ျမစ္ၾကီးနားစီးပြားေရးဇုုန္ထဲက က်ဴးေက်ာ္စိုုက္ပ်ိဳးေျမေတြကိုု သိမ္းမယ္

ျမစ္ၾကီးနားစီးပြားေရးဇုုန္ထဲက က်ဴးေက်ာ္စိုုက္ပ်ိဳးေျမေတြကိုု သိမ္းမယ္

ျမစ္ၾကီးနား-နိုုဝင္ဘာ ၁၇-၂၀၁၉
ရန္ေအာင္ထြန္း(VOM)

ျမစ္ႀကီးနားစီးပြားေရးဇုန္အတြင္းက က်ဴးေက်ာ္စိုက္ပ်ိဳးေျမေတြကို သိမ္းယူေဆာက္႐ြက္မည္
ျမစ္ႀကီးနားစီးပြားေရးဇုံ(နန္က်င္စီးပြားေရးဇုံ) စီမံကိန္း ဧရိယာထဲက ေျမ ၁၈၈၆ ဧက အတြက္ သီးႏွံေလ်ာ္ေၾကးေပးရန္သာက်န္ရွိၿပီး က်ဴးေက်ာ္စိုက္ပ်ိဳးေျမမ်ားကို သိမ္းယူသြားမယ္လို႔ ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ စီမံဘ႑ာ၀န္ႀကီးက ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ ဒုတိယသမၼတကို ႏို၀င္ဘာ ၁၅ ရက္ ညေနပိုင္းက တင္ျပခဲ့ပါတယ္။

အဲ့ဒီစီမံကိန္းဧရိယာေျမဧက ၄၇၀၀ ထဲက အမွန္တကယ္ စိုက္ပ်ိဳးျခင္းမရွိလုိ႔ သိမ္းယူရမယ့္ေျမ ဧက ၇၀ ေက်ာ္ ၈၀ ေလာက္ရွိၿပီး ေဒသအာဏာပိုင္ ခြင့္ျပဳထားတဲ့ စိုက္ဧကနဲ႔ က်ဴးေက်ာ္စိုက္ပ်ိဳးဧကေတြရဲ႕ သီးႏွံေလွ်ာ္ေၾကး ေပးၿပီးပါက စီမံကိန္းေဆာင္႐ြက္ဖို႔ မူေဘာင္အဆင္သင့္ ရွိၿပီးသားျဖစ္လို႔ ၈၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီလို႔ စီမံဘ႑ာ၀န္ႀကီး ဦးေဝလင္းက ေျပာပါတယ္။

ကခ်င္ျပည္နယ္ စီမံ/ဘ႑ာ ၀န္ႀကီးရဲ႕ တင္ျပခ်က္အရ တရားဝင္စိုက္ပ်ိဳးခြင့္ျပဳထားတာ ၃၅၅၀ ဧကရွိၿပီး ပယ္ဖ်က္ထားတဲ့ေျမက ၁၁၅၀ ဧက ရွိတယ္လို႔ သိရပါတယ္။ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူကေတာ့ ေျမယာကိစၥ အဆင္ေျပေျပရွင္းလင္းၿပီးမွ ေဆာင္႐ြက္ၾကဖို႔ ၫႊန္ၾကားခဲ့ပါတယ္။

အဲ့ဒီစီးပြားေရးဇုံ အတြင္းက ေျမယာေလွ်ာ္ေၾကးကိစၥမွာ ျပည္နယ္အစိုးရဘက္က ေတာင္သူေတြနဲ႔ တစ္ႀကိမ္တစ္ခါမွ ေတြ႕ဆုံေဆာင္႐ြက္ခဲ့တာ မရွိဘဲ ေျမယာေလ်ာ္ေၾကး ေပးစရာမလိုဘူးဆိုတာကေတာ့ ေျမသိမ္းဥပေဒကို မေလးစာရာက်တယ္လို႔ ေဒသခံေတာင္သူေတြရဲ႕ ေျမယာအေရးကို ေဆာင္႐ြက္ေပး ေနတဲ့ ေရွ႕ေနဦးဂဲနက္ကေျပာပါတယ္။

ကခ်င္ျပည္နယ္ စီမံ/ဘ႑ာ၀န္ႀကီးကေတာ့ (၂၀၂၀) ဇန္နဝါရီလကုန္ကေန ေဖေဖာ္ဝါရီလ အတြင္း အၿပီးသတ္ ေဆာင္႐ြက္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ ေျပာပါတယ္။ ျမစ္ႀကီးနားစီးပြားေရးဇုံစီမံကိန္းကို ၂၀၁၇ ခုႏွစ္မွာ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕က စတင္ေဆာင္႐ြက္ ခဲ့တာပါ။ ျမစ္ႀကီးနားၿမိဳ႕ရဲ႕ အေနာက္ေျမာက္ ဘက္ ၈ မိုင္အကြာ လီဒိုလမ္းမႀကီးအနီး နန္က်င္ေက်း႐ြာ အုပ္စုမွာ တည္ရွိၿပီး စီမံကိန္းအတြက္ လ်ာထား ေျမစုစုေပါင္း ၄၇၀၀ ဧကရွိပါတယ္။

