်းလို့ နွေစပါးစိုက်ပျိုးရေမပေးနိုင်

ပြည်-နိုဝင်ဘာ-၁၇-၂၀၁၉

ဂျန်ကိုးလ်(VOM)

ပဲခူးတိုင်း၊ ပြည်မြို့၊ တောင်နဝင်းဆည်ဟာ၂၀၁၉ မိုးရာသီမှာ မိုးနည်းလို့ ရေဝင်ရောက်မှု့နည်းပါးတဲ့အတွက် နွေစပါးစိုက်တောင်သူတွေဖို့ ရေပေးမှု့လျော့ချနေရကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။

ပြည်မြို့နယ်အတွင်း နွေစပါးစိုက်ဧက၁၆၀၀၀ ကျော်ရှိရာ ဧက ၉၀၀၀ ကျော်အတွက်သာ ရေးပေးနိုင်တော့မှာဖြစ်ပြီး ဧကပေါင်း ၆၅၀၀ ကျော်အတွက် ရေမပေးနိုင်တော့ဘူးလို့သိရပါတယ်။

“ဒီနှစ်ကတော့ တောင်နဝင်းဆည်က လုံး၀ ရေမရနိုင်တဲ့ အပိုင်းတွေရှိသလို ပြည်မြို့မှာ ရှိတဲ့ မြောက်နဝင်းဆည်ကလည်း မနှစ်ကရေအမှတ်ကို မပြည့်ဘူး မပြည့်တဲ့အတွက် ရေပေးဝေနိုင်မှုမှာလည်း လျော့မှာဖြစ်ပါတယ်”တယ် လို့ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်ကပြောပါတယ်။

တောင်သူတွေကတော့စပါးစိုက်ဘို့ရေမရရင်မတ်ပဲစိုက်ဖို့ အားသန်နေကြပြီး စိုက်ပျိုးရေးဋ္ဌာနအနေနဲ့လည်း အကူပေးသွားမယ်လို့ ပြည်မြို့နယ် စိုက်ပျိုးရေး ဦးစီးဋ္ဌာန မြို့နယ် မန်နေဂျာ ဦးအောင်ဆန်းဝင်းက

“နွေစပါးကို မစိုက်ပျိုးနိုင်တဲ့ ရေနည်းတဲ့ ဧကတွေအတွက် နွေနှမ်းတို့ မတ်ပဲ ကုလားပဲ သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးနိုင်အောင် ကျေးရွာတွေအရောက် ပညာပေးတာတွေ လုပ်သွားမယ်”လို့ ဆိုပါတယ်။

ပြည်မြို့နယ်မှာ အရင်နှစ်က မိုးရေချိန် ၅၈ လက်မထိ ရရှိခဲ့သော်လည်း ဒီနှစ်မှာ မိုးရေချိန် ၃၆ လက်မ သာရရှိခဲ့လို့ ဆည်ရေသိုလှောင်မှုမှာလည်း လျော့နည်းခဲ့ရကြောင်းသိရှိရပါတယ်။

#voiceofmyanmar #ပဲခူးတိုင်း #ပြည်မြို့နယ် #မြောက်နဝင်းဆည်

Related posts

Leave a Comment

VOM News

FREE
VIEW