အစၥေရး၀န္ၾကီးခ်ဳပ္ ေနတန္ယာဟုကို လာဘ္ေပးလာဘ္ယူမႈနဲ႔ စြဲခ်က္တင္

ေဂ်ရုဆလင္၊ နို၀င္ဘာ-၂၂-၂၀၁၉
မ်ိဳးဆက္ (VOM)

အစၥေရး ဝန္ၾကီးခ်ဳပ္ဘင္ဂ်မင္ေနတန္ယာဟုဟာ လာဘ္ေပးလာဘ္ယူမႈ၊ လိမ္လည္မႈ ၊ ယံုၾကည္မႈကို အလြဲသံုးစားျပဳတယ္ဆိုတာေတြနဲ႔ ဆက္ႏြယ္တဲ႔ ကိစၥသံုးခုေၾကာင္႔ စြဲခ်က္တင္ခံလိုက္ရပါတယ္။

ဒီလိုစြဲခ်က္တင္တာခံရေပမယ္႔ ရာထူးေနရာမွဆက္ျပီးတာ၀န္ထမ္းေဆာင္သြားမွာျဖစ္တယ္လို႔ သူက ကတိျပဳေျပာဆိုလိုက္ပါတယ္။ သူ႔အေပၚ ဒီလိုစြဲခ်က္တင္တာဟာ အာဏာသိမ္းဖို႔ ၾကိဳးပမ္းမႈတစ္ခုျဖစ္တယ္လို႔ ျပစ္တင္ရႈတ္ခ်လိုက္ပါတယ္။

ဝန္ၾကီးခ်ဳပ္ေနတန္ဟာဟုဟာ ခ်မ္းသာတဲ႔ စီးပြားေရးသမားတစ္ဦးဆီကေန ေဒၚလာ နွစ္သိန္းေျခာက္ေသာင္းေက်ာ္တန္ဖိုးရိွတဲ႔ လက္ေဆာင္ပစၥည္းေတြ၊ တန္ဖိုးၾကီးရွန္ပိန္ေတြ ေဆးျပင္းလိ္ပ္ေတြကို လက္ခံရယူခဲ႔တယ္လို႔ စြပ္စြဲခံထားရပါတယ္။

ဒါ႔အျပင္ အစၥေရးနိုင္ငံရဲ႕ အေရာင္းရဆံုးသတင္းစာမွာ သူ႔အေၾကာင္းေတြကို မ်က္နွာသာေပးေဖာ္ျပဖို႔အတြက္ လုပ္ေဆာင္ခဲ႔သလို နိုင္ငံအတြင္းက ဆက္သြယ္ေရးကုမၸဏိီတစ္ခုနဲ႔ ပက္သက္ျပီး မေလ်ာ္မကန္ျပဳတာေတြရိွတယ္လို႔ စြဲခ်က္တင္ခံထားရပါတယ္။

သူ႔အေနနဲ႔ ရာထူးကေနနႈတ္ထြက္မွာမဟုတ္ေၾကာင္းနဲ႔ ဒီလိုနႈတ္ထြက္ခိုင္းမယ္ဆိုရင္ ဒါဟာတရား မဝင္အဓမၼေစခိုင္းမႈသာျဖစ္လိမ္႔မယ္လို႔ ေနတန္ယာဟုက အခိုင္အမာေျပာဆိုပါတယ္။

စြဲခ်က္တင္တဲ႔ လုပ္ငန္းစဥ္မွာ စံုစမ္းစစ္ေဆးသူေတြဟာ အမွန္တရားကိုမလိုက္ပဲ မိမိကိုသာလိုက္လံစံုစမ္းေနျပီး သက္ေသေတြကို အၾကပ္ကိုင္ေနတယ္လို႔ ရုပ္ျမင္သံၾကားမိန္႔ခြန္းမွာ ေနတန္ယာဟုက ေျပာဆိုပါတယ္။

Ref : BBC Photo : AFP
#voiceofmyanmar #ေဂ်ရုစလင္ #အစၥေရးဝန္ႀကီးခ်ဳပ္ #စြဲခ်က္တင္

Unicode

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်

ဂျေရုဆလင်၊ နိုဝင်ဘာ-၂၂-၂၀၁၉
မျိုးဆက် (VOM)

အစ္စရေး ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုဟာ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု ၊ ယုံကြည်မှုကို အလွဲသုံးစားပြုတယ်ဆိုတာတွေနဲ့ ဆက်နွယ်တဲ့ ကိစ္စသုံးခုကြောင့် စွဲချက်တင်ခံလိုက်ရပါတယ်။

ဒီလိုစွဲချက်တင်တာခံရပေမယ့် ရာထူးနေရာမှဆက်ပြီးတာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သူက ကတိပြုပြောဆိုလိုက်ပါတယ်။ သူ့အပေါ် ဒီလိုစွဲချက်တင်တာဟာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတစ်ခုဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ဝန်ကြီးချုပ်နေတန်ဟာဟုဟာ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦးဆီကနေ ဒေါ်လာ နှစ်သိန်းခြောက်သောင်းကျော်တန်ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်းတွေ၊ တန်ဖိုးကြီးရှန်ပိန်တွေ ဆေးပြင်းလိပ်တွေကို လက်ခံရယူခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါ့အပြင် အစ္စရေးနိုင်ငံရဲ့ အရောင်းရဆုံးသတင်းစာမှာ သူ့အကြောင်းတွေကို မျက်နှာသာပေးဖော်ပြဖို့အတွက် လုပ်ဆောင်ခဲ့သလို နိုင်ငံအတွင်းက ဆက်သွယ်ရေးကုမ္ပဏီတစ်ခုနဲ့ ပက်သက်ပြီး မလျော်မကန်ပြုတာတွေရှိတယ်လို့ စွဲချက်တင်ခံထားရပါတယ်။

သူ့အနေနဲ့ ရာထူးကနေနှုတ်ထွက်မှာမဟုတ်ကြောင်းနဲ့ ဒီလိုနှုတ်ထွက်ခိုင်းမယ်ဆိုရင် ဒါဟာတရား မဝင်အဓမ္မစေခိုင်းမှုသာဖြစ်လိမ့်မယ်လို့ နေတန်ယာဟုက အခိုင်အမာပြောဆိုပါတယ်။

စွဲချက်တင်တဲ့ လုပ်ငန်းစဉ်မှာ စုံစမ်းစစ်ဆေးသူတွေဟာ အမှန်တရားကိုမလိုက်ပဲ မိမိကိုသာလိုက်လံစုံစမ်းနေပြီး သက်သေတွေကို အကြပ်ကိုင်နေတယ်လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ နေတန်ယာဟုက ပြောဆိုပါတယ်။

Ref : BBC Photo : AFP
#voiceofmyanmar #ဂျေရုစလင် #အစ္စရေးဝန်ကြီးချုပ် #စွဲချက်တင်

Related posts

Leave a Comment

VOM News

FREE
VIEW