#voiceofmyanmar #ျမစ္ၾကီးနား #စီးပြားေရးဇုုန္

Unicode

မြစ်ကြီးနားစီးပွားရေးဇုန်ထဲက ကျူးကျော်စိုက်ပျိုးမြေတွေကို သိမ်းမယ်

မြစ်ကြီးနား-နိုဝင်ဘာ ၁၇-၂၀၁၉
ရန်အောင်ထွန်း(VOM)

မြစ်ကြီးနားစီးပွားရေးဇုန်အတွင်းက ကျူးကျော်စိုက်ပျိုးမြေတွေကို သိမ်းယူဆောက်ရွက်မည်
မြစ်ကြီးနားစီးပွားရေးဇုံ(နန်ကျင်စီးပွားရေးဇုံ) စီမံကိန်း ဧရိယာထဲက မြေ ၁၈၈၆ ဧက အတွက် သီးနှံလျော်ကြေးပေးရန်သာကျန်ရှိပြီး ကျူးကျော်စိုက်ပျိုးမြေများကို သိမ်းယူသွားမယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတကို နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက တင်ပြခဲ့ပါတယ်။

အဲ့ဒီစီမံကိန်းဧရိယာမြေဧက ၄၇၀၀ ထဲက အမှန်တကယ် စိုက်ပျိုးခြင်းမရှိလို့ သိမ်းယူရမယ့်မြေ ဧက ၇၀ ကျော် ၈၀ လောက်ရှိပြီး ဒေသအာဏာပိုင် ခွင့်ပြုထားတဲ့ စိုက်ဧကနဲ့ ကျူးကျော်စိုက်ပျိုးဧကတွေရဲ့ သီးနှံလျှော်ကြေး ပေးပြီးပါက စီမံကိန်းဆောင်ရွက်ဖို့ မူဘောင်အဆင်သင့် ရှိပြီးသားဖြစ်လို့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ စီမံဘဏ္ဍာဝန်ကြီး ဦးဝေလင်းက ပြောပါတယ်။

ကချင်ပြည်နယ် စီမံ/ဘဏ္ဍာ ဝန်ကြီးရဲ့ တင်ပြချက်အရ တရားဝင်စိုက်ပျိုးခွင့်ပြုထားတာ ၃၅၅၀ ဧကရှိပြီး ပယ်ဖျက်ထားတဲ့မြေက ၁၁၅၀ ဧက ရှိတယ်လို့ သိရပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ မြေယာကိစ္စ အဆင်ပြေပြေရှင်းလင်းပြီးမှ ဆောင်ရွက်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲ့ဒီစီးပွားရေးဇုံ အတွင်းက မြေယာလျှော်ကြေးကိစ္စမှာ ပြည်နယ်အစိုးရဘက်က တောင်သူတွေနဲ့ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဆောင်ရွက်ခဲ့တာ မရှိဘဲ မြေယာလျော်ကြေး ပေးစရာမလိုဘူးဆိုတာကတော့ မြေသိမ်းဥပဒေကို မလေးစာရာကျတယ်လို့ ဒေသခံတောင်သူတွေရဲ့ မြေယာအရေးကို ဆောင်ရွက်ပေး နေတဲ့ ရှေ့နေဦးဂဲနက်ကပြောပါတယ်။

ကချင်ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီးကတော့ (၂၀၂၀) ဇန်နဝါရီလကုန်ကနေ ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။ မြစ်ကြီးနားစီးပွားရေးဇုံစီမံကိန်းကို ၂၀၁၇ ခုနှစ်မှာ ကချင်ပြည်နယ်အစိုးရအဖွဲ့က စတင်ဆောင်ရွက် ခဲ့တာပါ။ မြစ်ကြီးနားမြို့ရဲ့ အနောက်မြောက် ဘက် ၈ မိုင်အကွာ လီဒိုလမ်းမကြီးအနီး နန်ကျင်ကျေးရွာ အုပ်စုမှာ တည်ရှိပြီး စီမံကိန်းအတွက် လျာထား မြေစုစုပေါင်း ၄၇၀၀ ဧကရှိပါတယ်။

#voiceofmyanmar #မြစ်ကြီးနား #စီးပွားရေးဇုန်

Related posts

Leave a Comment

VOM News

FREE
VIEW